M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

Blu-ray 1080p The Hobbit: An Unexpected Journey (2012)
Report error

The Hobbit: An Unexpected Journey (2012)

The Hobbit: An Unexpected Journey    

PG-13 169 min ActionFamilyFantasy

7.9
IMDB: 7.9/10 711,812 votes

,

, , , , , , , , ,

Nominated for 3 Oscars. Another 10 wins & 72 nominations.

USA, New Zealand

4099

Report error

ရှေးရှေးတုန်းက လူပု ထရော် ဟာ အဲရီဘော်(ရ်)ပြည်ရဲ့ ဘုရင်ဖြစ်လာတဲ့အခါ သူ့မိသားစုဆွေမျိုးများ ချမ်းသာလာကြပါတယ်။

ဒါပေမယ့် စမော့(ဂ်)(Smaug) ဆိုတဲ့ နဂါးကြီးက သူတို့ရဲ့ရွှေတွေကို သိမ်းပိုက်ဖို့ ဒေး(ပ်)မြို့ကို ဖျက်ဆီးလိုက်ရုံမက အဲရီဘော်(ရ်)ပြည်သားတွေကို နှင်ထုတ်လိုက်ပါတယ်။

ထရော်ဧ။်မြေးဖြစ်သူ သိုရင် ကနတ်သူငယ်တို့ရဲ့ဘုရင် ထရန်ဒိုး(လ်)ဆီက အကူအညီသွားတောင်းပေမယ့် ၎င်းတို့က မကူညီတဲ့အပြင် လူပုတွေကို ကျောခိုင်းစွန့်ခွာသွားကြပါတယ်။ဟော့ဘစ် ဆိုတဲ့

မျိုးနွယ်စုဝင် လူငယ် ဘီ(လ်)ဘိုကို မှော်ဆရာကြီး ဂန်ဒေါ့(ဖ်)က လာတွေ့ပြီး စမော့(ဂ်) လက်ထဲက ရတနာတွေကို သွားခိုးယူမယ့်သိုရင်နဲ့ သူ့တပည့်လူပုစစ်သည် တစ်စုနဲ့အတူ လိုက်ပါဖို့စည်းရုံးပါတယ်။

ဘီ(လ်)ဘိုနဲ့လူပုတွေဟာ အထီးကျန်တောင် ပေါ်တက်ကြတုန်း ထရိုး(လ်)ဆိုတဲ့ ဘီလူးကြီးတွေက ဘီ(လ်)ဘိုတို့အားလုံးကို သတ်စားခါနီးမှာ ဂန်ဒေါ့(ဖ်)ရောက်လာပြီး ဘီလူးတွေကို ကျောက်ရုပ်ဖြစ်အောင် ဖန်ဆင်းကာ

သူ့လူတွေကို ကယ်တင်လိုက်ပါတယ်။ ဘီလူးကြီးတွေရဲ့လိုဏ်ဂူထဲ ဝင်ရှာဖွေတဲ့အခါ တန်ခိုးရှိတဲ့ အယ်(လ်)ဗင်ဓားမြှောင်တွေကို ဘီ(လ်)ဘိုတို့ ကောက်ရကြပါတယ်။

ဘီ(လ်)ဘိုတို့အုပ်စုဟာ ဂရင်းဝု(ဒ်)ဆိုတဲ့ သစ်တောကြီးထဲမှာ တစ်ယောက်တည်းနေထိုင်တဲ့ မှော်ဆရာ ရာဒါဂါ့(စ်)နဲ့တွေ့ဆုံကြတဲ့အခါ သစ်တောကြီးကို အောက်လမ်းပညာနဲ့ အမှောင်ချထားတဲ့ ဒို(လ်)ဂါဒူးအရပ်မှ

မှော်ဆရာကြီးတစ်ဦးအကြောင်း၎င်းက ပြောပြပါတယ်။ မကြာခင်မှာ ဂရင်းဝု(ဒ်)သစ်တောထဲကို ဝံပုလွေနဲ့တူတဲ့ ဝါ့(စ်) နှင့် ပြိတ္တာလိုလို အော့(စ်)ဆိုတဲ့ သတ္တဝါကောင်ကြီးတွေက လာရောက်တိုက်ခိုက်ကြလို့

သိုရင်နဲ့ ဘီ(လ်)ဘိုတို့ အားလုံးထွက်ပြေးကြရပါတယ်။ မှော်ဆရာ ရာဒါ့ဂါ့(စ်)ကလည်း အပြေးသန်တဲ့ သူ့ရဲ့ လှည်းကလေးနဲ့ ထွက်ပြေးရင်း အဲ့ဒီသတ္တဝါတွေကို အာရုံလွှဲပေးတယ်။

နတ်သူငယ်ပြည်မှ လော့(ဒ်)အယ်(လ်)ရွန်နဲ့ မြင်းစီးစစ်သည်တော်တွေဟာ ဝါ့(စ်)နှင့် အော့(စ်)တွေကို လာရောက်သုတ်သင်ပေးလို့ လွတ်သွားတဲ့ ဘီ(လ်)ဘိုတို့ကို ဂန်ဒေါ့(ဖ်)က အေးချမ်းသာယာတဲ့ နတ်သူငယ်တိုင်းပြည်

ရေဗင်ဒဲ(လ်)ကို ခေါ်ဆောင်သွားပါတယ်။လော့(ဒ်)အယ်(လ်)ရွှန်၊ဂါလာဒရီး(လ်) နဲ့မှော်ဆရာကြီး ဆာရူမန်တို့ ပါဝင်တဲ့ အဖြူရောင်ကောင်စီကို ဂန်ဒါ့(ဖ်)က ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းလင်းတင်ပြပါတယ်။

