M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p The Green Mile (1999)
Report error

The Green Mile (1999)

The Green Mile    

R 189 min CrimeDramaFantasy

8.6
IMDB: 8.6/10 1,038,944 votes

, ,

, , , , , , , , ,

Nominated for 4 Oscars. Another 15 wins & 32 nominations.

USA

593

Report error

Unicode

ကျနော်တို့ဂြိုဟ်ကမ္ဘာမှာ တရားသဖြင့် ဆိုတဲ့စကားဟာ တကယ်ရှိရဲ့လား။ လူသားတစ်ယောက်နဲ့တစ်ယောက် နှိပ်စက်သတ်ဖြတ်ကြတာ ၊ အားငယ်သူကို အားကြီးသူက ညှဉ်းပန်းတာ ၊ မတရားမှုမှန်းသိသိကြီးတောင် ဝင်မစွက်ရဲတာ / ဝင်စွက်ဖို့ရာ အင်အားမလုံလောက်တာ ။ ကျနော်တို့မျက်စိရှေ့လေးတင်မှာပဲ မတရားမှုကို တွန်းလှန်နိုင်တဲ့ အင်အား နည်းပါးလို့ ကျရှုံးခဲ့ရပြီးသူတွေ ဘယ်လောက်လောက် ရှိနေပြီလဲ။ ကျနော်တို့ တတ်နိုင်သရွေ့ကယ်တင်ခဲ့လား။ မမြင်ချင်ယောင်ဆောင်ခဲ့ကြလား။ ဒါမှမဟုတ် သင်ဟာ တစ်ပါးသူနာကျင်မှုုအကြီးစားနဲ့ ညည်းတွားနေတာကို လျှာလေးတသပ်သပ်နဲ့ အရသာခံကြည့်တတ်သူလား။ ကဲ အခု ကျနော်ဇာတ်ကားဟောင်းတစ်ခုအကြောင်း နည်းနည်း ပြန်ပြောပြမယ်လေ။

The Green Mile ဆိုတဲ့ ခြောက်အုပ်တွဲ ဝတ္ထုထဲက ပထမတွဲကို ၁၉၉၆ ခုနှစ် မာ့ချ်လကုန်လောက်မှာ စထုတ်တယ်။ ထုတ်ထုတ်ပြီးချင်းပဲ ဒုတိယတွဲအတွက် လူတွေ အုတ်အော်သောင်းနင်း ရင်ခုန်ကြသတဲ့။ ဒါနဲ့ စာရေးဆရာ Stephen King ရဲ့ The Green Mile အခန်းဆက်ဝတ္ထုရှည်ဟာ ကမ္ဘာကျော်သွားခဲ့တယ်။ ၁၉၉၉ ဒီဇင်ဘာမှာ စကြဝဠာရဲ့အကောင်းဆုံး ဇာတ်လမ်းကောင်းတွေကိုပဲ ထုတ်လုပ်တယ်လို့ကြေငြာထားတဲ့ Warner Brosကနေ The Green Mile အမည်နဲ့ ဇာတ်လမ်းတစ်ပုဒ် စတင်ဖြန့်ချိလာတယ်။ Fantasy crime drama အမျိုးအစားပေါ့။

ဝတ္ထုရော ဇာတ်လမ်းရောက Paul Edgecombe လို့အမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးက သူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင် ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ ချွတ်ချော်တိမ်းပါးမှုတွေ ၊ အမှားအယွင်းနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန် ဇာတ်လမ်းတည်ထားတယ်။ အင်းစိန်ထောင်ထဲမှာ အပြင်လူတွေ မသိနိုင်တဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေနဲ့တချို့ထူးဆန်းအံ့သြဖွယ် ရင်နာဖွယ်အဖြစ်တွေ ၊ တရားရေးနဲ့ဥပဒေရဲ့အားပျော့ကွက်တွေကို တဆင့်ပြန်ကြားနေရပုံနဲ့ ခပ်ဆင်ဆင်ပေါ့။

