M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p Wonder Woman (2017)
Report error

Wonder Woman (2017)

Wonder Woman    

PG-13 141 min Super Hero

7.5
IMDB: 7.5/10 472,212 votes

, , , , , , , , ,

17 wins & 54 nominations.

USA, China, Hong Kong

6739

Report error



Unicode

ပင်လယ်ပြင်ကျယ်ကြီးရဲ့တစ်နေရာမှာ အလွန်သာယာလှပသော ကျွန်းလေးတစ်ကျွန်းရှိတယ်။ ထိုကျွန်းနေလူသားတွေကတော့ ထိုကျွန်းလေးကို Themyscira လို့ခေါ်ကြတယ်။ ထူးဆန်းတာက ထိုကျွန်းလေးပေါ်ကို လူသူအရောက်အပေါက် မရှိပဲ တစ်ကျွန်းလုံးက ကြည့်ရတာ အေးချမ်းသာယာလွန်းတယ်။ ပိုပြီးထူးဆန်းတာက တစ်ကျွန်းလုံးမှာ ဖိုသတ္တဝါဆိုလို့တစ်ကောက်တစ်မြီးမှတောင် မတွေ့ရဘူး။သူတို့ဟာ ရှေးဂရိနတ်ဘုရားရှင်တွေ ဖန်ဆင်းခဲ့ကြတဲ့ စစ်ဘက်မှာ သာလွန်တဲ့ Amazonians အမျိုးသမီးတွေပဲ။ ထိုကျွန်းလေးပေါ်မှာ ကလေးဆိုလို့တစ်ယောက်ပဲရှိတယ်။ ထိုကလေးမလေးက Hippolyta ဘုရင်မရဲ့သမီးတော်လေးဖြစ်ပြီး
ငယ်စဉ်ကတည်းက တိုက်ရခိုက်ရတာကို စိတ်အားထက်သန်တဲ့ ကလေးမလေးတစ်ယောက်။ မိခင်ဖြစ်သူက ယခုလို သမီးကလေး တိုက်ရေးခိုက်ရေးအပေါ် စိတ်ဝင်စားတာကို မလိုလားဘူး။ (အမှန်တော့ သူ ယခုလို မလိုလားခဲ့တာလည်း အကြောင်းရှိလို့ပါ။) ဒါပေမဲ့ ကလေးမလေးရဲ့အဒေါ်ဖြစ်သူ စစ်သမီးကြီး Antiope ဆီမှာ သိုင်းပညာတွေ ခိုးသင်ခဲ့တယ်။ တားမြစ်နေတဲ့ကြားကတည်းက ယခုလို တိုက်ရေးခိုက်ရေးကို စိတ်ပါနေတဲ့ သမီးလေးကို တားမြစ်ချင်ပေမဲ့ ညီအစ်မဖြစ်သူ Antiope က တစ်နေ့မှာ ဒီကလေးမလေးဟာ ဒီပညာတွေ ကျိန်းသေလိုအပ်လာလိမ့်မယ်။ ဒါကို နင်လည်း သိတယ်။ ရှောင်လွှဲလို့မရမဲ့ အရာတစ်ခုလို့ပြောလိုက်တာကြောင့် အမေဖြစ်သူ Hippolyta ဘုရင်မက သမီးလေးကို တိုက်ရေးခိုက်ရေးပညာ သင်ဖို့သဘောတူညီခဲ့တယ်။ ထို့အပြင် ဒီကလေးမလေးကို ဒီကျွန်းပေါ်က အမျိုးသမီးတိုင်းထက် ပိုတော်အောင် သင်ပေးရမယ်လို့ဂတိတောင်းခဲ့တယ်။ ထို့အပြင် နင့်ထက်လည်း ပိုတော်စေရမယ် လို့ဘုရင်မက သူ့ညီအစ်မကို ဂတိတောင်းခဲ့တယ်။ ထိုမိန်းမပျိုလေး နာမည်ကတော့ Diana တဲ့။
.
