M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Secret Window (2004)
Report error

Secret Window (2004)

Secret Window    

PG-13 96 min DramaMysteryThriller

6.6
IMDB: 6.6/10 169,015 votes

, , ,

, , , , , , , , ,

3 nominations.

USA

929

Report error

သင်ဟာ စာရေးစာဖတ်စတဲ့ ဘယ်သူ့အကူအညီမှ မပါဘဲ လုပ်လို့ရတဲ့ အပန်းဖြေခြင်းတစ်မျိုးကို စိတ်ဝင်စားသူလား။ မင်းသားချောကြီး ဂျွန်နီဒပ်ရဲ့ ဇာတ်ကားတွေကို နှစ်ခြိုက်သဘောကျတတ်သူလား။ စာရေးဆရာတစ်ယောက်ရဲ့ နေထိုင်မှုပုံစံတစ်ခုကို လေ့လာချင်တဲ့ လူတစ်ယောက်လား။ စိတ်ရောဂါ၊ အိပ်မရ/အိပ်ပျော်လွန် ရောဂါတစ်ခုကို ခံစားနေရသူလား။ လှုပ်လှုပ်ရှားရှား ဇာတ်ကွက် များများစားစား မပါဘဲ ဆိတ်ငြိမ်တဲ့ ရုပ်ရှင်ကားတွေကို ကြည့်ဖို့ဝါသနာပါသူတစ်ယောက်လား။ ဒါဆိုရင်တော့ ကြာမြင့်ချိန် ၉၆ မိနစ်သာရှိတဲ့ ဒီဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
၂၀၀၄ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ စာရေးဆရာ Stephen King ရဲ့ နံမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Secret Window, Secret Garden ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Mort Rainey လို့ခေါ်တဲ့ နံမည်ရ စာရေးဆရာတစ်ယောက်ဟာ သူ့မိန်းမသူ့အပေါ်မှာ ဖောက်ပြန်နေတာ သိရပြီးနောက် ဆင်ခြေဖုံးမြို့လေးတစ်ခုမှာ ရှိတဲ့ ရေကန်သေတစ်ခုဘေးက ဆိတ်ငြိမ်တဲ့ ထပ်ခိုးလေးပါတဲ့ အိမ်လေးတစ်လုံးဆီ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ တစ်ကိုယ်တည်းဘဝနဲ့ မျက်စိတိမ်စွဲနေတဲ့ ခွေးလေးတစ်ကောင်ကို အဖော်လုပ်ပြီး နေလာရာမှာ ခြောက်လလောက် ကြာတဲ့အခါမှာတော့ မစ္စစ္စပီကနေ အမှတ်မထင် ရောက်လာတဲ့ နံမည်မရသေး(ဘူးလို့ထင်ရ)တဲ့ John Shooter လို့ အ မည်ရတဲ့ စာရေးဆရာတစ်ယောက်ဟာ သူ့အိမ်တံခါးကို တဝုန်းဝုန်းလာထုပါတော့တယ်။ မော့တ်က စာရေးစရာ ရှိရင်ရေး၊ မရှိရင် အပြင်ထွက် လိုတာလေးဝယ်၊ ဒါမှမဟုတ်ရင်တော့ အိမ်တွင်းပုန်းပြီး အမြဲအိပ်နေတတ်တဲ့ သူပါ။ ဂျွန်ရှူးတား သူ့အိမ်တံခါးကို လာထုချိန်မှာ သူဟာ အိပ်ပျော်နေခဲ့တယ်။ ဒီဇာတ်ကားတစ်ကားလုံးနီးပါး ဂျွန်နီဒပ်ကို မျက်မှန်အမြဲတပ်ထားရပြီး အစင်းတွေပါတဲ့ လောင်းကုတ်အပြဲကြီးကို အမြဲတစ်စေ ဝတ်ထားတတ်တဲ့ ၊ ဆံပင်စုတ်ဖွား၊ အိပ်မှုန်စုံမွှား၊ ခံစားချက်တွေကို မြိုသိပ်တတ်၊ အထီးကျန်ပြီး တစ်ယောက်တည်းနေတာတောင်ပဲ ဘယ်သူမှ မမြင်အောင် ဆေးလိပ်တွေ ခိုးခိုးသောက်တတ်တဲ့ စာရေးဆရာတစ်ယောက်အဖြစ် တွေ့ရမယ်။
