M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Pan’s Labyrinth ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Del Toro တစ်ဦးတည်းကပဲရိုက်ကူးခဲ့တဲ့ ဇာတ်ကားမို့ ဇာတ်လမ်း အပြင်အဆင် တွေ Effect အလန်းစားတွေအကြောင်းကိုတော့ သိပ်ပြီး စာဖွဲ့ပြနေစရာလိုမယ်မထင်ပါဘူး…ဒီဇာတ်ကားကို ၇၄ကြိမ်မြောက် ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် မှာယှဉ်ပြိုင်ဖို့ရိုက်ကူးခဲ့တာဖြစ်ပြီး…အဲ့ဒီပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆု Golden Lion ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်…နောက်ထပ် ဝေဖန်မှုတွေ Best Director,Best Picture,Best Screenplay,Best Actress အပါအဝင် မရေမတွက်နိုင်တဲ့ဆုပေါင်းများစွာကို လက်ခံရရှိထားကာအလွန်နာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပဲ…ဒီလို ကားမျိုးမှ မကြည့် ဘာသွားကြည့်မလဲ ဘာညာပေါ့နော်…ဇာတ်လမ်းအကျဉ်းပြောရရင်…ထူးထူးဆန်းဆန်း လည်ပင်းမှာ အမာရွတ်နဲ့ မြစ်နားက ကောက်ယူမွေးစားခံရတဲ့ မိဘမဲ့ကလေး အလိုင်စာ ဟာ စကားမပြောတတ်သူပါ…

ပြဇာတ်ရုံရဲ့ အပေါ်ထပ်အခန်းမှား ငှားနေရတယ်ပေါ့သူ့မှာလည်း သူငယ်ချင်းနှစ်ဦးတည်းရှိတယ်(သူတို့ဟာလည်း Best supporting ဆုတွေ ရရှိခဲ့) ကိတ်ဖုတ်တဲ့ကောင်လေးကိုကြိုက်နေတဲ့ အလိုင်စာ့ ရှေ့ခန်းက ဂေး အဖိုးကြီးတစ်ယောက်ရယ်…Secret Government Labခန်းမှာ အတူတူသန့်ရှင်းရေး အလုပ်လုပ်တဲ့ အာဖရိကန်ကပြား အဒေါ်ကြီးရယ် ဟာ အလိုင်စာ့ သူငယ်ချင်းတွေပါ….တစ်နေ့မှာ Labခန်းထဲကို ပင်လယ်ထဲကဖမ်းလာတဲ့ ရေသတ္တဝါကြီးတစ်ကောင်ကို စပ်စပ်စုစု သွားချောင်းကြည့်မိတဲ့ အလိုင်စာတစ်ယောက် ရေသတ္တဝါကြီးအပေါ်သနားစိတ် ချစ်စိတ်ဝင်လာပါတယ်…

ရေသတ္တဝါကြီးကိုလည်း အစိုးရက ခွဲစိတ်လေ့လာပစ်တော့မှာ ဖြစ်တဲ့အတွက် အလိုင်စာတစ်ယောက်ကယ်တင်မှ ဖြစ်ပါတော့မယ်…အလိုင်စာ ရဲ့ကယ်ဆယ်ရေး အလုပ်မှာ သူ့ မိတ်ဆွေတွေ ဘယ်လိုအားဖြည့် ကူညီကြမလဲ…ရေသတ္တဝါကြီး ကိုကယ်ပြီးတော့ရော ဘယ်လို ဆက်ပြီး စခန်းသွားကြတယ် ဆိုတာတွေကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်…သာမန်ဇာတ်အိမ်မျိုးက ခွဲထွက်ပြီး သရုပ်ဖော်တတ်တဲ့ ဒါရိုက်တာ Del Toro ရဲ့ ရိုက်ချက်အလန်းစားတွေနဲ့ “The Shape of water”ကို ပရိသတ်ကြီးတို့ပဲ ရှုစားပြီး အကဲဖြတ်ပေးကြပါဦး…

Review Credits – Channel Myanmar

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)
The Shape of Water (2017)

No downloads available

Related movies