ပေါလ်ဟာ ၁၉၃၂ခုနှစ်များဆီတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။ သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကို သေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့။ အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့ဥပဒေနဲ့ လူ့နူးညွတ်မှု စိတ်ခံစားချက်နှစ်ခုကြား အလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ် ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။ ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့ အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊ အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတို့ပါ လိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။ အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှ သက်သေအထောကိအထား ခိုင်လုံနေခဲ့ရင်လည်း ခံပေါ့။ ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။ လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။ တခါတလေမှာ စစ်မှန်တဲ့ တရားမျှတမှုဆိုတာ အကြီးဆုံးဒိုင်ဖြစ်တဲ့ အဲဒီဥပဒေဆိုတဲ့ကောင်ဆီမှာတောင် မရှိဘူး။ ဒါဆို ဘာလို့ဥပဒေထားနေတော့မှာလဲ။ ဘာလို့ဥပဒေထားနေတော့မှာလဲဆိုတော့ အသိဉာဏ်နည်းတဲ့ တိရိစ္ဆန်ထက် စိတ်ဓာတ်အထားအသို ပိုနိမ့်ကျတဲ့ လူ့တိရိစ္ဆာန်တွေ ရှိနေလို့ပေါ့။ ဒီတော့လည်း လက်ခံကြရုံပေါ့။

ဒီဇာတ်ကားက ဘာသာရေးကိုလည်း အတန်ငယ် တိမ်းညွှတ်ထားတယ်။ low-angel လို့ပဲ ခေါ်ကြစို့ရဲ့။ အဲဒီတယောက်ဟာ သေဒဏ်ကျခံဖို့ရာ တရားခံမှားယွင်းရောက်ရှိလာသူ ။ တန်ဖိုးမြင့် တန်ခိုးအာနုဘော် ရှိသူ၊ ထွားကျိုင်းသန်မာပြီး အရပ် ခြောက်ပေ ရှစ်လက်မရှိတဲ့ လူမည်းကြီးပေါ့။ ဂျွန်ကော်ဖီတဲ့ ။ John Coffey ပေါ့။ သူ့နံမည်ကလွဲလို့ ကျန်တဲ့စာကို မဖတ်တတ်ရှာသူကြီးပေါ့။ သူ့နံမည်ကိုမေးတိုင်း ”ဂျွန်ကော်ဖှီပါခင်ဗျာ။ သောက်တဲ့ ကော်ဖီနဲ့အသံထွက်တူပါတယ်။ စာလုံးပေါင်းတော့မတူပါဘူး။” လို့ လေးတိလေးကန် ယဉ်ယဉ်ကျေးကျေး ပြန်ပြောတတ်သူကြီးပေါ့။ ဘဝမှာ တခါဘူးမျှ ရုပ်ရှင်မကြည့်ဖူးသူကြီးပေါ့။ လူတိုင်းကို ချိုချိုသာသာနဲ့မျက်ရည်တွေ ဝိုင်းပြီး သနားကရုဏာသက်ဟန်နဲ့ပြောတတ် ကြည့်တတ်သူကြီးပေါ့။ ကိုယ်တိုင်ကတော့ သူတပါးအခက်အခဲတွေကို တတ်နိုင်သလောက် အစွမ်းကုန် ကူညီကယ်တင်ခဲ့ပေမဲ့ ကိုယ့်အလှည့်မှာတော့ ကူည်ီကယ်တင်သူ မရှိရှာဘဲ ဘုရားသခင်လိုပဲ သူတပါးအပြစ်အတွက် ကိုယ့်ကိုကိုယ် စွန့်ပစ်လိုက်ရသူ သနားစရာ လူထွားကြီးပေါ့။