ဂျွန်ရှူးတား သူ့ဆီလာရတဲ့ ရည်ရွယ်ချက်ကတော့ မော့တ်ဟာ ရှူးတားရဲ့ မထင်ရှားသေးတဲ့ ဝတ္ထုတစ်ပုဒ်ကို ခိုးယူခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး စာရင်းရှင်းဖို့ လာခဲ့တာပါ။ ဒါပေမယ်လို့ သူစာရင်းရှင်းချင်တဲ့ ပုံစံက ဥာဏပစ္စည်းခိုးယူမှု၊ မူပိုင်ခွင့် ဒါတွေနဲ့ ဘာမှမဆိုင်ပါဘူး။ လျော်ကြေးတောင်းချင်တာ၊ မော့တ်က တရားဝင်တောင်းပန်စေချင်တာလည်း မဟုတ်ပြန်ဘူး။ ဘာဖြစ်ချင်တာလဲလို့ ပြန်မေးတဲ့အခါမှာ သူက သူ့စာမူရဲ့ အဆုံးသတ်ကို မော့တ်က ကြိုက်သလို ပြင်ဆင် ဖြတ်တောက်ပြီး ထုတ်ခဲ့တာဖြစ်လို့ အဲဒီိအဆုံးသတ်ကို ပြန်ပြင်ပေးပါလို့ သူက တောင်းဆိုခဲ့တယ်။
သူတို့ ပြသနာဖြစ်တဲ့ Sowing Season (ပျိုးကြဲရာသီ) လို့ အမည်ပေးထားတဲ့ ဒီဝတ္ထုကို မော့တ်က ရှူးတားထက် စောပြီး မဂ္ဂဇင်းတစ်ခုထဲမှာ ရေးသားခဲ့တာ ဖြစ်လို့မို့ ခိုးချင်းခိုး ရှူးတားက ခိုးတာပဲလို့ မော့တ်က ပြန်ပြီးစွပ်စွဲချိန်မှာ သူတို့နှစ်ယောက်ကြားက ပြသနာတွေဟာ ကြီးမားလာတယ်။
ဂျွန်ရှူးတားနေရာမှာ John Turturro က Johnny Depp နဲ့ အပြိုင် ပါဝင်ထားတာကို တွေ့ရမယ်။ အမြဲဦးထုပ်နက်တစ်လုံး ဆောင်းထားတတ်ပြီး၊ စကားပြောရင် လေးလေးလံလံ ဖြေးဖြေးနှေးနှေး ပြောတတ်ပြီး၊ အရပ်ရှည်ရှည် ဖြေးဖြေးလေးလေး သွားလာတတ်တဲ့ မစ္စစ္စပီကနေ နျူးယော့ခ်ဆင်ခြေဖုံးက တာ့ရှ်မောလိတ်ခ်ထိ ရောက်လာပြီး မော့တ်ရိန်းနီကို ပြသနာလာရှာတဲ့ စာရေးဆရာတစ်ယောက်အဖြစ် သူပါဝင်ထားတယ်။ ဖောက်ပြန်ခဲ့တဲ့ မော့တ်ရဲ့ မိန်းမနေရာမှာ မင်းသမီးချော Maria Bello ၊ မော့တ်မိန်းမရဲ့ နောက်ယောက်ျားအဖြစ် Timothy Hutton တို့က အဓိကနေရာကနေ ပါဝင်ထားကြတယ်။ လင်ကြီးနဲ့ လင်ငယ်ကြား ဗျာများနေတဲ့ ဇာတ်ရုပ်ထဲက မင်းသမီး မာရီယာရဲ့ သရုပ်ဆောင်မှု၊ အမြဲပေတိပေစုတ်ပုံစံနေတတ်တဲ့ နာမည်ကျော် စာရေးဆရာ မော့တ်ရိန်းနီနေရာက ကမ္ဘာကျော်မင်းသားကြီး ဂျွန်နီဒပ်ရဲ့ ဟန်ပန်၊ များသောအားဖြင့် အပြင်မှာ မြင်ရတတ်တဲ့ လင်ငယ်တစ်ယောက်ရဲ့ စိတ်ထားသေးသွယ်မှု၊ နေရာယူချင်မှု စတဲ့ ကာရိုက်တာတွေအပြည့်နဲ့ ပါဝင်သွားတဲ့ တင်မိုသီရဲ့ မနှစ်ခြိုက်ဖွယ်ရာ အပြုအမူတွေပါတဲ့ ကောင်းမွန်ပြည့်စုံတဲ့ သရုပ်ဆောင်မှု။
စာရေးဆရာနှစ်ယောက်ကြားက ဘယ်သူက ဘယ်သူ့ဟာကို ခိုးလိုက်မှန်းမသိတဲ့ စာမူတစ်ခုကနေ စလိုက်တဲ့ ပြသနာဟာ ကြားထဲက မလိုအပ်သူတွေပါ အသတ်ခံရတဲ့အထိ ကြီးထွားလာ။ မော့တ်ရိန်းနီရဲ့ အကြောက်တရားနဲ့ သူ့ကို ခိုးတယ်လို့ လာစွပ်စွဲသူကို မကျေနပ်တဲ့ စိတ်ခံစားမှု၊ နေ့မသိ ညမသိ အမြဲအိပ်နေတတ်ပြီး အကြောက်တရားရဲ့ ဖိစီးမှုကြောင့် ဖြစ်လာတဲ့ ကယောင်ခြောက်ချား အိပ်မက်တွေ။
