M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p Batman v Superman: Dawn of Justice (2016) Extended Version
Report error

Batman v Superman: Dawn of Justice (2016) Extended Version

Batman v Superman: Dawn of Justice    

PG-13 151 min Super Hero

6.5
IMDB: 6.5/10 566,049 votes

, ,

, , , , , , , , ,

14 wins & 30 nominations.

USA

8678

Report error



Unicode

Superman ရဲ့ တိုက်ပွဲတွေ အပြီးမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တချို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီအချက်ကို အခြေခံပြီး ပြည်သူတွေကြား Superman ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ တစ်နေ့တခြား များပြားလာခဲ့တာပါ။မိမိဝန်ထမ်းတွေရဲ့ အသက်တွေ ဘဝ တွေဟာ Supermanရဲ့ တိုက်ပွဲ အကြားမှာ အပြစ်မဲ့စွာ ဆုံးရှုံးခဲ့ရတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတဲ့ Batman တစ်ဖြစ်လဲ Bruce Wayne တစ်ယောက်လဲ Superman ကို နာကျည်းသွားပြီး ဆန့်ကျင်သူတွေထဲက တစ်ယောက် ဖြစ်လာပါတော့တယ်။ ဒီကြားထဲ DCရဲ့ နာမည်ကျော် ဗီလိန်တစ်ဦးဖြစ်တဲ့ Lex Luthor ရဲ့ ယာလည်းညက်စေ ကြက်လဲ ပန်းစေ ဆိုတဲ့ ရည်ရွယ်ချက်ချက်နဲ့  ဂန္တဝင် hero နှစ်ယောက်ရဲ့ ဘယ်လိုတွေ ရန်တိုက်ပေးဦးမှာလဲဆိုတာလဲ တွေ့ရဦးမှာပါ။

Batman Vs Superman တို့ နှစ်ယောက်ရဲ့ တိုက်ပွဲမှာ ဘယ်သူ အနိူင်ရသွားမှာလဲ၊ ပြန်ပြေလည်မှူ ရရှိသွားမှာလား ဒါမှ မဟုတ် Lex Luthorမှာရော နောက်ထပ် ဘာ အကြံအစည်တွေ ရှိနေဦးမှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲ ကြားထဲကို ဝင်လာသူက နောက်ထပ် စွမ်းအားလွန်လူသား တစ်ဦးဖြစ်ပြီး DCရဲ့ အထင်ကရ အမျိုးသမီး super hero ဖြစ်တဲ့ Wonder Woman ပါပဲ။
ဇာတ်ကားထဲက တိုက်ခိုက်ခန်းတွေဟာ တော့ တကယ် ကြည့်လို့ကောင်းပြီး ကြမ်းတမ်းပါတယ်။ Batman မင်းသားသစ် Ben Afleckကို ကြိုက်သူ မကြိုက်သူ ကွဲပြားနေသေးပေမယ့် သူ့ role ကို အကောင်းဆုံး လုပ်ပြသွားနိုင်တာတော့ ငြင်းဖွယ်ရှိပါဘူး။ နောက်ထပ် Justice League မှာ ပါလာမယ့်အခြား heroတွေကိုလဲ ကြိုတင် နမူနာ ပြခဲ့ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ထားတာတွေ့ရပါတယ်။

ဇာတ်ကားအညွန်းကိုတော့ Kaung Myat Thu [Channel Myanmar] မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

 

Zawgyi

Superman ရဲ႕ တိုက္ပြဲေတြ အၿပီးမွာ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ တခ်ိဳ႕ ပ်က္စီးဆံုးရွံုးခဲ့ရပါတယ္။ ဒီအခ်က္ကို အေျခခံၿပီး ျပည္သူေတြၾကား Superman ကို ေထာက္ခံသူေတြနဲ႔ ဆန္႔က်င္သူေတြ တစ္ေန႔တျခား မ်ားျပားလာခဲ့တာပါ။မိမိဝန္ထမ္းေတြရဲ႕ အသက္ေတြ ဘဝ ေတြဟာ Supermanရဲ႕ တိုက္ပြဲ အၾကားမွာ အျပစ္မဲ့စြာ ဆံုးရွံုးခဲ့ရတာကို မ်က္ဝါးထင္ထင္ ေတြ႕လိုက္ရတဲ့ Batman တစ္ျဖစ္လဲ Bruce Wayne တစ္ေယာက္လဲ Superman ကို နာက်ည္းသြားၿပီး ဆန္႔က်င္သူေတြထဲက တစ္ေယာက္ ျဖစ္လာပါေတာ့တယ္။ ဒီၾကားထဲ DCရဲ႕ နာမည္ေက်ာ္ ဗီလိန္တစ္ဦးျဖစ္တဲ့ Lex Luthor ရဲ႕ ယာလည္းညက္ေစ ၾကက္လဲ ပန္းေစ ဆိုတဲ့ ရည္ရြယ္ခ်က္ခ်က္နဲ့  ဂနၱဝင္ hero ႏွစ္ေယာက္ရဲ႕ ဘယ္လိုေတြ ရန္တိုက္ေပးဦးမွာလဲဆိုတာလဲ ေတြ့ရဦးမွာပါ။

Batman Vs Superman တုိ့ ႏွစ္ေယာက္ရဲ့ တိုက္ပြဲမွာ ဘယ္သူ အႏိူင္ရသြားမွာလဲ၊ ျပန္ေျပလည္မႉ ရရိွသြားမွာလား ဒါမွ မဟုတ္ Lex Luthorမွာေရာ ေနာက္ထပ္ ဘာ အၾကံအစည္ေတြ ရိွေနဦးမွာလဲဆိုတာကို စိတ္၀င္စားဖြယ္ ၾကည့္ရမွာ ျဖစ္ပါတယ္။ ဒီတိုက္ပြဲ ၾကားထဲကို ဝင္လာသူက ေနာက္ထပ္ စြမ္းအားလြန္လူသား တစ္ဦးျဖစ္ၿပီး DCရဲ႕ အထင္ကရ အမ်ိဳးသမီး super hero ျဖစ္တဲ့ Wonder Woman ပါပဲ။
ဇာတ္ကားထဲက တိုက္ခိုက္ခန္းေတြဟာ ေတာ့ တကယ္ ၾကည့္လို႔ေကာင္းၿပီး ၾကမ္းတမ္းပါတယ္။ Batman မင္းသားသစ္ Ben Afleckကို ႀကိဳက္သူ မႀကိဳက္သူ ကြဲျပားေနေသးေပမယ့္ သူ႔ role ကို အေကာင္းဆံုး လုပ္ျပသြားႏိုင္တာေတာ့ ျငင္းဖြယ္ရွိပါဘူး။ ေနာက္ထပ္ Justice League မွာ ပါလာမယ့္အျခား heroေတြကိုလဲ ႀကိဳတင္ နမူနာ ျပခဲ့ၿပီး ပရိသတ္ေတြနဲ႔ မိတ္ဆက္ထားတာေတြ႕ရပါတယ္။

ဇာတ္ကားအညြန္းကိုေတာ့ Kaung Myat Thu [Channel Myanmar] မွကူးယူေဖာ္ျပထားျခင္းျဖစ္ပါတယ္။

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Cast


No downloads available

Related movies