သေဒဏ်ကျခံဖို့ ရောက်နေတဲ့ တခြားအကျဉ်းသား လေးငါးခြောက်ယောက်လည်း ရှိသပေါ့။ သူတို့လည်း သူတို့အကြောင်းနဲ့သူတို့ပေါ့။ သေဖို့နောက်ဆုံးနေ့ရက်နဲ အချိန်အတိအကျကို သိသိကြီးနဲ့စောင့်နေကြရတဲ့ အထီးကျန်လူသားများပေါ့။ ရဒ်အင်ဒီးယန်းတယောက်ပါတယ်၊ ထောင်ထဲက ကြွက်စုတ်လေးတစ်ကောင်အပေါ် သူ့ရဲ့အဖော်အဖြစ် နောက်ဆုံးထွက်သက်ထိ သံယောဇဉ်တကြီး တွယ်ဖက်သွားတဲ့ လူတစ်ယောက်ပါတယ်၊ ဆေးအမြဲကွဲနေတဲ့ ဆေးဘဲတစ်ပွေပါတယ်၊ စသဖြင့်ပေါ့လေ။ သူတို့ရဲ့နောက်ဆုံးချိန်တွေကို သူတို့နဲ့အတူ ကူစောင့်ပေးရင်း သူတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒတွေကို တတ်နိုင်တဲ့ဘက်က ဝိုင်းဖြည့်ပေးနေကြတဲ့ ထောင်ဝန်ထမ်း အရာရှိများရဲ့ ဖြစ်တည်မှုပေါ့။

ဇာတ်ကားကြည့်ရင် ငိုတတ်တဲ့အကျင့် သင်တို့မှာရှိလား။ ကျနော်ကတော့ တယောက်ထဲ ဇာတ်ကားကြည့်မှ စိတ်ကိုလွှတ်ပြီး ကြည့်လေ့ရှိတယ်။ ကိုယ်မျက်ရည်ကျတာကို သူများမလှောင်စေဖို့ပေါ့။ သင်ဟာ အကယ်၍ အဲဒီလို ခံစားမှု အားကောင်းသူဆိုရင် ၊ မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်ပေါ့။ ရှင်တို့ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ ငိုကြွေးရမယ်။ အထီးကျန်ဆန်ရမယ်။ သေဒဏ်ကျခံရတဲ့ အကျဉ်းသားတွေကို ကွပ်မျက်တဲ့ပုံစံက လျှပ်စစ်ကုလားထိုင်မှာ တကိုယ်လုံးကို ဝါယာကြိုးတွေနဲ့ စည်းပြီး စီရင်တဲ့ပုံစံပဲ။ သူတို့ကို စီရင်နေချိန်မှာ သူတို့ရဲ့ အသားတွေကို လျှပ်စစ်ဖြတ်စီးသွားရာကနေ ရလာတဲ့ လူသားညှော်နံ့တွေကို သင်တို့နှာခေါင်းထဲ ရလာလိမ့်မယ်။ သေခြင်းတရားကို ဘယ်လောက်ပဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့တွေးထားထား တကယ့်သေခြင်းတရားဟာ ဗို့အားထောင်ချီပြီး လျှပ်စီးကြောင်းတွေအဖြစ် ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်လာချိန်မှာ အသက်ဓာတ်လေးနဲ့ လက်ရှိဖြစ်တည်မှုလေးအပေါ် ဖကိတွယ်ထားသေးချင်စိတ်က ဟုတ်ခနဲ တောက်ကြွလာမယ်။ သူတို့ရဲ့သေခြင်းတရားအပေါ် ရင်ဆိုင်ကြပုံဟာ ဒီလိုပါလားလို့ သင်တို့ အလန့်တကြားတွေ့ရမယ်။ လောကကြီးရဲ့ တရားမျှတမှုအပေါ်မှာလည်း သံသယဝင်ကောင်း ဝင်လာနိုင်သေးတယ်။