Mystery/ Psychological thriller ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တဲ့ ဒါရိုက်တာက David Koepp ဖြစ်ပြီး ဇာတ်ညွှန်းကိုလည်း သူပဲ တာဝန်ယူခဲ့တယ်။ နောက်ခံဂီတကို Philip Galss နဲ့ Geoff Zanelli တို့က တာဝန်ယူခဲ့ပြီး ကမ္ဘာကျော် Columbia Pictures ကုမ္ပဏီကနေ ကန်ဒေါ်လာ သန်းလေးဆယ် ကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၀၀၄ မတ် ၁၂ မှာ ထွက်ရှိလာပြီး ရုံတင်ဝင်ငွေ ကန်ဒေါ်လာ ၉၂.၉ သန်း ပြန်လည်ရရှိခဲ့တယ်။
ဇာတ်ကားကောင်းတစ်ခု ဖြစ်လာဖို့ အားထုတ်ရာမှာ ပရိသတ်က မြင်ရတဲ့ ပိတ်ကားပေါ်မှာ ပါဝင်ခဲ့တဲ့ အဓိက သရုပ်ဆောင်က လေးယောက်ထဲ ပါပါတယ်။ ဒါပေမယ်လို့ အနောက်ကနေ ပံ့ပိုးထားတဲ့ Crew Members ဟာ အယောက်ရှစ်ဆယ်ကျော်ပါဝင်တယ်လို့ စာရင်းတွေအရ သိရပါတယ်။ ဒီဇာတ်ကားကို ၂၀၀၃ ဇူလိုင် ၁၄ ကနေ အောက်တိုဘာ အထိ ရိုက်ကူးခဲ့ပြီး ကနေဒါနဲ့ နျူးယော့ခ်တို့မှာပဲ ရိုက်ကွင်းတည်ရိုက်ကူးခဲ့တာပါ။ Teen Choice Award, Best Actor Award နဲ့ Best Supporting Actor Award နေရာ သုံးနေရာ လျာထားစာရင်းမှာ ပါဝင်ခဲ့ပေမယ့် တစ်ဆုမှ မရခဲ့တဲ့ ဒီဇာတ်ကားကို ကြိုက်ရင်တော့ အကောင်းဆုံးဖြစ်မှာ ဖြစ်ပြီး မကြိုက်ရင်တော့ သိပ်ပျင်းစရာ ကောင်းတဲ့ ကားတစ်ကား ဖြစ်လာမှာပါ။
ဒီဇာတ်ကားမှာ မစ္စစ္စပီက စာရေးဆရာ ဂျွန်ရှူးတား ပြောခဲ့တဲ့ စကားတစ်ခွန်းက ..
“ကျုပ်စာမူကို ခိုးချတာနဲ့ ကျုပ်ဝတ္ထုရဲ့အဆုံးသတ်ကို ဖျက်ဆီးပစ်လိုက်တာ ဘယ်ဟာက ပိုဆိုးလဲဆိုတာ ကျုပ်မတွေးတတ်အောင်ပဲ။” တဲ့။ စာရေးဆရာတိုင်းလိုလို တွေးမိဖူး၊ ခံစားရဖူးတဲ့ အောင့်မျက်တဲ့ အတွေး ခံစားချက်မျိုး ဖြစ်ပါတယ်။ Shooter, Shooter, Shooter .. ခဏခဏ ရွတ်ကြည့်ပါ။ ပြောင်းဖူးတွေလည်း ကိုယ့်မြေကွက်လေးထဲ ကိုယ့်ဟာကိုယ် စိုက်စားပြုတ်စားကြည့်ပါဦး။ ဘယ်သူမှ မရှိတဲ့ အခန်းထဲမှာ ဘယ်သူမှမသိအောင် ဆေးလိပ်သောက်တတ်အောင်လည်း လေ့ကျင့်ကြည့်ဖို့ လိုပါလိမ့်ဦးမယ်။ ဂျွန်ရှူးတားအတွက် မော့တ်ရိန်းနီ အလောင်းဖျောက်ပေးတာကလည်း အတုတောင်ယူဖို့ ကောင်းတဲ့ ဇာတ်ကွက်မျိုးတွေပါ။

Credit Review

M-Sub Movie Channel
Secret Window (2004)
Secret Window (2004)
Secret Window (2004)
Secret Window (2004)
Secret Window (2004)
Secret Window (2004)
Secret Window (2004)
Secret Window (2004)
Secret Window (2004)
Secret Window (2004)
Secret Window (2004)
No downloads available

Related movies