M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



သူ့နာမည်က ဂျွန် ခရမ်မာ ။

သူ့ကို ရဲတွေနဲ့ သတင်းစာတွေက Jigsaw လို့ ခေါ်တယ် ။
ဂျစ်ဆော ဆိုတာ ဉာဏ်စမ်း ရုပ်ဆက် ကစားနည်း တစ်ခု ။ ဂျွန် ခရမ်မာ ဟာ သူ့သားကောင်တွေကို သတ်ပြီးရင် ဂျစ်ဆောလို့ ခေါ်တဲ့ ဉာဏ်စမ်း ရုပ်ဆက် ကစားနည်းလို သေသူ ရဲ့ အရေပြား အပိုင်းအစလေးတွေကို ခွာယူလေ့ရှိတယ် ။

ဂျစ်ဆောလို့ ခေါ်တဲ့
ဂျွန် ခရမ်မာက ပညာတတ် အင်ဂျင်နီယာ တစ်ယောက် ။ ဂျစ်ဆောမှာ ဖလော်ဆော်ဖီ တစ်ခု ရှိတယ် ။ သူ့ ဖလော်ဆော်ဖီကတော့ ” ကိုယ့် ဘဝကို တန်ဖိုး မထားသူဟာ အသက်ရှင်ဖို့ မထိုက်တန်ဘူး” တဲ့ ။

တကယ်တော့ ဂျစ်ဆောဟာ လူသတ်သမား မဟုတ်ဘူး ။
မိမိဘဝ အသက်ရှင်သန်ဖို့ အတွက် မိမိကိုယ်ခန္ဓာက ဘာတွေကို ဘယ်လောက် အဆုံးရှုံးခံနိုင်မလဲ ဆိုတာ စမ်းသပ်တာ ။ လူတွေဟာ ဘယ်လောက်ပဲ ဆိုးဆိုး ၊ ဘယ်လောက်ပဲ ယုတ်မာမာ နောက်ဆုံး မိမိ အသက်ကိုတော့ နှမြောတတ်တာပဲ ။ လူတွေဟာ သေခြင်းတရားနဲ့ ရင်ဆိုင်လာရရင် လူတွေရဲ့ စိတ်ဟာ ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲ သွားတတ်တယ် ။

ဂျစ်ဆောရဲ့ဖလော်ဆော်ဖီတွေဟာ
သိပ်ကောင်းပေမယ့် သွေသံရဲရဲ ဇာတ်ဝင်ခန်းတွေကြောင့် အညွှန်းကို ဒီထက် ချဲ့ကားရေးပြလို့ မဖြစ်တော့ဘူး ။ အဲဒိတော့ ခင်ဗျားတို့ ဘာသာ ယူတတ်ရင် ဆက်ကြည့်ပေတော့ ….

ဒီရုပ်ရှင်ဟာ ညှင်းပန်းနှိပ်စက်မှုတွေ လူသတ်မှုတွေ နဲ့ အစမှ အဆုံးထိတိုင် ပြည့်နေလို့ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ကားလို့ သတ်မှတ်လို့ ရပေမယ့် ဂျစ်ဆောရဲ့ ဒဿနတွေကို ခင်ဗျားတို့ သဘောပေါက်ခဲ့ရင် ကျုပ် ဘာသာပြန်ပေးရတာ အချိန်ကုန်ရကျိုး ပင်ပန်းရကျိုး တန်ပါတယ်ဗျာလို့ ပြောချင်ပါတယ် ။

Review Credit

Saw (2004)
Saw (2004)
Saw (2004)
Saw (2004)
Saw (2004)
Saw (2004)
Saw (2004)
Saw (2004)
Saw (2004)

No downloads available

Related movies