Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ်
ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့ သူဟာသူသတ်ချင်တဲ့သူကို အိပ်မက်ထဲမှာသတ်လိုက်ဆိုရင်
အပြင်မှာ တကယ်သေသွားရတယ်….
သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ….အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ်
သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူး
ဇာတ်လမ်း အကျဉ်းပြောရမယ်ဆိုရင်တော့
ဇာတ်လမ်းအစမှာ ဒင်းန်တယောက် အိပ်မက်တွေကို ကြောက်လွန်းလို့
မအိပ်ပဲနေခဲ့ရတယ်…….အိပ်လိုက်ပြီဆိုရင်လည်း အိပ်မက်ဆိုးတွေက တန်းလာတော့တာပဲလေ
ဒင်းက ကော်ဖီဆိုင်မှာ သူ့သူငယ်ချင်း ခရစ်ကို အိပ်မက်ဆိုးတွေအကြောင်းပြောမယ့်
ခရစ်ကတော့အဲ့ဒီအကြောင်းတွေ ပြောပြပေမယ့်
တစက်ကလေးမှတောင် အယုံအကြည်မရှိခဲ့ဘူး…သူ့ရှေ့မှာတင် ဒင်းတယောက် ကိုယ့်ဟာကိုယ် သတ်သေသွားရှာတယ်
အမှန်တကယ်က အိပ်မက်ထဲမှာ ဖရက်ဒီတယောက် သတ်သွားခြင်းဖြစ်တယ်
ဖရက်ဒီတယောက်ဘာလို့ အဲ့ဒီလိုတွေ လိုက်သတ်တာလဲ…
ဆက်လက်ပြီး ဘယ်သူတွေကို ဘယ်လိုလိုက်သတ်အုံးမှာလဲ…
မင်းသားဘယ်သူ မင်းသမီးဘယ်သူလို့တောင် ခွဲခြားလို့မရအောင်
သတ်တဲ့အခန်းတွေကို ရက်ရက်စက်စက်ရိုက်ပြထားတာကြောင့်
သွေးသံထိတ်လန့်သူများ မကြည့်ကြဖို့ ပြောချင်ပါတယ်
horror ဇာတ်ကားကြည့်တဲ့သူတွေအတွက် ကြိုက်နှစ်သက်မှာပါ
Credit Review