ချိုင်းနားတောင်း ဂါရီဘွန်ရပ်ကွက် !
ဒီရပ်ကွက်ဟာ တရုတ်-ကိုရီးယား ကပြားတွေ စုပေါင်းနေထိုင်တဲ့နေရာလေးတစ်ခု… ဒီရပ်ကွက်မှာ ကပြားဂိုဏ်းစတားတွေက ကိုယ်စီကိုယ်စီ ဂိုဏ်းတွေထူထောင်ပြီး သူ့အပိုင်နဲ့ သူ အုပ်ချုပ်ကြတယ်…သူတစ်လူ ငါတစ်မင်းဆိုပါတော့…
ဒါပေမဲ့ လက်သံပြောင်တဲ့ စုံထောက်မားကိုတော့ သူတို့အကုန်လုံး ကြောက်ကြရတယ်…
တစ်နေ့မှာတော့ တရုတ်ကနေ ခိုးဝင်လာတဲ့ ဆရာသမားတွေရောက်လာတယ်… လာတာက ဆရာရယ် တပည့်နှစ်ယောက်ရယ် …
ဆရာနာမည်က ဂျန်ချန်း တဲ့ !
သွေးအေးတယ်… ရက်စက်တယ်… ပိုက်ဆံရဖို့အတွက်ဆိုရင် လက်မရွံ့ဘူး… သူ့တပည့် ၂ ယောက်ကလည်း သူ့ဆရာအတိုင်းပဲ … ဒီကောင်တွေ ၃ ကောင်က ဂါရီဘွန်ရပ်ကွက်လေးထဲ ရောက်လာတယ်… အဲ့ဒီမှာ ဆရာကောင်တွေကို ရှော့ပြီး သူတို့တွေရဲ့ နေရာကို ဂျန်ချန်းတို့ ဆရာတပည့်(၃)ယောက်က အပိုင်စီးလိုက်တယ်… ဒီရပ်ကွက်မှာ ရောင်းသမျှ ဈေးသည်တိုင်းက သူ့ကို အခွန်ပေးရတယ်… နောက်ပိုင်း ဂျန်ချန်းက တပည့်တွေမွေးပြီး သူ့တပည့်တွေကို လတိုင်း ဆက်ကြေးလိုက်ကောက်ခိုင်းတယ်…
ဆိုတော့ကာ အဲ့ဒီမှာ ဂျန်ချန်း နဲ့ စုံထောက်မား တို့ ငြိကြပြီလေ…
ခိုးဝင်လာတဲ့ကောင်တွေက သူ့နယ်ထဲမှာ သူ့နားရွက်ကို တံတွေးလာဆွတ်တာ… လွှတ်ထားပေးရင် မားဆူဒူး(စုံထောက်မား)ရဲ့ ရာဇဝင်ရိုင်းသွားမှာပေါ့..
စုံထောက်မား နဲ့ ဂျန်ချန်းနဲ့ ဘယ်လိုတွေ ထပ်တိုက်တွေ့ကြမလဲ… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်ကြပါ …နောက်ပိုင်းဇာတ်ဝင်ခန်းတွေကိုက ကြည့်ရတာ အသည်းတထိတ်ထိတ် ရင်တဖိုဖို (အယ်လယ် ? အဲ့သလိုကို ညွှန်းပလိုက်တာ ?)
Credit – Review