ဒီ ရုပ်ရှင်လေး အကြောင်း မပြောမှီ ကျနော်တို့ ဆယ်ကျော်သက်တွေကစားလေ့ ရှိတဲ့ ဂိမ်းတွေ အကြောင်းအရင် ပြောရမယ်ဆိုရင်ဖဲရိုက်မယ် ၊ မိုနိုပိုလီဆော့မယ် ၊ ဒိုးဇက်ဆော့မယ် ၊ ဒီလောက်တွေပဲ ဆော့ဖြစ်မယ်ထင်တယ်
ဒါပေမယ့် ဒီ ရုပ်ရှင်ထဲက လူတွေကတော့ သူတို့ အားလပ်ချိန်တွေကို ဂိမ်းအသစ်အဆန်းတွေနဲ့ဆော့ပြီး ပျော်ရွှင်စွာ အချိန်ဖြုန်းလေ့ ရှိပါတယ် ကိုယ်မသိသေးတဲ့ ဂိမ်းကစားနည်းတွေပါအတော်များများ သိလိုက်ရပါတယ်…
ရုပ်ရှင်ကား အစမှာ ပေါတောတော ဖြစ်မယ်လို့ ထင်ထားမိပြီး သရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက် နဲ့ ဟာသ ဒိုင်ယာလော့ခ် တွေက ကောင်းလွန်းတော့လုံးဝ ကို ဇတ်လမ်း အဆုံးထိ စွဲဆောင်သွားခဲ့ပါတယ်…
February 22, 2018 မှာ ရုံစတင်ခဲ့ပြီး Budget ကို37 million USD လောက်သုံးခဲ့ပြီးBox office မှာ $108.5 million ထိ ပြန်ဝင်ခဲ့ပါတယ်…IMDb မှာ 7.2 လောက်ရထားပြီး rottentomatoes မှာတော့ 82% လောက်ထိ
အမှတ်ရထားပါတယ်ဇတ်ကားအမျိုးအစားကတော့ အဓိက Comedy ဖြစ်ပါတယ်ထူးခြားချက်ကတော့
နည်းနည်းအပြောအဆိုလေးတွေ ကြမ်းတာကလွဲရင်မိသားစု နဲ့ အတူကြည့်ပြီး ဟေးဟေး ဟားဟား ဆိုပြီး ရယ်နိုင်မောနိုင်မယ့်ရုပ်ရှင်ကားမျိုး ဖြစ်ပါတယ်
ကဲ ရုပ်ရှင် အကြောင်း စပါမယ်မတ် နဲ့ အန်နီ ဟာ ဂိမ်းကစားရတာ အရမ်းဝါသနာပါပြီး အဖွဲ့ထဲမှာလဲအရမ်းထူးချွန်သူတွေပါ တစ်နေ့မှာတော့ Game ကစားတဲ့ဘားတစ်ခုမှာ ဆုံစည်းရင်း ချစ်ကြိုက်သွားရာကနေ
လက်ထပ်ယူတဲ့အဆင့်ထိ ဖြစ်သွားခဲ့ပြီး ဘ၀ ကို ၂ ယောက်ထဲ ပျော်ရွှင်စွာ ဖြတ်သန်းလေသတည်းပေါ့ဒီမှာတင်ပဲလား ?….
မဟုတ်သေးပါဘူး သူတို့မှာ Game Night ဆိုတာ ရှိပါတယ်သူငယ်ချင်းတွေ စုကြ သောက်ကြ ပြီး Game တွေ အပြိုင်ဆော့တဲ့Game Night Party လေးပေါ့ အရမ်းကို ပျော်ဖို့ ကောင်းပါတယ်..
မတ် နဲ့ အန်နီ တို့ မှာ အိမ်နီးချင်း တစ်ဦး ရှိပါတယ်ဂယ်ရီ လို့ ခေါ်တဲ့ ရဲ တစ်ဦးပါ သူ့ပုံစံက နည်းနည်းကြောင်တောင်တောင် နိုင်ပြီး မိန်းမ နဲ့လဲ ကွဲထားသူပါဂယ်ရီ က မတ် တို့ လုပ်တဲ့ Game Night ကို အမြဲတမ်းပါချင်သူ
ဖြစ်ပေမယ့် မတ် နဲ့ အန်နီ ကတော့ ဂယ်ရီလိုအူကြောင်ကြား ဉာဏ်ရည်မမှီတဲ့ ပုံစံမျိုး ကို ဘယ်တော့မှသူတို့ အိမ်ရဲ့ Game Night Party ကို အဝင်မခံခဲ့ပါဘူးအကြောင်းပြချက်
အမျိုးမျိုး နဲ့ ဖယ်ထုတ်ခဲ့စမြဲပါပဲ…ဒီလိုနဲ့ တစ်နေ့မှာတော့ မတ် ရဲ့ အကိုအရင်း ဖြစ်သူဘရော့ဘ် ဟာ အလုပ်ကိစ္စတစ်ခုနဲ့ မတ်တို့ နေတဲ့ မြို့လေးကိုရောက်ရှိလို့လာခဲ့ပါတယ်…
မတ် နဲ့ အန်နီ တို့ ကျင်းပတဲ့ Game Night ပွဲလေးဟာအရမ်းကို ပျင်းဖို့ ကောင်းတယ် ဒီတော့ သူကိုယ်တိုင်Leader လုပ်ပြီး အိမ်အကြီးကြီး တစ်ခုမှာဘယ်သူတစ်ဦး တစ်ယောက်နဲ့မှ မတူတဲ့Game တစ်ခုကို
ကစားကြမယ်လို့ ပြောပြီးညီဖြစ်သူ မတ် နဲ့ သူငယ်ချင်းတွေကို Invite လုပ်ခဲ့ပါတယ်ဒီလိုနဲ့ မတ် နဲ့ အန်နီ ဟာ သူငယ်ချင်းတွေ ကို ခေါ်ပြီးအကိုဖြစ်သူ ဘရော့ဘ် ရဲ့ အိမ်တော်ကြီးသို့ ရောက်ရှိခဲ့ပြီးအကိုဖြစ်သူ ဆော့မယ့်
Game ဟာ သူတို့ တစ်ခါမှမကြုံဖူးသေးတဲ့ ထူးထူးဆန်းဆန်း အမျိုးအစား တစ်ခုဖြစ်ကြောင်း သိရှိသွားခဲ့သော် အခါ…..
Review Credit