Exit print mode Print Data A+ A- Undo all

Dark Figure of Crime (2018)

Believe but be doubtful
Dark Figure of Crime (2018)Dark Figure of Crime (2018)

Synopsis:

Dark Figure of Crime ဆိုတာ မှုခင်းဆိုင်ရာ ဝေါဟာရတစ်ရပ်ဖြစ်ပြီး တရားခံမပေါ်တဲ့အမှုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

Serial Killer တစ်ယောက်နဲ့ ရဲစုံထောက်တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအားပြိုင်မှုကို ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း ပုံဖော်တင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ Criminal Thriller ပရိသတ်တွေ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားတစ်ကားလို့ သေချာပေါက်ပြောရဲပါတယ်။ ဇာတ်ကောင်တွေနဲ့အတူ စီးမျောလိုက်ပါခံစားရင်း အမှန်တရားက မျက်စိရှေ့တည့်တည့်မှာ ရှိနေတာတောင် သက်သေပြခွင့်မရတဲ့ အဖြစ်အပျက်တွေ၊ Serial Killer တစ်ယောက်ရဲ့ စိတ်နေသဘောထား အပြုအမူတွေ၊ တရားဥပဒေစိုးမိုးရေးရဲ့ ယိုပေါက်ဟာပေါက်တွေကို စုတ်တသပ်သပ် ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။

မူးယစ်ရဲဌာနက စုံထောက်ကင်ဟျောင်မင်းဟာ ဆေးသမားတစ်ယောက်ရဲ့ အကူအညီနဲ့ ကန်တေးအိုဆိုသူကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီ့ကန်တေးအိုက အပိုင်းပိုင်းခုတ်ဖြတ်ထားတဲ့ အလောင်းတစ်လောင်းကို သူကိုယ်တိုင်မြုပ်ခဲ့ရကြောင်း၊ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်လောက်တုန်းက သူများခိုင်းလို့ လုပ်ခဲ့ရတာဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက် စကားပြောလို့မပြီးခင် လူသတ်မှုစုံစမ်းရေးဌာနက ရဲတွေရောက်လာပြီး ကန်တေးအိုကို ဖမ်းခေါ်သွားခဲ့ပါတယ်။ အကြောင်းကတော့ ကန်တေးအိုဟာ သူ့ချစ်သူကို ကိုယ်တိုင်သတ်မှုနဲ့ ရဲတပ်ဖွဲ့က အလိုရှိနေသူ ဖြစ်နေလို့ပါပဲ။ စီရင်ချက်မချခင် အချုပ်ကျနေတဲ့ကာလမှာ ကန်တေးအိုက စုံထောက်ကင်ဆီဆက်သွယ်ပြီး သူ့ရည်းစားအပါအ၀င် စုစုပေါင်း လူ ၇ယောက်ကို သတ်ပြစ်ခဲ့ကြောင်း သတင်းပေးခဲ့ပါတယ်။ အစောပိုင်းမှာ သူဖြောင့်ချက်ပေးတဲ့ အချက်အလက်တွေက ကွက်တိမှန်ကန်နေတဲ့အတွက် သူ့စကားအတိုင်းအဟုတ်ထင်ပြီး အမှုဖော်ထုတ်ဖို့ စုံထောက်ကင်တစ်ယောက် မူးယစ်ရဲဌာနကနေ လူသတ်မှုစုံစမ်းရေးဌာနကို ပြောင်းလာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့အချိန်ကစပြီး ရဲနဲ့ စုံထောက်တွေ အပါအ၀င် အစိုးရရှေ့နေအဆုံး ကန်တေးအိုရဲ့ကစားကွက်မှာ လှလှပပ ခံရတော့တာပါပဲ။

သူကျူးလွန်ခဲ့သမျှအမှုတွေကို တစ်ခုမကျန် ပြောပြခဲ့ပေမယ့် အပြစ်ရှိကြောင်းသက်သေပြဖို့ အထောက်အထား မခိုင်လုံတဲ့အတွက် တစ်မှုပြီးတစ်မှု လက်လွှတ်လိုက်ရတဲ့အပြင် နဂိုစီရင်ချက်ချပြီးသား အမှုကိုပါ ပြန်လည်စစ်ဆေးပေးဖို့ ကန်တေးအိုဘက်က တောင်းဆိုလာတဲ့အခါမှာတော့…..

စုံထောက်ကင်ရဲ့ ကြိုးစားအားထုတ်မှုတွေ ဘယ်လောက်ထိ အရာထင်မလဲ

တရားဥပဒေဆိုတာ ရာဇ၀တ်ကောင်တစ်ယောက်ရဲ့ လက်ခုပ်ထဲကရေပဲလား

မပြောင်းလဲတဲ့ အမှန်တရားဟာ ဘယ်အချိန်ထိ မျက်ကွယ်ပြုခြင်းခံရမလဲ ဆိုတာကိုတော့

ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစား အားပေးလိုက်ကြပါဦးခင်ဗျာ

Credit Review – May Myat Thu

Translated By Nyi Nyi

Original title
Dark Figure of Crime
Director
Kim Tae-gyoon
Stars
Heo Jin, Jin Sun-kyu, Ju Ji-hoon, Jung Gi-sub, Jung Jong-joon, Kim Joong-ki, Kim Mi-hwa, Kim Yoon-seok, Kim Young-woong, Moon Jeong-hee
Release Date
03 Oct 2018
Rated
Not Rated
Runtime
110 min
Awards
N/A
Country
South Korea
Budget
USD $7 120 949,00
Revenue
USD $29 433 930,00
Popularity
3.29
Status
Released
ID IMDb.com
tt8119680
IMDB Rating
6.6
IMDB votes
615
ID Themoviedb.org
544627
TMDb Rating
5.8
TMDb votes
10