Unicode
Mae Nak အကြောင်းကို Thai Horro Movies တွေမှာ မကြာခဏ ထည့်သွင်းရိုက်ကူးလေ့ရှိကြပေမယ့်.. အမြဲလိုလို Nang Nak တစ္ဆေဟာ ကြောက်လန့်စရာ၊ ခြောက်ခြားစရာ အဖြစ်သာ ရိုက်ကူးလေ့ရှိကြပါတယ်။ Ghost of Mae Nak (2005) နဲ့ Mae Nak (2012) ဟာ.. ကြည့်မိတဲ့သူတိုင်း ကျောစိမ့်စရာ Horror Movie တွေ အဖြစ်ရပ်တည်ခဲ့တာ GC ပရိသတ်ကြီး မှတ်မိနေကြဦးမှာပါ။ Peemak (2013) အောင်မြင်ခဲ့ရတဲ့ အဓိကအချက်ဟာ.. Horror Movie တစ်ခုကို Horror၊ Comedy နဲ့ Romance ကို သုံးမျိုး အချိုးကျကျ ရောစပ် ဖန်တီးနိုင်ခဲ့လို့ပဲ လို့ ယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံး 3 in 1 Movie တစ်ခုဆိုတာ ခုချိန်ထိ ပြန်ပြောဖြစ်ကြတဲ့အခါတိုင်း.. တခုတ်တရ ပြောယူရတဲ့ ဇါတ်ဝင်ခန်းလေးတွေက သက်သေပါပဲ။ Rattanakosin မင်းဆက် ခေတ်ဦးပိုင်းရဲ့ အချိန်ကာလတစ်ခုမှာ.. Mak ဟာ ကိုယ်ဝန်အရင့်အမာနဲ့ ချစ်ဇနီး Nak ကို ချန်ထားခဲ့ပြီး စစ်မှုထမ်းထွက်ခဲ့ရပါတယ်။ အချစ်ဆုံး သူငယ်ချင်းလေးယောက်နဲ့ သေအတူရှင်မကွာ စစ်မှုထမ်းနေခဲ့တဲ့ Mak ရဲ့ နောက်ကွယ်မှာ.. အိမ်က ချစ်ဇနီး တစ်ယောက် မီးမဖွားနိုင်ဘဲ ဆုံးပါးသွားခဲ့ရပါတယ်။ ရှေ့တန်းက အပြန်မှာ သူငယ်ချင်းလေးယောက်ကို အိမ်အလည်ခေါ်လာတဲ့ Mak တစ်ယောက် အိမ်ပြန်အရောက်မှာ… ဇနီးနဲ့ ရင်သွေးငယ်ကို ပြန်လည်ဆုံတွေ့ရတဲအခါ…
ရွာသူရွာသားတွေက ဘာကြောင့် Mak ကို သူ့ဇနီးသည် ဟာ ဆုံးပါးသွားကြပြီဖြစ်တဲ့အကြောင်း မပြောရဲကြသလဲ Mak ကရော ဘယ်ပုံဘယ်နည်းနဲ့ သိရှိသွားမလဲ. သိရှိသွားတဲ့အခါကျတော့ရော Mak အနေနဲ့ ဘယ်လိုများ ကြေကွဲခံစားရမလဲဆိုတာ မကြည့်ရှုရသေးတဲ့ပရိသတ်ကြီးတွေအတွက် အမြည်းသဘော ညွှန်းဆိုလိုက်ပါတယ်။
Credit Review
Zawgyi
Mae Nak အေၾကာငး္ကို Thai Horro Movies ေတြမွာ မၾကာခဏ ထည့္သြင္းရိုက္ကူးေလ့ရွိၾကေပမယ့္.. အၿမဲလိုလို Nang Nak တေစၦဟာ ေၾကာက္လန္႔စရာ၊ ေျခာက္ျခားစရာ အျဖစ္သာ ရိုက္ကူးေလ့ရွိၾကပါတယ္။ Ghost of Mae Nak (2005) နဲ႔ Mae Nak (2012) ဟာ.. ၾကည့္မိတဲ့သူတိုင္း ေက်ာစိမ့္စရာ Horror Movie ေတြ အျဖစ္ရပ္တည္ခဲ့တာ GC ပရိသတ္ႀကီး မွတ္မိေနၾကဦးမွာပါ။ Peemak (2013) ေအာင္ျမင္ခဲ့ရတဲ့ အဓိကအခ်က္ဟာ.. Horror Movie တစ္ခုကို Horror၊ Comedy နဲ႔ Romance ကို သုံးမ်ိဳး အခ်ိဳးက်က် ေရာစပ္ ဖန္တီးႏိုင္ခဲ့လုိ႔ပဲ လို႔ ယူဆရမွာျဖစ္ပါတယ္။ အေကာင္းဆုံး 3 in 1 Movie တစ္ခုဆိုတာ ခုခ်ိန္ထိ ျပန္ေျပာျဖစ္ၾကတဲ့အခါတိုင္း.. တခုတ္တရ ေျပာယူရတဲ့ ဇါတ္၀င္ခန္းေလးေတြက သက္ေသပါပဲ။ Rattanakosin မင္းဆက္ ေခတ္ဦးပိုင္းရဲ႕ အခ်ိန္ကာလတစ္ခုမွာ.. Mak ဟာ ကိုယ္၀န္အရင့္အမာနဲ႔ ခ်စ္ဇနီး Nak ကို ခ်န္ထားခဲ့ၿပီး စစ္မႈထမ္းထြက္ခဲ့ရပါတယ္။ အခ်စ္ဆုံး သူငယ္ခ်င္းေလးေယာက္နဲ႔ ေသအတူရွင္မကြာ စစ္မႈထမ္းေနခဲ့တဲ့ Mak ရဲ႕ ေနာက္ကြယ္မွာ.. အိမ္က ခ်စ္ဇနီး တစ္ေယာက္ မီးမဖြားႏိုင္ဘဲ ဆုံးပါးသြားခဲ့ရပါတယ္။ ေရွ႕တန္းက အျပန္မွာ သူငယ္ခ်င္းေလးေယာက္ကို အိမ္အလည္ေခၚလာတဲ့ Mak တစ္ေယာက္ အိမ္ျပန္အေရာက္မွာ… ဇနီးနဲ႔ ရင္ေသြးငယ္ကို ျပန္လည္ဆုံေတြ႕ရတဲအခါ…
ရြာသူရြာသားေတြက ဘာေၾကာင့္ Mak ကို သူ႔ဇနီးသည္ ဟာ ဆုံးပါးသြားၾကၿပီျဖစ္တဲ့အေၾကာင္း မေျပာရဲၾကသလဲ Mak ကေရာ ဘယ္ပုံဘယ္နည္းနဲ႔ သိရွိသြားမလဲ. သိရွိသြားတဲ့အခါက်ေတာ့ေရာ Mak အေနနဲ႔ ဘယ္လိုမ်ား ေၾကကြဲခံစားရမလဲဆိုတာ မၾကည့္ရႈရေသးတဲ့ပရိသတ္ႀကီးေတြအတြက္ အျမည္းသေဘာ ညႊန္းဆိုလိုက္ပါတယ္။
Credit Review