Diana လေးကြီးလာတော့ တစ်ကျွန်းလုံးမှာ သူမသာ အတော်ဆုံးနီးပါးဖြစ်လာခဲ့တယ်။ တစ်နေ့မှာတော့ ကောင်းကင်ယံကနေ လေယာဉ်တစ်စီး ပင်လယ်ထဲကို ထိုးကျသွားတာ Diana မြင်မိပြီး ထိုလေယာဉ်ပေါ်က လူကို သွားဆင်းကယ်ခဲ့တယ်။ ဒါပေမဲ့ ထိုလေယာဉ်မောင်းသမားနဲ့အတူ စစ်ကြီးတစ်ခုပါလာခဲ့တယ်။ ဒီလိုနဲ့ပထမကမ္ဘာစစ်ကြီးရဲ့အရိပ်အငွေ့သဲ့သဲ့လေးဟာ အေးချမ်းနေတဲ့ Themyscira ကျွန်းလေးဆီကို ဝင်ရောက်လာပါတော့တယ်။ ထိုလေယာဉ်ပေါ်က ယောကျ်ားရဲ့နာမည်က Steve Trevor ဖြစ်ပြီး သူဟာ German တွေဆီမှာ စုံထောက်အဖြစ်လုပ်ကိုင်နေတဲ့ American တစ်ယောက်ဖြစ်ပြီး ဒီစစ်ပွဲကြီးထဲမှာ မှန်ကန်တဲ့ဘက်က တိုက်နေတာဖြစ်တယ်လို့ဆိုခဲ့တယ်။
.
Diana ဟာ သူမမိခင်ဖြစ်သူ Hippolyta ပြောတဲ့ ပုံပြင်တွေနဲ့ကြီးပြင်းခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ရှေးတုန်းက Zeus နတ်ဘုရားကြီးရဲ့သားတော် Ares ဆိုတဲ့ စစ်နတ်ဘုရားတစ်ပါးဟာ လူသားတွေကို စစ်ပွဲတွေအတွက် ပျက်ဆီးအောင် ဖျားယောင်းသွေးဆောင်ခဲ့ပြီး Olympus တောင်ကုန်းပေါ်မှာ သူ့ဖခင် Zeus နတ်ဘုရားကြီး အပါအဝင် တစ်ခြားနတ်ဘုရားအများစုကိုလည်း နှိပ်စက် သတ်ဖြတ်ခဲ့တယ်။ Zeus နတ်ဘုရားကြီးဟာ သေအံ့ဆဲဆဲမှာပဲ သားတော် စစ်နတ်ဘုရား Ares ကို နှိမ်နင်းလိုက်နိုင်ပြီး နောင်တစ်ချိန်မှာ Ares ပြန်ပြီး ပုန်ကန်လာရင် နှိမ်နင်းနိုင်မဲ့ လက်နက်တစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့Amazonians တွေကို တာဝန်ပေးခဲ့တယ်။့Amazonians တွေနေဖို့လည်း Themyscira ဆိုတဲ့ ကျွန်းလေးကို ဖန်ဆင်းပေးခဲ့တယ်။ ဒီလို ရှေးနတ်ဘုရားပုံပြင်တွေကို ယုံကြည်တဲ့ Diana တစ်ယောက် ယခုကမ္ဘာပေါ်မှာဖြစ်နေတဲ့ ပထမကမ္ဘာစစ်ကြီးဟာလည်း စစ်နတ်ဘုရားကြီး Ares ကြောင့်ဟု ယုံကြည်ကာ Ares ကို တိုက်ခိုက်ရန် Steve နဲ့အတူ ပြင်ပကမ္ဘာကြီးထဲကို လိုက်ပါလာတော့တယ်။ သူမရဲ့ရည်ရွယ်ချက်ကလေးက ရှင်းတယ်။ Ares ကို ရှာလို့သတ်ဖြတ်နိုင်ခဲ့ရင် ကမ္ဘာပေါ်ကယခု ကမ္ဘာစစ်ကြီး ပြီးဆုံးသွားမယ်။ ဒါ သူမယုံကြည်ခဲ့တာ။ သူမယုံကြည်ရာကို သူမလုပ်ဖို့သူမဆုံးဖြတ်ခဲ့တာပဲလေ။ သူမ ယုံကြည်ရာကို တိုက်ပွဲဝင်ဖို့ထွက်လာခဲ့တယ်။ သူမတစ်သက်မှာ တစ်ခါမှ မကြုံဘူးတဲ့ လူသားတွေရယ်၊ ယောကျ်ားတွေရယ်၊ လောကကြီးရယ်ကို သူမ ရင်ဆိုင်ရတော့မယ်လေ

