ဒီကားမှာပါဝင်သရုပ်ဆောင်ထားတာက Ben Affleck, Morgan FreeYman, တို့ဆိုပေမယ့် imdb အနေအထားအရအားမရချင်သလိုဖြစ်မိတော့ စိတ်မပါသလိုကြည့်မိတယ်….သို့သော် ကျွန်တော့် အထင်အနဲ့အမြင် ဟာ ၁၀ မိနစ်တောင်မခံပါဘူး ..ကားက စကထဲက စိတ်ဝင်စားစရာတွေဆွဲခေါ်သွားတယ်….ဒီကားထဲမှာ morgan freeman က စီအိုင်အေဒါရိုက်တာ…Ben Affleck က သမိုင်းပညာရှင်….တစ်နေ့ ရုရှားသမ္မတ ရုတ်တရက်ဆုံးသွားတော့ သမ္မတသစ်တက်လာတယ်….အမေရိကန်သမ္မတက ရုရှားသမ္မတသစ်တက်တယ်ဆိုတော့ သမ္မတသစ်ရဲ့အခြေအနေကို သိလိုတယ်…ဒါကြောင့် စီအိုင်အေဒါရိုက်တာကရုရှားကိုသွားတယ် …သွားတဲ့နေရာမှာ ရုရှားခရီးစဉ်အဆင်ပြေစေဖို့ နောက်တက်မယ့် ရုရှာ သမ္မတအကြောင်းရေးသားတာမှန်နေတဲ့ စာရေးဆရာ Ben Affleckကိုခေါ်သွားတယ်..…သူတို့ခရီးစဉ်ကပြန်လာပြီး သိပ်မကြာဘူး အမေရိကန်မှာ မမျှော်လင့်ဘဲ နျူကလီးယားဗုံး တစ်လုံးမြို့တစ်မြို့မှာပေါက်သွားတယ်……ကိုင်းဆက်ပြောရင် spoilerဖြစ်သွားမို့စိုးလို့ ခံစားကြည့်လိုက်ပါဦးလို့…သေချာတယ်ခင်ဗျားတို့ ဒီကားကြည့်ပြီးရင် IMDb…6.4ကို နည်းလိုက်တာလို့ရေရွတ်မိမှာသေချာတယ်…
Credit Review