အခု ဘောလိဝုဒ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Dangel လို့ပြောလိုက်တာနဲ့
ပရိသတ်အားလုံးသိပြီးသားဖြစ်မှာပါ။ မကြည့်ရသူတွေအတွက် ကြည့်သင့်ပြီး
ာကည့်ပြီးတဲ့သူတွေအတွက်လည်း မရိုးနိုင်တဲ့ ကားကောင်းလေးတစ်ကားပါ။
ဒီကားနဲ့ပတ်သက်ပြီး နာမည် အကြီးဆုံးကတော့ မင်းသားကြီး Aamir Khan ရဲ့ Body transformation ပါပဲ။
နပန်း အားကစားဝါသနာပါလွန်းတဲ့ လူငယ်တစ်ယောက် ရွှေတံဆိပ်ရနိုင်ပါလျက်နဲ့ အထောက်အပံ့မရခဲ့တာကြောင့်
နပန်းအားကစားဘ၀ကနေ အနားယူရတဲ့အထိ ဖြစ်ခဲ့တာပါ။ သူ့ရည်မှန်းချက်ကို သူ့သမီး ၂
ယောက်အပေါ်ပုံအပ်ပြီး လေ့ကျင့်ပေးတဲ့အခါမှာတော့….
အားကစား ရုပ်ရှင်ကားတွေထဲမှာ အကောင်းဆုံးရုပ်ရှင်ကား ဖြစ်ဆဲပါ။ ကြည့်သူတိုင်းလည်း
ျကက်သီးမွှေးညင်းထစေလောက်အောင်ကို အားကစား စိတ်ဓာတ်ဘယ်လောက်ပြင်းထန်လည်းဆိုတာ
ကြည့်ရှုရမှာပါ။အများကြီးလည်း ညွှန်းမနေတော့ပါဘူး။
ကားကောင်းလေးမို့လို့ အမြန်လေး ကြည့်လိုက်ပါဦးလို့…
Credit Review