Unicode
US TOP BOX OFFiCE မှာ Top Ten စာရင်းချိတ်ခဲ့တဲ့ Action Movie ကားအသစ် Jason Bourne 2016 ဇာတ်ကားလေးပါ။
သူရဲ့ရှေ့မှာ The Bourne Identity, The Bourne Supremacy, The Bourne Ultimatum နှင့် The Bourne Legacy တို့ ထွက်ရှိထားပါတယ်…
Action ချစ်သူတွေကတော့ ကြိုက်နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့…..
Jason Bourne ကို ကူညီနေတဲ့ CIA မှာအလုပ်နေသူ Nicky Parson ဟာ CIA ရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ကြိုးစားရင်း ဇာတ်လမ်းစတင်ပါတော့တယ်။
Nicky ကလည်း CIA ရဲ့ Computer ကို ဖောက်ဝင်ပြီး သူတို့ရဲ့ လျို့ဝှက်ချက်တွေကို ကူးယူပါတော့တယ်။ CIA အေးဂျင့်တွေကို hack ခံရတာကို သိရှိပြီး
CIA ရဲ့နောက်ကွယ်ကြိုးဆွဲတဲ့ ဆရာကြီး Dewey ထံ တင်ပြပါတော့တယ်။ ထို့နောက် CIA အဖွဲ့က Jason Bourneနှင့်Person ကိုလိုက်လံဖမ်းဆီးပါတော့တယ်။
Person ဟာ Bourne နဲ့တွေ့ဆုံပြီး Treadstone project ဟာ သူ့မ၏ဖခင် တည်ထောင်ခဲ့တာဖြစ်တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်….
သူမဟာ Bourne ကို ဆရာကြီး Dewey ရဲ့ ဖိုင်တွေကို ပေးခဲ့ပါတယ်….Bourne ဟာ ဖိုင်တွေကို ဖတ်လိုက်တဲ့အခါမှာတော့…ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ကြပါခင်ဗျာ….
သရုပ်ဆောင်တွေကတော့ Matt Damon, Tommy lee Jones, Alicia Vikander, Julia Stiles တို့နှင့်အခြားသောသရုပ်ဆောင်များစွာပါဝင်ပါတယ်… Rating ကတော့ 7.0 ရထားပါတယ်..။
Credit Review
Zawgyi
Credit Review