M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Web-dl 1080p Homestay (2018)
Report error

Report error

Unicode

ဒီတစ်ခါမှာတော့ 2018ထွက်ထိုင်းကားထဲက best movie listထဲမှာ ပါတဲ့Homestayဆိုတဲ့ ထိုင်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် Ratingလည်းကောင်းပြီး ဆုတွေလည်း အများကြီးရထားတဲ့ကားလေးပါ ထွက်ဖို့လည်းမတရားစောင့်လိုက်ရပါတယ်

အခုခေတ်မှာဆို ဆယ်ကျော်သက်အရွယ်တွေက စိတ်ကျရောဂါဖြစ်လွယ်ကြပါတယ် ..ဥပမာပြောရရင် ၁၆နှစ် ၁၇နှစ်အရွယ်လောက်ပေါ့

မိသားစုကြောင့်လည်းဖြစ်နိုင်တယ် တခြားသောကိစ္စတွေကြောင့်လည်းဖြစ်နိုင်တယ်

တစ်ခါတစ်လေကျ ကိုယ့်ကိုဘယ်သူမှ မချစ်ဘူးလို့ ထင်ပြီး စိတ်ပျက်အားငယ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်

တစ်ခုခုကြောင့်စိတ်ဓာတ်ကျပြီး ကိုယ့်ကိုကိုယ်သတ်သေချင်လောက်တဲ့အထိခံစားနေရရင်တော့ Homestayကိုကြည့်လိုက်ပါ

သင့်ကိုဘယ်သူမှ မချစ်ဘူးလို့ ထင်နေတာကိုရပ်လိုက်ပါ

ပြဿနာက စိတ်ဓာတ်ကျဖို့ မဟုတ်ဘူး ဖြေရှင်းရမှာပါ

ငါဘာလို့ စိတ်ဓာတ်ကျနေတာလဲ ငါ့ကိုစိတ်ညစ်စေတာဘယ်သူတွေလဲ အဲ့လိုကစတွေးပါ

ညီမတို့တွေက လောကကြီးထဲမှာ ခဏတာလာရောက်နေထိုင်ကြတဲ့သူတွေပဲမလား

ခဏတာလာရောက်ရတဲ့အချိန်လေးမှာ ဘာလို့စိတ်ညစ်စိတ်ဓာတ်ကျနေမှာလဲနော်

ဒီကားထဲမှာလည်း ဒီလိုပါပဲ

Minဆိုတဲ့ကောင်လေးက ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်

ဒါပေမဲ့ သူဘာလို့သတ်သေခဲ့လဲဆိုတာ ဘယ်သူမှမသိကြဘူး

အဲ့အချိန်မှာ Minကိုယ်ထဲကိုတခြားဝိညာဉ်ကိုထည့်ပြီး Minဘာလို့ ကိုယ့်ကိုကိုယ်သတ်သေလဲဆိုတဲ့ အကြောင်းအရင်းကို ရှာခိုင်းတယ်

အချိန်က ရက်၁၀၀..

Minသေတဲ့အကြောင်းကို သူသိရင် ဒီခန္ဓာကိုယ်ကိုသူပိုင်ပြီ

သူမသိရင်တော့ သူ့ဝိညာဉ်ကနောက်ထပ်တစ်ဖန်တောင် ပြန်မမွေးဖွားနိုင်ဘူးတဲ့လေ

ဒါဟာဆုမဟုတ်တဲ့ ပြစ်ဒဏ်များလား

Minသေရာကပြန်ရှင်လာပြီလို့ တစ်မိသားစုလုံးကထင်ခဲ့ကြတယ်

အရင်ကဒူးရင်းသီးမစားနိုင်တဲ့Min

ခုတော့ ဒူးရင်းသီးတွေစားနိုင်လာပြီ

Minကိုယ်ထဲ ဝိညာဉ်ကတော့ Minဘာလို့သတ်သေခဲ့လဲ အဖြေရှာနေဆဲပဲ

နောက်ဆုံးမှာ Minnကို သတ်သေချင်လောက်တဲ့အထိဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ

Min မိသားစုလား ?Minအရမ်းချစ်ရတဲ့ ကောင်မလေးလား?

