M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Inside Out (2015)
Report error

Inside Out (2015)

Inside Out    

PG 95 min Animation

8.2
IMDB: 8.2/10 521,521 votes

, , , ,

, , , , , , , , ,

Won 1 Oscar. Another 93 wins & 112 nominations.

USA

1743

Report error



ဇာတ်လမ်းကို11 နှစ်အရွယ် Riley ဆိုသော မိန်းကလေးတစ်ယောက်ရဲ့ ပြင်ပ ဘဝနဲ့ သူမရဲ့ စိတ်ထဲမှာ ရှိတဲ့ ခံစားချက်ကလေးတွေကို ဇာတ်အိမ်တည်ထားပါတယ်။ ငယ်ငယ်တုန်းက ပျော်ခဲ့တာတွေ ချစ်သော ဖေဖေ မေမေ ဆိုသော မိသားစုနဲ့ အတူ ကြည်နူးခဲ့တာတွေ အချစ်ဆုံး သူငယ်ချင်းတွေရှိခဲ့တာတွေ Hockey ရိုက်သော ဝါသနာတွေ ထိုထိုသော အရာတွေအကုန်လုံးသည် သူမရဲ့ ဖခင်ဖြစ်သူ အလုပ်အကိုင်ကြောင့် Minnesota မှသည် San Francisco သို့ သူတို့မိသားစု အိမ် ပြောင်းသွားကြတဲ့အခါ အရင်က Riley သည် စိတ်အတွင်းရှိ ခံစားချက်တွေ ပြောင်းလဲလာလေတော့သည်။
သူမနှင့်အတူ လူသားအားလုံးရဲ့ စိတ်ထဲတွင် ခံစားချက် 5 မျိုးဖြစ်သော Joy, Sadness, Fear, Anger နဲ့ Disgust တို့ဖြင့် ဖွဲ့ စည်းထားပြီး ထို 5 မျိုးသော ခံစားချက်များသည် လူသားများရဲ့ စိတ်အတွင်းရှိ ပင်မ ဗဟိုဌာနတွင် နေထိုင်ရင်း သက်ဆိုင်ရာ ခံစားချက်များ သက်ဆိုင်ရာ မှတ်ဉာဏ်များနှင့် သက်ဆိုင်ရာ အပြုအမူတွေကို ထိန်းချုပ်ကြပါတယ်။ Joy က ထို 5 ယောက်ရဲ့ အနက် ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သလို Riley ရဲ့ ပျော်ရွှင်ခြင်းဆိုသော ခံစားချက်ကို ဖြစ်ပေါ်လာအောင် စွမ်းဆောင်ရတဲ့သူလည်း ဖြစ်တယ်။ Sadness ကတော့ နာမည်ကြားရုံနဲ့ သိကြတဲ့အတိုင်း လူတိုင်းမလိုချင်ကြတဲ့ အရာတစ်ခု။ နောက်တစ်ယောက် ဖြစ်တဲ့ င်္Fear ဆိုတာကတော့ Riley ကို အန္တရယ်တွေမှ တစ်ဆင့် ကင်းဝေးစေတဲ့ စိုးရိမ် ပူပန် ကြောက်တတ်တဲ့ စိတ်ကလေးပေါ့။ Anger ဆိုတာကတော့ Riley စိတ်ရဲ့ အဓိကကြတဲ့အရာတစ်ခု။ တရားမမျှတတာတွေကို ရင်ဆိုင်လာရတဲ့အခါပဲဖြစ်ဖြစ် စိတ်အလိုမကျတဲ့ အခါပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတတ်တဲ့ ခံစားမှူတစ်ခု။ နောက်ဆုံး တစ်ယောက်ဖြစ်တဲ့ Disgust ကတော့ Riley အနေနဲ့ သူမနဲ့ ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် အစားအစာပဲဖြစ်ဖြစ် အဆင်မပြေတဲ့အခါ ထိုအရာတွေနဲ့ ဝေးကွာစေအောင် ပြုမူဆောင်ရွက်ပေးတဲ့ ခံစားချက်ပဲ။
တစ်နေ့ တော့ sadness ဝမ်းနည်းခြင်းရဲ့လုပ်ဆောင်မှုတွေကြောင့် ကလေးမလေးရဲ့အတွင်းစိတ်ထဲမှာ
ဗြောင်းတိဗြောင်းဆန်ဖြစ်ပြီး သူငယ်ချင်းတွေ မိသားစုတွေနဲ့ ပါ အဆင်မပြေတာတွေဖြစ်လာပြီး
ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုတော့ မိတ်ဆွေများကိုယ်တိုင်ခံစားကြည့်ရှုလိုက်ကြပါခင်ဗျာ
ဒီဇာတ်ကားလေးကို အထူးနှစ်သက်မိတဲ့ အကြောင်းအရာလေးကတော့ Idea လေးဆန်းသစ်နေပြီး ထို Idea အသစ်ကို ပရိသတ်ကို ချပြတဲ့အခါ ပိုင်နိုင်ကျွမ်းကျင်မှုဆိုတဲ့ Smart ဖြစ်တဲ့ ဇာတ်လမ်း Smart ဖြစ်တဲ့ တင်ဆက်မှူပဲဖြစ်ပါတယ်။
IMBD 8.4
ဇာတ်လမ်းအညွှန်းကို Movies-we watch,we feel ပေ့ကနေ မှီငြမ်းပြီးတင်ဆက်ထားခြင်းဖြစ်ပါတယ်

Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
Inside Out (2015)
No downloads available

Related movies