M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Empire of the Sun (1987)
Report error

Empire of the Sun (1987)

Empire of the Sun    

PG 153 min DramaHistoryWar

7.8
IMDB: 7.8/10 105,474 votes

, , , , , , , , ,

Nominated for 6 Oscars. Another 12 wins & 10 nominations.

USA

4563

Report error



ဒုတိယကမ္ဘာကြီးအတွင်း Jamie Graham(Jim) ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ Jim အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားတဲ့သူက ကျနော့်အကြိုက်ဆုံး မင်းသားတစ်လက်ဖြစ်တဲ့ Christian Bale ပေါက်စလေးဖြစ်တယ်။ Jim ဟာ တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ အင်္ဂလိပ်လူကုံထံမိသားစုက တစ်ဦးတည်းသားလေးပါ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်တပ်တွေ ရှန်ဟိုင်းမြို့ကို အလုံးအရင်းနဲ့ ကျူးကျော်ကြတော့တယ်။ Jim တို့မိသားစုလည်း စစ်ဒဏ်ရှောင်ဖို့ နေအိမ်ကိုစွန့်ခွာပြီး ထွက်ပြေးကြရတယ်။ ကံမကောင်းချင်တော့ Jim ဟာ သူ့ကလေးအိမ်မက် လေယာဉ်ပျံရုပ်လေးကို ကုန်းကောက်ရင်းနဲ့ လူအုပ်ကြီးထဲမှာ သူ့မိဘတွေနဲ့ လူကွဲသွားခဲ့ရတယ်။ Jim ဟာ နီးစပ်ရာ တွန်းလှည်းပေါ်တက်ပြီး သူ့မိဘတွေကိုလှမ်းခေါ်တယ်။ Jim အမေက Jim ကိုမြင်နေရပေမယ့် အတူခေါ်သွားဖို့မဖြစ်နိုင်တော့အတွက် Jim ကိုအိမ်ပြန်ပြီး စောင့်နေခိုင်းတယ်။ Jim လည်း တစ်ယောက်တည်း အိမ်ပြန်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ သူ့အမေတို့ကိုမတွေ့ရဘဲ အိမ်ဖော်တရုတ်လူမျိုးတွေက အိမ်တွင်းပစ္စည်းတွေကို ထုတ်ယူနေကြတာဘဲ တွေ့တယ်။ Jim က ” ဘာလုပ်နေကြတာလဲ ” လို့မေးတဲ့အခါ အိမ်ဖော်တရုတ်အမျိုးသမီးက Jim ကို ဘာမှပြန်မပြောဘဲ ပါးရိုက်လိုက်တဲ့ အခန်းဆို Jim ကိုကြည့်ပြီး ရင်ထဲမကောင်းလိုက်တာဗျာ။ Jim တစ်ယောက် သူ့မိဘတွေအိမ်ပြန်လာနိုးနိုးနဲ့ အိမ်ကြီးထဲမှာ သူ့စက်ဘီးလေး လျှောက်စီးလိုက် စားလိုက် သောက်လိုက်နဲ့ စောင့်နေတာ မီးဖိုချောင်ထဲမှာ စားစရာတွေကုန်တဲ့အထိဘဲ။ အိမ်ထဲမှာ စားသောက်စရာမရှိတော့တဲ့ Jim ဟာ သူ့စက်ဘီးလေးဆွဲပြီး မြို့ထဲကိုထွက်လာခဲ့တယ်။ ရှန်ဟိုင်းမြို့ဟာ စစ်ထဲရောက်နေတော့ ပြည်သူတွေလည်း ငတ်မွတ်နေကြတော့ သာမန်လူတွေလည်း စားဝတ်နေရေးအတွက် ခိုး ဆိုး လု နှိုက်တွေ အလိုလို ဖြစ်သွားရော။ Jim လို အင်္ဂလိပ်ကလေးတစ်ယောက်အဖို့ လုံခြုံမှုက အလျှင်းမရှိတော့။ Jim ဟာ ပြေးရင်း လွှားရင်းနဲ့ တရုတ်လူငယ်လေးဆီမှာ စက်ဘီးနဲ့ ဖိနပ်ပါ အလုခံလိုက်ရသေးတယ်။ ကံကောင်းတယ်လို့ ပြောရမလား? ကံဆိုးတယ်လို့ ပြောရမလားဗျာ? ခိုကိုးရာမဲ့နေတဲ့ Jim ကို Basie ဆိုတဲ့ အမေရိကန်လူရွယ်တစ်ယောက်က သူနေထိုင်ရာ သဘောင်္ပေါ်ကအခန်းကိုခေါ်သွားတယ်။ Jim ဟာ Basie ခေါ်လာတဲ့လမ်းတစ်လျှောက်မှာ တစ်မိနစ်မှပါးစပ် အငြိမ်မနေဘဲ ဟိုပြော သည်ပြောလာခဲ့တယ်။ သူ့အဖေဟာ ချမ်းသာတဲ့အကြောင်း၊ Basie