Credit Review

Zawgyi

ပင္လယ္ၿပင္က်ယ္ၾကီးရဲ ့တစ္ေနရာမွာ အလြန္သာယာလွပေသာ ကြ်န္းေလးတစ္ကြ်န္းရွိတယ္။ ထိုကြ်န္းေနလူသားေတြကေတာ့ ထုိကြ်န္းေလးကို Themyscira လို ့ေခၚၾကတယ္။ ထူးဆန္းတာက ထိုကြ်န္းေလးေပၚကို လူသူအေရာက္အေပါက္ မရွိပဲ တစ္ကြ်န္းလံုးက ၾကည့္ရတာ ေအးခ်မ္းသာယာလြန္းတယ္။ ပိုၿပီးထူးဆန္းတာက တစ္ကြ်န္းလံုးမွာ ဖိုသတၱဝါဆိုလို ့တစ္ေကာက္တစ္ၿမီးမွေတာင္ မေတြ ့ရဘူး။သူတုိ ့ဟာ ေရွးဂရိနတ္ဘုရားရွင္ေတြ ဖန္ဆင္းခဲ့ၾကတဲ့ စစ္ဘက္မွာ သာလြန္တဲ့ Amazonians အမ်ိဳးသမီးေတြပဲ။ ထိုကြ်န္းေလးေပၚမွာ ကေလးဆိုလို ့တစ္ေယာက္ပဲရွိတယ္။ ထိုကေလးမေလးက Hippolyta ဘုရင္မရဲ ့သမီးေတာ္ေလးၿဖစ္ၿပီး
ငယ္စဥ္ကတည္းက တိုက္ရခို္က္ရတာကို စိတ္အားထက္သန္တဲ့ ကေလးမေလးတစ္ေယာက္။ မိခင္ၿဖစ္သူက ယခုလို သမီးကေလး တိုက္ေရးခိုက္ေရးအေပၚ စိတ္ဝင္စားတာကို မလုိလားဘူး။ (အမွန္ေတာ့ သူ ယခုလို မလိုလားခဲ့တာလည္း အေၾကာင္းရွိိလို ့ပါ။) ဒါေပမဲ့ ကေလးမေလးရဲ ့အေဒၚၿဖစ္သူ စစ္သမီးၾကီး Antiope ဆီမွာ သိုင္းပညာေတြ ခုိးသင္ခဲ့တယ္။ တားၿမစ္ေနတဲ့ၾကားကတည္းက ယခုလို တိုက္ေရးခိုက္ေရးကို စိတ္ပါေနတဲ့ သမီးေလးကို တားၿမစ္ခ်င္ေပမဲ့ ညီအစ္မၿဖစ္သူ Antiope က တစ္ေန ့မွာ ဒီကေလးမေလးဟာ ဒီပညာေတြ က်ိန္းေသလိုအပ္လာလိမ့္မယ္။ ဒါကို နင္လည္း သိတယ္။ ေရွာင္လႊဲလို ့မရမဲ့ အရာတစ္ခုလို ့ေၿပာလိုက္တာေၾကာင့္ အေမၿဖစ္သူ Hippolyta ဘုရင္မက သမီးေလးကို တိုက္ေရးခိုက္ေရးပညာ သင္ဖို ့သေဘာတူညီခဲ့တယ္။ ထို ့အၿပင္ ဒီကေလးမေလးကို ဒီကြ်န္းေပၚက အမ်ိဳးသမီးတိုင္းထက္ ပိုေတာ္ေအာင္ သင္ေပးရမယ္လို ့ဂတိေတာင္းခဲ့တယ္။ ထို ့အၿပင္ နင့္ထက္လည္း ပိုေတာ္ေစရမယ္ လို ့ဘုရင္မက သူ ့ညီအစ္မကို ဂတိေတာင္းခဲ့တယ္။ ထိုမိန္းမပ်ိဳေလး နာမည္ကေတာ့ Diana တဲ့။
.
Diana ေလးၾကီးလာေတာ့ တစ္ကြ်န္းလံုးမွာ သူမသာ အေတာ္ဆံုးနီးပါးၿဖစ္လာခဲ့တယ္။ တစ္ေန ့မွာေတာ့ ေကာင္းကင္ယံကေန ေလယာဥ္တစ္စီး ပင္လယ္ထဲကို ထိုးက်သြားတာ Diana ၿမင္မိၿပီး ထိုေလယာဥ္ေပၚက လူကို သြားဆင္းကယ္ခဲ့တယ္။ ဒါေပမဲ့ ထိုေလယာဥ္ေမာင္းသမားနဲ ့အတူ စစ္ၾကီးတစ္ခုပါလာခဲ့တယ္။ ဒီလိုနဲ ့ပထမကမာၻစစ္ၾကီးရဲ ့အရိပ္အေငြ ့သဲ့သဲ့ေလးဟာ ေအးခ်မ္းေနတဲ့ Themyscira ကြ်န္းေလးဆီကို ဝင္ေရာက္လာပါေတာ့တယ္။ ထိုေလယာဥ္ေပၚက ေယာက်္ားရဲ ့နာမည္က Steve Trevor ၿဖစ္ၿပီး သူဟာ German ေတြဆီမွာ စံုေထာက္အၿဖစ္လုပ္ကို္င္ေနတ့ဲ American တစ္ေယာက္ၿဖစ္ၿပီး ဒီစစ္ပြဲၾကီးထဲမွာ မွန္ကန္တဲ့ဘက္က တိုက္ေနတာၿဖစ္တယ္လို ့ဆိုခဲ့တယ္။
.
Diana ဟာ သူမမိခင္ၿဖစ္သူ Hippolyta ေၿပာတဲ့ ပံုၿပင္ေတြနဲ ့ၾကီးၿပင္းခဲ့ရတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါ။ ေရွးတုန္းက Zeus နတ္ဘုရားၾကီးရဲ ့သားေတာ္ Ares ဆိုတဲ့ စစ္နတ္ဘုရားတစ္ပါးဟာ လူသားေတြကို စစ္ပြဲေတြအတြက္ ပ်က္ဆီးေအာင္ ဖ်ားေယာင္းေသြးေဆာင္ခဲ့ၿပီး Olympus ေတာင္ကုန္းေပၚမွာ သူ ့ဖခင္ Zeus နတ္ဘုရားၾကီး အပါအဝင္ တစ္ၿခားနတ္ဘုရားအမ်ားစုကိုလည္း ႏွိပ္စက္ သတ္ၿဖတ္ခဲ့တယ္။ Zeus နတ္ဘုရားၾကီးဟာ ေသအံ့ဆဲဆဲမွာပဲ သားေတာ္ စစ္နတ္ဘုရား Ares ကို ႏွိမ္နင္းလိုက္နိုင္ၿပီး ေနာင္တစ္ခ်ိန္မွာ Ares ၿပန္ၿပီး ပုန္ကန္လာရင္ ႏွိမ္နင္းနိုင္မဲ့ လက္နက္တစ္ခုကို ကာကြယ္ေစာင့္ေရွာက္ဖို ့Amazonians ေတြကို တာဝန္ေပးခဲ့တယ္။ ့Amazonians ေတြေနဖို ့လည္း Themyscira ဆိုတဲ့ ကြ်န္းေလးကို ဖန္ဆင္းေပးခဲ့တယ္။ ဒီလို ေရွးနတ္ဘုရားပံုၿပင္ေတြကို ယံုၾကည္တဲ့ Diana တစ္ေယာက္ ယခုကမာၻေပၚမွာၿဖစ္ေနတဲ့ ပထမကမာၻစစ္ၾကီးဟာလည္း စစ္နတ္ဘုရားၾကီး Ares ေၾကာင့္ဟု ယံုၾကည္ကာ Ares ကို တိုက္ခိုက္ရန္ Steve နဲ ့အတူ ၿပင္ပကမာၻၾကီးထဲကို လိုက္ပါလာေတာ့တယ္။ သူမရဲ ့ရည္ရြယ္ခ်က္ကေလးက ရွင္းတယ္။ Ares ကို ရွာလို ့သတ္ၿဖတ္နိုင္ခဲ့ရင္ ကမာၻေပၚကယခု ကမာၻစစ္ၾကီး ၿပီးဆံုးသြားမယ္။ ဒါ သူမယံုၾကည္ခဲ့တာ။ သူမယံုၾကည္ရာကို သူမလုပ္ဖို ့သူမဆံုးၿဖတ္ခဲ့တာပဲေလ။ သူမ ယံုၾကည္ရာကို တိုက္ပြဲဝင္ဖို ့ထြက္လာခဲ့တယ္။ သူမတစ္သက္မွာ တစ္ခါမွ မၾကံုဘူးတ့ဲ လူသားေတြရယ္၊ ေယာက်္ားေတြရယ္၊ ေလာကၾကီးရယ္ကို သူမ ရင္ဆိုင္ရေတာ့မယ္ေလ

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)
Wonder Woman (2017)

No downloads available

Related movies