ဇာတ်ညွှန်းသမားနံမည်ကို အရင်မိတ်ဆက်စို့ရဲ့။ ဒီဇာတ်ကားနဲ့အော်စကာရခဲ့တဲ့ ဇာတ်ညွှန်းခွဲသူကတော့ Frank Darabont ပါတဲ့။ နံမည်ကျော် ဒါရိုက်တာတစ်ယောက်လည်းဖြစ်တာမို့ ဒီဇာတ်ကားကို အစအဆုံး သူပဲဇာတ်ညွှန်းခွဲ သူပဲရိုက်ကူးခဲ့တာဖြစ်တယ်။ ပရိုဂျူဆာလည်း သူပဲ။ John Coffey နေရာမှာ Michael Clarke Duncan, supporting roles နေရာတွေမှာ David Morse, Bonnie Hunt, Jamrs Cromwell နဲ့ အသက်ကြီးသွားတဲ့ ပေါလ်အဒ်ချ်ကုမ့်ဘ် နေရာမှာတော့ မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။ ကြုံတုန်း ထည့်ပြောရမယ်ဆိုရင် Dabbs Greer ဟာ အဲဒီကားမှာ သရုပ်ဆောင်စဉ်အချိန်မှာ အသက်ရှစ်ဆယ့်နှစ်နှစ်အရွယ် ရှိနေပြီမို့ ဒါဟာ သူနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်တယ်။ တဲ့။

ဒီဇာတ်ကားရဲ့အားကြီးတဲ့ သက်ရောက်မှုကြောင့် အမေရိကရဲ့ တရားစီရင်ရေးစနစ်အချို့ပြောင်းလဲခဲ့တယ်။ ဝတ္ထုမှာတင် အောင်မြင်ပြီးသား ကမ္ဘာကျော်ပြီးသား The Green Mile ဟာ ဇာတ်လမ်းအနေနဲ့လည်း အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး ဇာတ်ပို့ဆုအဖြစ် Michael Clarke Duncan (John Coffey) တို့ ရရှိခဲ့တယ်။ ကန်ဒေါ်လာ သန်း ၆၀ ကုန်ကျခံရိုက်ကူးခဲ့ပြီး ဝင်ငွေ ၂၉၀.၇ သန်း ကန်ငွေ ပြန်ရခဲ့တယ်။ မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်စေချင်တယ်။ ကြည့်ပြီးရင်လည်း ထပ်ကြည့်ချင်တတ်တဲ့ ကားမျိုးပါ။

Credit Review

Zawgyi

က်ေနာ္တို ့ၿဂိဳဟ္ကမၻာမွာ တရားသျဖင့္ ဆိုတ့ဲစကားဟာ တကယ္ရိွရဲ ့လား။ လူသားတစ္ေယာက္နဲ ့တစ္ေယာက္ ႏွိပ္စက္သတ္ျဖတ္ၾကတာ ၊ အားငယ္သူကို အားႀကီးသူက ညႇဥ္းပန္းတာ ၊ မတရားမႈမွန္းသိသိႀကီးေတာင္ ဝင္မစြက္ရဲတာ / ဝင္စြက္ဖို ့ရာ အင္အားမလံုေလာက္တာ ။ က်ေနာ္တို ့မ်က္စိေ႐ွ ့ေလးတင္မွာပဲ မတရားမႈကို တြန္းလွန္ႏိုင္တ့ဲ အင္အား နည္းပါးလို ့ က်ရံႈးခ့ဲရၿပီးသူေတြ ဘယ္ေလာက္ေလာက္ ရိွေနၿပီလဲ။ က်ေနာ္တို ့ တတ္ႏိုင္သေရြ ့ကယ္တင္ခ့ဲလား။ မျမင္ခ်င္ေယာင္ေဆာင္ခ့ဲၾကလား။ ဒါမွမဟုတ္ သင္ဟာ တစ္ပါးသူနာက်င္မႈုအႀကီးစားနဲ ့ ညည္းတြားေနတာကို လ်ွာေလးတသပ္သပ္နဲ ့ အရသာခံၾကည့္တတ္သူလား။ ကဲ အခု က်ေနာ္ဇာတ္ကားေဟာင္းတစ္ခုအေၾကာင္း နည္းနည္း ျပန္ေျပာျပမယ္ေလ။

