M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p The Wall (2017)
Report error

The Wall (2017)

The Wall    

R 88 min ActionDramaThriller

6.2
IMDB: 6.2/10 19,480 votes

, ,

, ,

1 nomination.

USA

4647

Report error



အီရတ်စစ်မြေပြင်မှာ တိုက်တဲ့ စစ်ပွဲတွေကို Jarhead, American Sniper, The Hurt Locker တို့လို ရုပ်ရှင်တွေနဲ့ အော်စကာဆုရသည်အထိ ရိုက်ပြဖူးခဲ့ပါတယ်။ အခုတစ်ခါ အီရတ်စစ်မြေပြင်က အသက်လုပွဲကို The Wall (2017) ဆိုတဲ့ အမည်နဲ့ The Edge of Tomorrow, Bourne Identity တို့ရဲ့ ဒါရိုက်တာ Doug Liman က ရွှေကမ္ဘာလုံးဆုရ မင်းသား Aaaron Tyler Jhonson, Smark Down နပန်းသမားကြီး Jhon Cena တို့နဲ့ သည်းထိတ်ရင်ဖို ရိုက်ပြလိုက်ပြန်ပါပြီ။ စစ်ကားဆိုတာနဲ့ ဝုန်းဒိုင်းကြဲ ပစ်ခတ်နေမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီကားမှာ လူသုံးယောက်သာ ပါပါတယ်။ သူတို့က အမေရိကန် စစ်သားနှစ်ယောက်နဲ့ အီရတ်စစ်သားတစ်ယောက်ပါ။
ဆာဂျင် ရှိန်း မက်သယူးက စနိုက်ပါ တစ်ယောက် ဖြစ်ပါတယ်။

သူ့ကို အီရတ်သဲကန္တာရထဲက အဆောက်အအုံတစ်ခုကို စစ်ဆေးဖို့ လွှတ်လိုက်တာပါ။ သူ့လက်ထောက်က ဆာဂျင် အယ်လန် အိုင်ဆက်ပါ။ သူတို့ကို တာဝန်ပေးထားတဲ့ အဆောက်အအုံ ဧရိယာကို ၂၂ နာရီကြာအောင် စောင့်ကြည့်အကဲခတ်ပြီးနောက်မှာတော့ စိတ်ချရပြီလို့ ယူဆပြီး ရှိန်းက အထဲမှာ သေနေတဲ့ အစောင့်တပ်သားတွေဆီက ရေဒီယိုတွေကို ယူဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် အထဲမှာ လျှို့ဝှက်ပြီး စောင့်နေတဲ့ အီရတ်စနိုက်ပါသမား ဂျူးဘားက ရှိန်းကို ပစ်ထည့်လိုက်လို့ ရှိန်း လဲကျသွားတယ်။ ရှိန်းကို ကယ်ဖို့ သွားတဲ့ အယ်လန်ပါ ခြေထောက်ထိသွားလို့ သဲအိတ်တွေနဲ့ ကာထားတဲ့ နံရံကလေးတစ်ခုနောက် ဝင်ပုန်းလိုက်ရတယ်။

ရေဘူးနဲ့ ရှိတဲ့ ရေဒီယိုပါ ပျက်စီးသွားလို့ ဒုက္ခရောက်တာထက် သူ့ကို နည်းနည်းလေးတောင် လှုပ်မရအောင် မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ဂျူဘားက ပိုအန္တရာယ်ကြီးပါတယ်။ ရှိန်းကလည်း မြေပြင်မှာ ဆန့်ဆန့်ကြီး လဲနေပေမယ့် မသေသေးပါဘူး။ ရာနှုန်းပြည့် စိတ်မချရတဲ့ နံရံကလေးတစ်ဖက်က အယ်လန်ရယ်၊ အဆောက်အအုံရဲ့ နံရံတစ်ဖက်က ဂျူဘားရယ်၊ သူတို့နှစ်ယောက်ကြားက ရှိန်းရယ် ကြုံနေရကြရတာက စစ်ပွဲတစ်ခုနဲ့ မတူတော့ဘဲ ဉာဏ်ကစားပွဲတစ်ခုနဲ့ ပိုတူနေပါတော့တယ် Credit Review

The Wall (2017)
The Wall (2017)
The Wall (2017)

No downloads available

Related movies