၂၀၁၄ တုန်းက ပီတာကွင်းလ်၊ဂါမိုရာ၊ ဒရက်၊ ရော့ကက်နဲ့ ဘေ ဘီဂရုတ်ထ်တို့ဟာ ဂလက်ဆီကိုကာကွယ်စောင့်ရှောက်သူတွေအဖြစ် လူသိများပါတယ်။ပီတာကွီးလ် ခေါင်းဆောင်တဲ့ စူပါဟီးရိုးအဖွဲ့ ကို စွမ်းအားမြင့်ဂြိုဟ်သားမျိုးနွယ် စုဖြစ်တဲ့ ဆိုဗာရိန်းတွေကအဖိုး တန်ဘက်ထရီတွေကို လူဆိုးတွေ ရန်က ကာကွယ်ဖို့အတွက် ငှား ရမ်းခဲ့ပါတယ်။အဲဒါတွေထဲက တချို့ကို ရော့ကက်က ခိုးယူလာခဲ့တဲ့အ တွက် ဆိုဗာရိန်းတွေက သူတို့အ ဖွဲ့ရဲ့ယာဉ်ပျံကိုဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်ပြီး အဲဒီဒရုန်းတွေ ကို ထူးဆန်းတဲ့အရာတစ်ခုက ဖျက်ဆီးပေးပေမယ့်လည်းဂါးဒီး ယန်းအဖွဲ့ဟာ သူတို့ရဲ့ယာဉ်ပျံကို နီးစပ်ရာဂြိုဟ်တစ်ခုမှာ ဆင်းသက်ခဲ့ရပါတယ်။ အဲဒီထူးဆန်းတဲ့အ ရာက သူ့ကိုယ်သူ ကွီးလ်ရဲ့ဖခင် အီဂိုဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားပြီး သူနေတဲ့နေရာကို ခေါ် သွားခဲ့ပါတယ်။ကွီးလ်ရဲ့ အဖေအီဂိုက သူ ဟာ နတ်ဘုရားကဲ့သို့သော သူ တစ်ယောက်ဖြစ်ပြီး လူသားအ သွင်ဖန်တီးပြီး အာကာသထဲကို သွားလာရင်းကွီးလ်ရဲ့အမေမယ် ရီဒစ်နဲ့ ဆုံခဲ့တာဖြစ်ကြောင်း ပြော ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဆိုဗာရိန်းတွေရဲ့ ခေါင်းဆောင် အိုင်းရှားကယွန်ဒူဆိုသူနဲ့အဖွဲ့ကို ငှားရမ်းပြီး ကွီးလ်တို့တွေကို လိုက် ရှာဖမ်းဆီးခိုင်းခဲ့ပါတယ်။ ဒီတစ်ခါဇာတ်လမ်းမှာလည်း ခေတ်လွန် သိပ္ပံလက်နက်တွေ၊ ယာဉ်တွေနဲ့အတူ အဆင့်မြင့်အထူးပြုလုပ်ချက်တွေကြောင့်စိတ်ကူးယဉ်သိပ္ပံဇာတ်ကားကြိုက် ပရိသတ်တွေကတော့ သဘောကျမှာ သေချာပါတယ်။ကွီးလ်တို့ဟာ သူတို့တွေကို လိုက်လံတိုက်ခိုက်နေတဲ့ အဖွဲ့ တွေရဲ့ လက်ကလွတ်အောင် ရှောင်ရင်း ဂါးဒီးယန်းအဖွဲ့ ခေါင်းဆောင်ကွီးလ်ရဲ့ မိဘမျိုးရိုးနဲ့ပတ်သက်တဲ့ လျှို့ဝှက်အကြောင်းအရာတွေကိုပါ သိရှိခွင့်ရခဲ့ပါတယ်။ဂါးဒီးယန်းအဖွဲ့တွေနဲ့ ဆိုဗာ ရိန်းတွေ ဘယ်လိုတွေ တိုက်ခိုက် ကြမှာလဲ၊ အဖွဲ့ခေါင်းဆောင်ကွီးလ် ရဲ့ ဘ၀ဇာတ်ကြောင်း အမှန်ကဘာတွေဖြစ်မလဲ၊ ဂလက်ဆီကို ကာကွယ်သူတွေဒီဇာတ်ကားမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ရမလဲဆိုတာ ကြည့်လိုက်ပါဦး။ဒီဇာတ်ကားမှာ ခရစ္စပရက်၊ ဇိုးဆယ်လ်ဒါနာ၊ ဒေ့ဗ်ဘော်တစ္စ တာ၊ ဗင်ဒီဇယ်၊ ဘရက်ဒ်လေကူး ပါး၊မိုက်ကယ်ရူကာ၊ ကယ်ရန်ဂစ် လန်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားပါတယ်(ဇာတ်လမ်းအညွှန်းကိုတော့ http://www.7daydaily.com မှကူးယူဖော်ပြထားတာဖြစ်ပါတယ်)