The Green Mile ဆိုတ့ဲ ေျခာက္အုပ္တြဲ ဝတၳဳထဲက ပထမတြဲကို ၁၉၉၆ ခုႏွစ္ မာ့ခ်္လကုန္ေလာက္မွာ စထုတ္တယ္။ ထုတ္ထုတ္ၿပီးခ်င္းပဲ ဒုတိယတြဲအတြက္ လူေတြ အုတ္ေအာ္ေသာင္းနင္း ရင္ခုန္ၾကသတ့ဲ။ ဒါနဲ ့ စာေရးဆရာ Stephen King ရဲ ့ The Green Mile အခန္းဆက္ဝတၳဳ႐ွည္ဟာ ကမၻာေက်ာ္သြားခ့ဲတယ္။ ၁၉၉၉ ဒီဇင္ဘာမွာ စၾကဝဠာရဲ ့အေကာင္းဆံုး ဇာတ္လမ္းေကာင္းေတြကိုပဲ ထုတ္လုပ္တယ္လို ့ေၾကျငာထားတ့ဲ Warner Brosကေန The Green Mile အမည္နဲ ့ ဇာတ္လမ္းတစ္ပုဒ္ စတင္ျဖန္ ့ခ်ိလာတယ္။ Fantasy crime drama အမ်ိဳးအစားေပါ့။

ဝတၳဳေရာ ဇာတ္လမ္းေရာက Paul Edgecombe လို ့အမည္ရတ့ဲ ေထာင္ဝါဒါေဟာင္းတစ္ဦးက သူ ့ရဲ ့မိတ္ေဆြျဖစ္သူကို ၁၉၃၀ ဝန္းက်င္ ကာလေတြတုန္းက အေမရိကရဲ ့ တရားစီရင္ေရးနဲ ့ ခြၽတ္ေခ်ာ္တိမ္းပါးမႈေတြ ၊ အမွားအယြင္းနဲ ့အားနည္းခ်က္ေတြအေၾကာင္းကို ျပန္ေျပာျပေနဟန္ ဇာတ္လမ္းတည္ထားတယ္။ အင္းစိန္ေထာင္ထဲမွာ အျပင္လူေတြ မသိႏိုင္တ့ဲ အရမ္းစိတ္ဝင္စားဖို ့ေကာင္းတ့ဲ အေၾကာင္းေတြနဲ ့တခ်ိဳ ့ထူးဆန္းအ့ံျသဖြယ္ ရင္နာဖြယ္အျဖစ္ေတြ ၊ တရားေရးနဲ ့ဥပေဒရဲ ့အားေပ်ာ့ကြက္ေတြကို တဆင့္ျပန္ၾကားေနရပံုနဲ ့ ခပ္ဆင္ဆင္ေပါ့။

ေပါလ္ဟာ ၁၉၃၂ခုႏွစ္မ်ားဆီတုန္းကေတာ့ ငယ္ရြယ္သန္မာတ့ဲ ေထာင္ဝါဒါ လူလတ္ပိုင္းတစ္ဦးေပါ့။ သူႀကီးၾကပ္ရတ့ဲ ဝါ့ဒ္က ေသဒဏ္က် အက်ဥ္းသားေတြကို ေသဒဏ္မေပးခင္ ယာယီခ်ဳပ္တ့ဲ ဝါ့ဒ္ေပါ့။ အင္မတန္ စည္းကမ္းထားရၿပီး တင္းျကပ္ထားတ႔ဲဥပေဒနဲ ့ လူ ့ႏူးၫြတ္မႈ စိတ္ခံစားခ်က္ႏွစ္ခုၾကား အလယ္တည့္တည့္မွာ ၊ ဒါမွမဟုတ္ ဥပေဒဘက္ျခမ္းမွာ မတ္မတ္ေနေပးရတ့ဲ ေနရာေပါ့။ ဒီေနရာဟာ ေသဒဏ္က်ခံ အက်ဥ္းသားေတြရဲ႕ အထီးက်န္ဆန္မႈေတြ၊ ေနာင္တနဲ ့ ညည္းတြားသံေတြ၊ အားငယ္စိတ္ပ်က္ဟန္ေတြၾကား ေထာင္အုပ္ခ်ုပ္သူတို ့ပါ လိုက္ၿပီး ယိမ္းယိုင္မသြားေအာင္ ဟန္ခ်က္လိုက္ညိွေနရတ့ဲ ေနရာေပါ့။ အျပစ္လုပ္ခ့ဲရင္လည္းခံ၊ မလုပ္ခ့ဲသည္ရိွေသာ္မွ သက္ေသအေထာကိအထား ခိုင္လံုေနခ့ဲရင္လည္း ခံေပါ့။ ဥပေဒဟာ တကယ့္ကို စာအုပ္ႀကီးပဲ။ လူသားခ်င္း စာနာေထာက္ထားစိတ္ သူ ့မွာမရိွဘူး။ တခါတေလမွာ စစ္မွန္တ့ဲ တရားမ်ွတမႈဆိုတာ အႀကီးဆံုးဒိုင္ျဖစ္တ့ဲ အဲဒီဥပေဒဆိုတ့ဲေကာင္ဆီမွာေတာင္ မရိွဘူး။ ဒါဆို ဘာလို ့ဥပေဒထားေနေတာ့မွာလဲ။ ဘာလို ့ဥပေဒထားေနေတာ့မွာလဲဆိုေတာ့ အသိဥာဏ္နည္းတ့ဲ တိရိစၦန္ထက္ စိတ္ဓာတ္အထားအသို ပိုနိမ့္က်တ့ဲ လူ ့တိရိစၦာန္ေတြ ရိွေနလို ့ေပါ့။ ဒီေတာ့လည္း လက္ခံၾကရံုေပါ့။

