ယခု Underworld: Bloodwars မှာတော့ Lycan တွေအတွက် Marius ဆိုတဲ့ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာပါတယ်။ ထူးဆန်းတာက သူ့မှာ ပျောက်ဆုံးနေတဲ့ Micheal ရဲ့ Hybrid ability မျိုးရှိနေတာပါပဲ။ Marius ရဲ့ ဦးဆောင်မှုနဲ့ Lycan တွေဟာ စနစ်တကျ တပ်ဖွဲ့ပြီး Dark Age တစ်လျှောက် တစ်ခါမှ မရှိဖူးခဲ့တဲ့ အင်အားမျိုးနဲ့ Vampire တွေကို ထိုးစစ်ဆင်လာပါတယ်။ အခြေစိုက်စခန်းတွေ တစ်ခုပြီးတစ်ခု ချေမှုန်းခံလာရတဲ့ Vamp တွေအနေနဲ့လဲ Selene ရဲ့ Viktor ကိုသတ်ခဲ့တဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ပြီး အင်အားဖြည့်တင်းပေးဖို့ အကူအညီတောင်းရပါတော့တယ်။ Race နှစ်ခုလုံးက အလိုရှိနေတဲ့ သမီးကို ကာကွယ်ဖို့ကြိုးစားရင်း Marius တင်မက ကိုယ်နဲ့မျိုးနွယ်တူ သစ္စာဖောက်ကိုပါရင်ဆိုင်ရပါတော့တယ်။ ပျင်းရိချိန်မရှိလောက်အောင် ဇာတ်ကွက်စိပ်လွန်းသလို ပျောက်ဆုံးနေတဲ့ Micheal ၊ Selene ကိုယ်တိုင်တောင် ဘယ်ရောက်နေမှန်းမသိတဲ့ သမီးဖြစ်သူ Eve ၊ David ရဲ့ ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်ချက် အစရှိတဲ့ အရှုပ်အထွေးတွေကြားထဲက Marcus ၊ Viktor ၊ Amelia ခေတ်လွန် Vampire ကမ္ဘာကို အုပ်စိုးသူ မည်သူဖြစ်လာမှာလဲဆိုတာကို အပီအပြင်ရိုက်ကူးပုံဖော်ထားပါတယ်
Credit Review
Translated By Wanna Ko Ko