Mary Poppins ဆိုတဲ့ ဇာတ်လမ်းလေးဟာ ကလေးကြိုက်ကားလေးဖြစ်ပါတယ် မိသားစုဝင်တွေတူတူကြည့်လို့ အဆင်ပြေတဲ့ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကလေးတွေရဲ့ စိတ်ကူးယဉ် ဖန်တီးနိုင်မှုတွေကို Mary Poppins ဆိုတဲ့ မှော်ဆန်ဆန် ကလေးထိန်းတယောက်ကို ဖန်တီးပြီးတော့ တင်ဆက်ထားတာဖြစ်ပါတယ် မိုက်ကယ်ဘန့်မှာ ကလေးလေး၃ယောက်ရှိနေပြီးတော့ မိတဆိုးလေးတွေကတော့ သူတို့အမေရဲ့နေရာကို ဖြည့်ပေးဖို့ အမြဲတွေးထားပြီး လိမ္မာတဲ့ကလေးလေးတွေပေါ့ မိဘတွေအနေနဲ့လည်း ဒါမျိုးကားလေးတွေ များများကြည့်ပေးသင့်ပါတယ် နမူနာကောင်းလေးတွေကို ကလေးတွေ အနေနဲ့ သိနိုင်ပြီးတော့ မိဘတွေအနေနဲ့လည်း ကလေးလေးတွေရဲ့ စိတ်ကူးယဉ်မှုတွေကို ဘေးဖယ်မထားသင့်ဘူးဆိုတာလေးကို ပိုသိနိုင်ပါတယ် ဒီဇာတ်လမ်းမှာတော့ Mary Poppins က ကလေးလေးတွေကို ဘယ်လိုကူညီမလဲ မှော်ဆန်ဆန် ဘယ်လိုလေး ရောက်လာမလဲ သူ့အကူအညီတွေကရော ထိရောက်မှာလားဆိုတာတွေကို တွေ့ရပြီးတော့ သီချင်းသံမြူးမြူးလေးတွေနဲ့ တင်ဆက်ထားပါတယ်
Credit – GC Movies