ဒီဇာတ္ကားက ဘာသာေရးကိုလည္း အတန္ငယ္ တိမ္းၫႊတ္ထားတယ္။ low-angel လို ့ပဲ ေခၚၾကစို ့ရဲ ့။ အဲဒီတေယာက္ဟာ ေသဒဏ္က်ခံဖို ့ရာ တရားခံမွားယြင္းေရာက္ရိွလာသူ ။ တန္ဖိုးျမင့္ တန္ခိုးအာႏုေဘာ္ ရိွသူ၊ ထြားက်ိဳင္းသန္မာၿပီး အရပ္ ေျခာက္ေပ ႐ွစ္လက္မရိွတ့ဲ လူမည္းႀကီးေပါ့။ ဂြၽန္ေကာ္ဖီတ့ဲ ။ John Coffey ေပါ့။ သူ ့နံမည္ကလြဲလို ့ က်န္တ့ဲစာကို မဖတ္တတ္႐ွာသူႀကီးေပါ့။ သူ ့နံမည္ကိုေမးတိုင္း ”ဂြၽန္ေကာ္ဖွီပါခင္ဗ်ာ။ ေသာက္တ့ဲ ေကာ္ဖီနဲ ့အသံထြက္တူပါတယ္။ စာလံုးေပါင္းေတာ့မတူပါဘူး။” လို ့ ေလးတိေလးကန္ ယဥ္ယဥ္ေက်းေက်း ျပန္ေျပာတတ္သူႀကီးေပါ့။ ဘဝမွာ တခါဘူးမ်ွ ႐ုပ္႐ွင္မၾကည့္ဖူးသူႀကီးေပါ့။ လူတိုင္းကို ခ်ိဳခ်ိဳသာသာနဲ ့မ်က္ရည္ေတြ ဝိုင္းၿပီး သနားက႐ုဏာသက္ဟန္နဲ ့ေျပာတတ္ ၾကည့္တတ္သူႀကိီးေပါ့။ ကိုယ္တိုင္ကေတာ့ သူတပါးအခက္အခဲေတြကို တတ္ႏိုင္သေလာက္ အစြမ္းကုန္ ကူညီကယ္တင္ခ့ဲေပမ့ဲ ကိုယ့္အလွည့္မွာေတာ့ ကူည္ီကယ္တင္သူ မရိွ႐ွာဘဲ ဘုရားသခင္လိုပဲ သူတပါးအျပစ္အတြက္ ကိုယ့္ကိုကိုယ္ စြန္ ့ပစ္လိုက္ရသူ သနားစရာ လူထြားႀကီးေပါ့။