သစ်တောကြီးကို အောက်လမ်းပညာဖြင့် ပြုစားထားတဲ့ မှော်ဆရာဟာ လူယုတ်မာ မဟူရာသခင်ကြီး ဆော်ရွန်ပဲ ဖြစ်မယ်လို့ မိမိယုံကြည်ကြောင်း ဂန်ဒါ့(ဖ်)က တစ်ပါတည်းပြောပါတယ်။အဲဒီနောက်

ဂန်ဒါ့(ဖ်)က ဘီ(လ်)ဘိုနှင့်လူပုတွေကို မြူခိုးဖုံးတဲ့ တောင်တန်းတွေဆီကို စေလွှတ်လိုက်ပါတယ်။ အဲဒီင်္တောင်တန်း ပေါ်တက်နေတုန်း ဘီ(လ်)ဘိုတို့ အုပ်စုကို မိစ္တာလိုလို ပြိတ္တာလိုလို သတ္တဝါတွေ ဖမ်းချုပ်ပြီး

သူတို့ခေါင်းဆောင်ကြီး ဆီခေါ်သွားပါတယ်။ဘီ(လ်)ဘိုကတော့ သိုရင်တို့အုပ်စုနဲ့ကွဲပြီး လိုဏ်ဂူတစ်ခုထဲသို့ လိမ့်ကျသွားပါတယ်။ အဲဒီလိုဏ်ဂူထဲမှာ မှင်စာ ဂိုလမ် ကိုသူတွေ့ရတယ်။

ဂိုလမ်က တခြားမှင်စာတစ်ကောင်ကို သတ်စားနေတုန်း သူ့လက်ထဲက မှော်လက်စွပ်တစ်ကွင်း မတော်တဆ ကျပျောက်သွားပါတယ်။ ဘီ(လ်)ဘိုက အဲဒီလက်စွပ်ကို ကောက်ယူပြီး

သူ့အိပ်ကပ်ထဲဝှက်ထားလိုက်တယ်။ဘီ(လ်)ဘိုကို ဂိုလမ်းကမြင်သွားပြီး သတ်စားဖို့ကြံစည်တဲ့အခါ ဘီ(လ်)ဘို နိုင်ရင်ထွက်ပေါက်လိုက်ပြမယ်။သူနိုင်ရင် ဘီ(လ်)ဘို အသတ်ခံရမယ်လို့ပြောတော့ ဘီ(လ်)ဘိုက လက်ခံတယ်။

တစ်ယောက်တစ်လှည့် စကားထာဝှက်ကြရာမှာ ဘီ(လ်)ဘို အနိုင်ရပေမဲ့ လည်းကောင်းလက်ထဲမှာ မိမိလက်စွပ်ရှိနေမှန်း ဂိုလမ်ရိပ်မိသွားတဲ့အခါ ဘီ(လ်)ဘိုကို စတင်တိုက်ခိုက်ပါတော့တယ်။

အဲဒီအချိန်မှာ ဂန်ဒါ့(ဖ်)၊ သိုရင်နဲ့ လူပုအုပ်စုလည်း အော့(စ်)တွေလက်က လွတ်ဖို့အပြင်းအထန် တိုက်ပွဲ ဆင်နွှဲလျှက်ရှိပါတယ်။ လိုဏ်ဂူထွက်ပေါက်ဆီ ဘီ(လ်)ဘို ရောက်ပါ့မလား။အော့(စ်)တွေလက်ထဲက

ဂန်ဒါ့(ဖ်)တို့ လွတ်နိုင်ပါ့မလားဆိုတာ .. . ဆက်လက်ရူစားစေချင်ပါတယ်။The Hobbit:An Unexpected Journy ဟာ စာရေးဆရာကြီး J.R.R Tolkien ရဲ့

ကမ္ဘာကျော်လျှို့ဝှက်ဆန်းကြယ်ပုံဝတ္တု The Hobbit ကိုမှီငြမ်းအသက်သွင်းတဲ့ ရုပ်ရှင်သုံးကားရဲ့ ပထမပိုင်းဖြစ်ပါတယ်။ The Hobbit ဟာ သုံးကားတွဲဇာတ်ကား

The Lord of The Rings ရဲ့ နောက်ဆက်တွဲ (sequel)မဟုတ်ဘဲ ၊ အဲဒီမူရင်းဝတ္တုအရင် ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္တုဖြစ်လို့လည်းကောင်းကို prequel (နိဒါန်းဇာတ်လမ်း) လို့ခေါ်ပါတယ်။

LOTR ဇာတ်ကားတွဲရဲ့ အဓိကဇာတ်ကောင် ဖရိုဒိုရဲ့ ဦးလေး ဘီ(လ်)ဘိုက ယခုဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်ပြီး LOTR ဇာတ်လမ်းမစခင် နှစ်ပေါင်6း0 ခန့်မှာ ဇာတ်အိမ်တည်ထားပါတယ်။

The Hobbit ကို LOTR ဖန်ဆင်းခဲ့တဲ့ ဇာတ်ညွှန်းဆရာအတွဲ Peter Jackson, Fran Walsh, Phillipa Boyens

တို့နဲ့အတူ Pans’ Labyrinth နဲ့ Hellboy ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ Guillermo del Toro တို့ပူးပေါင်းရေးသားပြီး LOTR သုံးကားလုံးရဲ့ ဒါရိုက်တာ P.Jackson ကပဲရိုက်ကူးပါတယ်။

LOTR သုံးကားဟာ 2-D ဇာတ်ကားတွေဖြစ်ပေမဲ့ ယခု Hobbit ကတော့ 3-D ဖြစ်ပါတယ်….

(ရုပ်ရှင်အညွှန်းကို 7onlineradio.com မှကူးယူဖော်ပြပါသည်….)

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

No downloads available

Related movies