ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ် Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ… သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါ ဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါ ဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို
သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ် လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ… ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့.. ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ ) သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား??? ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ဆိုတာတော့ ရင်တထိတ်ထိတ် နဲ့ ကြည့်ရမှာပါ..အက်ရှင်ကြိုက်သူများအတွက် ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းတစ်ခုပါဗျား…
Credit Review