Minnကိုယ်ထဲကဝိညာဉ်လေးက ဖော်ထုတ်နိုင်မှာလား

အခုပဲHomestayကိုdownကြည့်ပြီး စိတ်ဓာတ်ကျနေရင် မိုးပေါ်ထိပြန်တင်လိုက်ကြနော်

Zawgyi

ဒီတစ္ခါမွာေတာ့ 2018ထြက္ထိုင္းကားထဲက best movie listထဲမွာ ပါတဲ့Homestayဆိုတဲ့ ထိုင္းကားေလးကိုတင္ဆက္ေပးလိုက္ပါတယ္ Ratingလည္းေကာင္းၿပီး ဆုေတြလည္း အမ်ားႀကီးရထားတဲ့ကားေလးပါ ထြက္ဖို႔လည္းမတရားေစာင့္လိုက္ရပါတယ္

အခုေခတ္မွာဆို ဆယ္ေက်ာ္သက္အရြယ္ေတြက စိတ္က်ေရာဂါျဖစ္လြယ္ၾကပါတယ္ ..ဥပမာေျပာရရင္ ၁၆ႏွစ္ ၁၇ႏွစ္အရြယ္ေလာက္ေပါ့

မိသားစုေၾကာင့္လည္းျဖစ္ႏုိင္တယ္ တျခားေသာကိစၥေတြေၾကာင့္လည္းျဖစ္ႏုိင္တယ္

တစ္ခါတစ္ေလက် ကိုယ့္ကိုဘယ္သူမွ မခ်စ္ဘူးလို႔ ထင္ၿပီး စိတ္ပ်က္အားငယ္တာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္

တစ္ခုခုေၾကာင့္စိတ္ဓာတ္က်ၿပီး ကိုယ့္ကိုကိုယ္သတ္ေသခ်င္ေလာက္တဲ့အထိခံစားေနရရင္ေတာ့ Homestayကိုၾကည့္လိုက္ပါ

သင့္ကိုဘယ္သူမွ မခ်စ္ဘူးလို႔ ထင္ေနတာကိုရပ္လိုက္ပါ

ျပႆနာက စိတ္ဓာတ္က်ဖို႔ မဟုတ္ဘူး ေျဖရွင္းရမွာပါ

ငါဘာလို႔ စိတ္ဓာတ္က်ေနတာလဲ ငါ့ကိုစိတ္ညစ္ေစတာဘယ္သူေတြလဲ အဲ့လိုကစေတြးပါ

ညီမတို႔ေတြက ေလာကႀကီးထဲမွာ ခဏတာလာေရာက္ေနထိုင္ၾကတဲ့သူေတြပဲမလား

ခဏတာလာေရာက္ရတဲ့အခ်ိန္ေလးမွာ ဘာလို႔စိတ္ညစ္စိတ္ဓာတ္က်ေနမွာလဲေနာ္

ဒီကားထဲမွာလည္း ဒီလိုပါပဲ

Minဆိုတဲ့ေကာင္ေလးက ကိုယ့္ကိုကိုယ္သတ္ေသခဲ့တယ္

ဒါေပမဲ့ သူဘာလို႔သတ္ေသခဲ့လဲဆိုတာ ဘယ္သူမွမသိၾကဘူး

အဲ့အခ်ိန္မွာ Minကိုယ္ထဲကိုတျခားဝိညာဥ္ကိုထည့္ၿပီး Minဘာလို႔ ကိုယ့္ကိုကိုယ္သတ္ေသလဲဆိုတဲ့ အေၾကာင္းအရင္းကို ရွာခိုင္းတယ္

အခ်ိန္က ရက္၁၀၀..

Minေသတဲ့အေၾကာင္းကို သူသိရင္ ဒီခနၶာကိုယ္ကိုသူပိုင္ၿပီ

သူမသိရင္ေတာ့ သူ႔ဝိညာဥ္ကေနာက္ထပ္တစ္ဖန္ေတာင္ ျပန္မေမြးဖြားႏုိင္ဘူးတဲ့ေလ

ဒါဟာဆုမဟုတ္တဲ့ ျပစ္ဒဏ္မ်ားလား

Minေသရာကျပန္ရွင္လာၿပီလို႔ တစ္မိသားစုလံုးကထင္ခဲ့ၾကတယ္

အရင္ကဒူးရင္းသီးမစားႏုိင္တဲ့Min

ခုေတာ့ ဒူးရင္းသီးေတြစားႏုိင္လာၿပီ

Minကိုယ္ထဲ ဝိညာဥ္ကေတာ့ Minဘာလို႔သတ္ေသခဲ့လဲ အေျဖရွာေနဆဲပဲ

ေနာက္ဆံုးမွာ Minnကို သတ္ေသခ်င္ေလာက္တဲ့အထိျဖစ္ေအာင္ ဘယ္သူလုပ္ခဲ့တာလဲ

Min မိသားစုလား ?Minအရမ္းခ်စ္ရတဲ့ ေကာင္မေလးလား?

Minnကိုယ္ထဲကဝိညာဥ္ေလးက ေဖာ္ထုတ္ႏုိင္မွာလား

အခုပဲHomestayကိုdownၾကည့္ၿပီး စိတ္ဓာတ္က်ေနရင္ မိုးေပၚထိျပန္တင္လိုက္ၾကေနာ္

M-Sub Movie Channel
Homestay (2018)
Homestay (2018)
Homestay (2018)
Homestay (2018)
No downloads available

Related movies