သာ သူ့ကိုကောင်းကောင်းစောင့်ရှောက်ထားရင် သူ့အဖေက Basie ကို ဗောက်ဆူးကောင်းကောင်းပေးမယ့်အကြောင်း၊ အိမ်တွင် အလုပ်ခန့်ထားတဲ့ ဒရိုင်ဘာကိုတောင် ဒေါ်လာ ငါးဆယ်ပေးတဲ့အကြောင်း ကြွားလုံးထုတ်ပြီး Christian Bale ကလေးလေး လေဖောနေတာ ချစ်စရာအကောင်းသား။ Basie က နားပူမခံနိုင်တော့လို့ အတင်းတားယူရတယ်။ သဘောင်္ပေါ်က အခန်းကို Jim ရောက်တော့ Basie ကျွေးတဲ့ ထမင်းကြော်နည်းနည်းလေးကို Jim တစ်ယောက် တစ်သက်မှာတစ်ခါစားဖူးသလို အငြိမ်းမရစားပစ်လိုက်တာ Jim ရဲ့တပည့်အတွက် ထမင်းလုံးတစ်လုံးတောင် စားဖို့မကျန်တော့ဘူး။ မနက်လင်းတာနဲ့ Basie ဟာ Jim ကိုတရုတ်သူဌေးတွေဆီ ခိုင်းစားဖို့ သွားရောင်းတယ်။ တရုတ်တွေက ခိုင်းလို့ကောင်းပုံမပေါ်တဲ့ Jim ကိုမဝယ်ကြဘူး။ ဒီလိုနဲ့ Basie ဟာ မှန်းချက်နဲ့ နှမ်းထွက် တက်တက်စင်အောင်လွဲသွားတော့ Jim ဆီက အကျိုးအမြတ်ရလိုရငြား Jim အိမ်ကိုလိုက်ပို့ခိုင်းတယ်။ Jim ဟာ Basieနဲ့ Basie တပည့်ကို အိမ်ခေါ်သွားတဲ့အချိန်မှာ သူ့အိမ်ထဲမှာ မီးပြောင်ပြောင်လင်နေပြီး အကသီချင်းဖွင့်ထားတဲ့အသံကိုကြားတယ်။ အမေနဲ့အဖေ အိမ်ပြန်လာပြီး ကနေကြတယ်ထင်တဲ့ Jim ဟာ ပြတင်းပေါက်ကသွားကြည့်တော့ အထဲမှာ သူ့မိဘတွေကို မတွေ့ရဘဲ ဂျပန်စစ်သားတွေ သီချင်းဖွင့်ပြီးကနေကြတာကို သွားတွေ့တယ်။ ဂျပန်တပ်သားတွေက Jim တို့ကိုမြင်သွားတော့ Jim တို့ထွက်ပြေးကြတာ မအောင်လိုက်ဘူး။ Basie တို့ အာစရိနှစ်ယောက်တော့ ဂျပန်တွေဆီမှာ အထောင်းကောင်းကောင်းခံလိုက်ရတယ်။ အဲ့ဒီမှာ Jim တို့ကို ဂျပန်တပ်သားတွေက ရှန်ဟိုင်းမြို့တစ်နေရာမှာ ဖွင့်ထားတဲ့ အကျဉ်းစခန်းကိုပို့လိုက်တယ်။ လူတွေများလွန်းလို့ အကျဉ်းစခန်းဟာ မသန့်တော့ အကျဉ်းသားတွေဟာ တစ်ယောက်ပြီး တစ်ယောက် ဝမ်းရောဂါနဲ့ သေသွားကြတယ်။ Jim လို မိဘနဲ့ကွဲသွားတဲ့ ကလေးတစ်ယောက်အဖို့ ဒီလိုနေရာမျိုးမှာ အသက်ဆက်ရှင်ဖို့ဆိုတာ ရာခိုင်နှုန်းတော်တော်နည်းတယ်။ ဒါပေမယ့် Jim လေ၊ မိဘကိုလွမ်းနာကျပြီး ခိုကိုးရာမဲ့နေတဲ့ သာမန်ကလေးမျိုးမဟုတ်ဘူး။ Jim က ကလေးပေမယ့် သူ့စိတ်ဓာတ်က သံမဏိလိုမျိုး၊ နေရာဒေသကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလို ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေတတ်တဲ့ ကလေးလေး။

ဒီနောက်ပိုင်းအခန်းက ဇာတ်ရှိန်မြင့်သထက်မြင့်လာတဲ့ အခန်းတွေချည်းမို့ ဆက်ပြီး re မ view တော့ဘူးနော်။ သေချာတာက ကြည့်တဲ့သူတိုင်းကို Jim ဆိုတဲ့ Christian Bale ပေါက်စလေးက ဒီဇာတ်ကားအဆုံးထိ တလွင့်တမျောခေါ်သွားလိမ့်မယ်။ Saving private Ryan တို့ရဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ကလေးတစ်ယောက်က ပေးတဲ့ ဘဝသင်ခန်းစာ၊နေနည်းထိုင်နည်းတွေကို ယူနိုင်ဖို့ ကြည့်ဖြ​စ်​​အောငြ်​ကည်​ကြ့ပါလို့😁😁

Credit Review

Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)
Empire of the Sun (1987)

No downloads available

Related movies