ဒီတစ်ခါမှာလည်း ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ချီးကျုးထောပနာပြုမှုတွေကို ပတ်သိမ်းနိုင်ခဲ့ပြီး Lesbians love ကို အလှပဆုံးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ရွန်နစ်ဆိုတဲ့နယူးယော့ခ်ကဓာတ်ပုံဆရာမလေးတစ်ယောက်ဖခင်ဖြစ်သူသေဆုံးသွားတယ်ဆိုတဲ့အကြောင်းကိုကြားလိုက်ရချိန်မှာတော့
ဂျူးဘာသာဝင်မိန်းကလေးဖြစ်သူရွန်နစ် မွေးရပ်မြေကိုပြန်လာချိန်မှာတော့ အရာအားလုံးကပြောင်းလဲသွားပါတယ်
ချစ်ရတဲ့သူငယ်ချင်းနှစ်ယောက်လက်ထပ်သွားတယ်ဆိုတဲ့သတင်းလေးကိုတောင်အသိပေးမခံခဲ့ရတဲ့သူမ
အိမ်ပြေးလေးဘဝနဲ့ထွက်ပြေးလာရင်ဖခင်ရဲ့နောက်ဆုံးအချိန်လေးတောင်မမှီခဲ့တဲ့သူတစ်ယောက်
ချစ်ရတဲ့သူငယ်ချင်းမလေးအက်စတီနဲ့သူနဲ့ကြားကဆက်ဆံရေးလေးတစ်ချို့ ဒါတွေကိုရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်
မိန်းမသားနှစ်ယောက်ရဲ့ချစ်ခင်စွဲလမ်းမှုအကြောင်းကိုရိုက်ကူးထားပေမယ့် ဘာသာရေးနဲ့ပိုင်းခြားခံလိုက်ရတဲ့အချစ်တစ်ခု
ဇာတ်လမ်းအကြောင်းအရာကတော့ သိပ်မရှိပေမယ့်ရိုက်ကူးပုံဖော်ထားတဲ့ပုံစံလေးကတော့တကယ့်ဆွေးစရာလေးပါ
တစ်ခါတလေမှာ ချစ်နေရသူဖြစ်နေပေမယ့်လဲ အစဉ်အလာကိုမပယ်ဖျက်နိုင်တဲ့အချိန်မှာရင်ကွဲခံစားရတာကိုခံစားစေရမှာပါ
Credit – Review