တစ္ဆေသရဲနဲ့ပတ်သက်တဲ့ ဟောလိဝု ရဲ့ ဇာတ်ကားတွေအားလုံးကြားမှာ ဒီကားက တမူထူးခြားစွာ လူတွေ ဂရုစိုက်ခံရတဲ့ ကားဖြစ်ပါတယ်။
တကယ်ဖြစ်ပျက်နေတာကို မှတ်တမ်းတင်တဲ့ပုံစံနဲ့ရိုက်ထားတာမို့ သည်းထိတ်ရင်ဖိုရသကို ထိရောက်အောင်ပေးနိုင်ပြီး ပရိသပ်ကိုမြောပါသွားအောင် ဆွဲဆောင်နိုင်ပါတယ်။ ကြောက်တတ်သူဆို ကြက်သီးပါ ထသွားနိုင်တဲ့အခန်းမျိုးတွေပါ ပါပါတယ်။
ဇာတ်လမ်းကတော့ မကောင်းဆိုးဝါးတွေ ရဲ့ ဒုက္ခပေးခြောက်လှန့်ခံရတဲ့ မိသားစု တစ်ခု အကြောင်းပါ။ သူတို့ပြဿနာကို ၀ိညာဉ်ထုတ်တဲ့ လင်မယား၂ယောက်ကို အကူညီတောင်းလိုက်ကြသည်။ ထိုလင်မယား ၂ယောက်ဟာ သိပ္ပံ ကိရိယာတွေ ကျမ်းစာအုပ်တွေ နဲ့ မကောင်းဆိုးဝါးကိုနှိမ်နှင်းကြသူများဖြစ်သည်။ လင်မယား၂ယောက်တွင် မိန်းမဖြစ်သူက မကောင်းဆိုးဝါးတွေကို မြင်နိုင်သည်။
အိမ်ရှင်မိသားစု နဲ့ ၀ိညာဉ်ထုတ်သူလင်မယားဟာ အိမ်ကြီးထဲက မကောင်းဆိုးဝါးတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို အသဲတထိတ်ထိတ်နဲ့ ကြည့်ရမဲ့ တစ္ဆေကားတစ်ကားဖြစ်ပါတယ်။
Review Credit