ေသဒဏ္က်ခံဖို ့ ေရာက္ေနတ့ဲ တျခားအက်ဥ္းသား ေလးငါးေျခာက္ေယာက္လည္း ရိွသေပါ့။ သူတို ့လည္း သူတို ့အေၾကာင္းနဲ ့သူတို႔ေပါ့။ ေသဖို ့ေနာက္ဆံုးေန ့ရက္နဲ အခ်ိန္အတိအက်ကို သိသိႀကီးနဲ ့ေစာင့္ေနၾကရတ့ဲ အထီးက်န္လူသားမ်ားေပါ့။ ရဒ္အင္ဒီးယန္းတေယာက္ပါတယ္၊ ေထာင္ထဲက ႂကြက္စုတ္ေလးတစ္ေကာင္အေပၚ သူ ့ရဲ ့အေဖာ္အျဖစ္ ေနာက္ဆံုးထြက္သက္ထိ သံေယာဇဥ္တႀကီး တြယ္ဖက္သြားတ့ဲ လူတစ္ေယာက္ပါတယ္၊ ေဆးအျမဲကြဲေနတ့ဲ ေဆးဘဲတစ္ေပြပါတယ္၊ စသျဖင့္ေပါ့ေလ။ သူတို ့ရဲ႕ေနာက္ဆံုးခ်ိန္ေတြကို သူတို ့နဲ ့အတူ ကူေစာင့္ေပးရင္း သူတို ့ျဖစ္ခ်င္တ့ဲ ေနာက္ဆံုးဆႏၵေတြကို တတ္ႏိုင္တ့ဲဘက္က ဝိုင္းျဖည့္ေပးေနၾကတ့ဲ ေထာင္ဝန္ထမ္း အရာရိွမ်ားရဲ ့ ျဖစ္တည္မႈေပါ့။

ဇာတ္ကားၾကည့္ရင္ ငိုတတ္တ့ဲအက်င့္ သင္တို ့မွာရိွလား။ က်ေနာ္ကေတာ့ တေယာက္ထဲ ဇာတ္ကားၾကည့္မွ စိတ္ကိုလႊတ္ၿပီး ၾကည့္ေလ့ရိွတယ္။ ကိုယ္မ်က္ရည္က်တာကို သူမ်ားမေလွာင္ေစဖို ့ေပါ့။ သင္ဟာ အကယ္၍ အဲဒီလို ခံစားမႈ အားေကာင္းသူဆိုရင္ ၊ မၾကည့္ရေသးဘူးဆိုရင္ ၾကည့္ျဖစ္ေအာင္ ၾကည့္ေပါ့။ ႐ွင္တို ့ၾကည္ႏူးရမယ္။ ဝမ္းနည္းရမယ္။ ငိုေႂကြးရမယ္။ အထီးက်န္ဆန္ရမယ္။ ေသဒဏ္က်ခံရတ့ဲ အက်ဥ္းသားေတြကို ကြပ္မ်က္တ့ဲပံုစံက လ်ွပ္စစ္ကုလားထိုင္မွာ တကိုယ္လံုးကို ဝါယာႀကိဳးေတြနဲ ့ စည္းၿပီး စီရင္တ့ဲပံုစံပဲ။ သူတို ့ကို စီရင္ေနခ်ိန္မွာ သူတို ့ရဲ ့ အသားေတြကို လ်ွပ္စစ္ျဖတ္စီးသြားရာကေန ရလာတ့ဲ လူသားေညႇာ္နံ ့ေတြကို သင္တို ့ႏွာေခါင္းထဲ ရလာလိမ့္မယ္။ ေသျခင္းတရားကို ဘယ္ေလာက္ပဲ ၾက့ံၾက့ံခံ ရင္ဆိုင္ဖို ့ေတြးထားထား တကယ့္ေသျခင္းတရားဟာ ဗို ့အားေထာင္ခ်ီၿပီး လ်ွပ္စီးေၾကာင္းေတြအျဖစ္ ကိုယ့္ခႏၶာကိုယ္ထဲ ဝင္လာခ်ိန္မွာ အသက္ဓာတ္ေလးနဲ ့ လက္ရိွျဖစ္တည္မႈေလးအေပၚ ဖကိတြယ္ထားေသးခ်င္စိတ္က ဟုတ္ခနဲ ေတာက္ႂကြလာမယ္။ သူတို ့ရဲ ့ေသျခင္းတရားအေပၚ ရင္ဆိုင္ၾကပံုဟာ ဒီလိုပါလားလို ့ သင္တို ့ အလန္႔တၾကားေတြ ့ရမယ္။ ေလာကႀကီးရဲ ့ တရားမ်ွတမႈအေပၚမွာလည္း သံသယဝင္ေကာင္း ဝင္လာႏိုင္ေသးတယ္။

