ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ Winnie the Pooh ကာတွန်းကားကို မှတ်မိအုံးမယ်ထင်ပါတယ်။ ကာတွန်းမဖြစ်ခင် စာအုပ်က ဆင်းသက်လာတဲ့ Winnie the Pooh ကို ဖန်တီးသူနဲ့ အထဲက ဇာတ်ကောင် Christopher Robin တို့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းပါ။ ဖြစ်ရပ်မှန် ဇာတ်ကားတွေကို နှစ်နှစ်သက်သက်ကြည့်ချင်တဲ့သူတွေအတွက် ဒီကားကတော့ တကယ်ကောင်းပါတယ်။ ကလေးဘဝမှာ နာမည်ကြီးလာတဲ့ Christopher Robin တစ်ယောက် အပေါင်းအသင်းတွေကြားမှာ ဝင်ဆံမလား အပယ်ခံဖြစ်လာမလား ? သူ့အဖေ သူ့အမေကတော့ ဘယ်လိုကာကွယ်မူ့တွေလုပ်ပေးမလဲ ? Winnie the Pooh ကိုဘယ်လို idea နဲ့ ဖန်တီးဖြစ်လာသလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။