ဇာတ္ၫႊန္းသမားနံမည္ကို အရင္မိတ္ဆက္စို ့ရဲ႕။ ဒီဇာတ္ကားနဲ ့ေအာ္စကာရခ့ဲတ့ဲ ဇာတ္ၫႊန္းခြဲသူကေတာ့ Frank Darabont ပါတ့ဲ။ နံမည္ေက်ာ္ ဒါ႐ိုက္တာတစ္ေယာက္လည္းျဖစ္တာမို ့ ဒီဇာတ္ကားကို အစအဆံုး သူပဲဇာတ္ၫႊန္းခြဲ သူပဲ႐ိုက္ကူးခ့ဲတာျဖစ္တယ္။ ပ႐ိုဂ်ဴဆာလည္း သူပဲ။ John Coffey ေနရာမွာ Michael Clarke Duncan, supporting roles ေနရာေတြမွာ David Morse, Bonnie Hunt, Jamrs Cromwell နဲ ့ အသက္ႀကီးသြားတ့ဲ ေပါလ္အဒ္ခ်္ကုမ့္ဘ္ ေနရာမွာေတာ့ မင္းသားႀကီး Dabbs Greer တို ့ပါဝင္သ႐ုပ္ေဆာင္ထားတယ္။ ၾကံဳတုန္း ထည့္ေျပာရမယ္ဆိုရင္ Dabbs Greer ဟာ အဲဒီကားမွာ သ႐ုပ္ေဆာင္စဥ္အခ်ိန္မွာ အသက္႐ွစ္ဆယ့္ႏွစ္ႏွစ္အရြယ္ ရိွေနၿပီမို ့ ဒါဟာ သူေနာက္ဆံုးသ႐ုပ္ေဆာင္ခ့ဲတ့ဲ ဇာတ္ကားလည္းျဖစ္တယ္။ တ့ဲ။

ဒီဇာတ္ကားရဲ ့အားႀကီးတ့ဲ သက္ေရာက္မႈေၾကာင့္ အေမရိကရဲ ့ တရားစီရင္ေရးစနစ္အခ်ိဳ ့ေျပာင္းလဲခ့ဲတယ္။ ဝတၳဳမွာတင္ ေအာင္ျမင္ၿပီးသား ကမၻာေက်ာ္ၿပီးသား The Green Mile ဟာ ဇာတ္လမ္းအေနနဲ ့လည္း အေကာင္းဆံုးဇာတ္ကားဆု၊ အေကာင္းဆံုး အသံဆု၊ အေကာင္းဆံုး ဇာတ္ၫႊန္းဆုနဲ ့ အေကာင္းဆံုး ဇာတ္ပို ့ဆုအျဖစ္ Michael Clarke Duncan (John Coffey) တို ့ ရရိွခ့ဲတယ္။ ကန္ေဒၚလာ သန္း ၆၀ ကုန္က်ခံ႐ိုက္ကူးခ့ဲၿပီး ဝင္ေငြ ၂၉၀.၇ သန္း ကန္ေငြ ျပန္ရခ့ဲတယ္။ မၾကည့္ရေသးဘူးဆိုရင္ ၾကည့္ျဖစ္ေအာင္ ၾကည့္ေစခ်င္တယ္။ ၾကည့္ၿပီးရင္လည္း ထပ္ၾကည့္ခ်င္တတ္တ့ဲ ကားမ်ိဳးပါ။

Credit Review

M-Sub Movie Channel
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
The Green Mile (1999)
No downloads available

Related movies