M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p Midnight Runners (2017)
Report error

Midnight Runners (2017)

Midnight Runners    

Not Rated 109 min ActionComedy

7.1
IMDB: 7.1/10 3,066 votes

, , , , , , , ,

4 wins & 2 nominations.

South Korea

4003

Report error



Unicode

Midnight Runners ဟာ သြဂုတ်လ 9 ရက်မှာရုံတင်ခဲ့ပြီး ကိုရီးယား လူငယ်မင်းသားတွေဖြစ်တဲ့ Park Seo-joon, Kang Ha-neul တို့ အဓိက သရုပ်ဆောင်ထားတဲ့ ဟာသ-အက်ရှင် အသားပေး ရုပ်ရှင်ပါ။ ဒါရိုက်တာအဖြစ် Kim Joo-hwan က တာဝန်ယူရိုက်ကူးပါတယ်။

ရုပ်ရှင်မှာတော့ Park Seo-joon က Mr.Action စရိုက်က ပါဝင်ထားပြီး ခပ်သွက်သွက်နဲ့ သွေးဆူလွယ်ကာ ကိစ္စတခုဖြစ်ရင် လုပ်ချင်ရာလုပ်ထည့်လိုက်ပြီးမှ စဉ်းစားဆင်ခြင်မှုကို နောက်မှလုပ်သူဖြစ်တယ်။ Kang Ha-neul ကတော့ Park Seo-joon နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ပုံစံခပ်တုံးတုံးနဲ့ဖြစ်ကာ လက်တွေ့လုပ်ရမှာထက် တွေဝေစဉ်းစားနေတတ်တဲ့ စာကြမ်းပိုးလေး Mr.Bookworm အဖြစ် ပါဝင်ထားပါတယ်။

သူတို့နှစ်ဦးက ကိုရီးယားရဲတက္ကသိုလ်ကို တက်ရောက်ကြမယ့် ကျောင်းသားသစ်တွေပါ။ ရဲတက္ကသိုလ်မှာမှာ စတင်တွေ့ခဲ့ကြပြီး အချစ်ဆုံးသူငယ်ချင်းတွေလည်း မဟုတ်ကြဘူး။ ဒါပေမယ့် လူပျိုတို့ရဲ့ ထုံးစံအတိုင်း ဖွန်ကြောင်ဖို့ကိစ္စ ဖြစ်လာရာမှာတော့ ညီညွတ်ကြတဲ့ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ညနေခင်းတခုမှာတော့ အပြင်အတူထွက်ရင်း ကလပ်တက်ကာ ကောင်မလေးတွေပိုးဖို့ ကြိုးစားခဲ့ကြတယ်။ မိန်းမလှလေးတယောက်ကို ဖွန်ကြောင်ဖို့ ကြိုးစားရင်းက မတော်တဆပဲ ပြန်ပေးဆွဲခံရမှုကို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်မိကြပါတော့တယ်။

Ki-Joon(Park Seo-joon) နဲ့ Hee-Yeol(Kang Ha-neul) တို့က သူတို့မြင်ခဲ့ရတဲ့ မတရားမှုအတွက် ရဲတိုင်ဖို့ ကြိုးစားခဲ့ကြပြီး ရဲတွေဘက်ကတော့ စိတ်မဝင်စားခဲ့ဘူး။ နောက်ဆုံးမှာ ရဲတက္ကသိုလ်မှာ တက်ရောက်ပညာသင်နေတဲ့ အရာရှိပေါက်စနှစ်ဦးက မိန်းမငယ်လေးကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကိုယ်တိုင် စုံစမ်းခြင်းတွေ လုပ်ဆောင်ကြပါတော့တယ်။ အဖမ်းခံမိန်းကလေးကို ကယ်တင်နိုင်မလား? ဘယ်လိုဒုက္ခတွေ တွေ့ကြဦးမယ်ဆိုတာကို ရယ်ရွှင်စရာရောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

Midnight Runners ဟာ ဒီနှစ်ထဲမှာ နာမည်ရလာတဲ့ မင်းသား Park Seo-joon အတွက် ပထမအကြိမ် အဓိကဇာတ်ကောင်နေရာက ပါဝင်ခွင့်ရတဲ့ ရုပ်ရှင်ပါ။ တောင်ကိုရီးယားအပြင် ဟောင်ကောင်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူတို့မှာ ပြသခဲ့တဲ့ ရုပ်ရှင်ဖြစ်တယ်။ တောင်ကိုရီးယာမှာ Midnight Runners ကို ရုံတင်တဲ့ ပထမအပတ်မှာတင် ပြည်တွင်းဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းရဲ့ ဒုတိယနေရာကို ရောက်ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ 2017 ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး တောင်ကိုရီးယားရုပ်ရှင်စာရင်းရဲ့ နံပါတ်လေးနေရာမှာ ရှိနေတဲ့ ရုပ်ရှင်ပါ။

Park Seo-joon နဲ့ Kang Ha-neul တို့နှစ်ဦးဟာ ဒီနှစ်ပိုင်းမှာ နာမည်ရလာတဲ့ ကိုရီးယားလူငယ်မင်းသားတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးပါဝင်တဲ့ Midnight Runners ဟာ ကိုရီးယားပြည်တွင်းမှာတော့ အတော်ကို စိတ်ဝင်စားခံခဲ့ရပါတယ်။ လက်ရှိအချိန်ထိ ရုပ်ရှင်အတွက် လက်မှတ်စောင်ရေ 5.61 သန်း ရောင်းချထားခဲ့ရပြီး ဝင်ငွေအားဖြင့် ဒေါ်လာ 39 သန်းထိ ရရှိခဲ့တဲ့ ရုပ်ရှင်ပါ။ နိုင်ငံတကာဈေးကွက် 12 ခုကိုလည်း ဝင်ရောက်ပြသခွင့် ရခဲ့ပါတယ်။

အဲ့ဒီလိုဇာတ်ကားလေးဖြစ်တဲ့အတွက် ယခုပဲ ကြည့်လိုက်ကြဖို့ အသိပေးလိုက်ပါတယ်။

Reviews Credit- Motaku

Zawgyi

Midnight Runners ဟာ ၾသဂုတ္လ 9 ရက္မွာရံုတင္ခဲ့ျပီး ကိုရီးယား လူငယ္မင္းသားေတြျဖစ္တဲ့ Park Seo-joon, Kang Ha-neul တို႔ အဓိက သရုပ္ေဆာင္ထားတဲ့ ဟာသ-အက္ရွင္ အသားေပး ရုပ္ရွင္ပါ။ ဒါရိုက္တာအျဖစ္ Kim Joo-hwan က တာ၀န္ယူရိုက္ကူးပါတယ္။

ရုပ္ရွင္မွာေတာ့ Park Seo-joon က Mr.Action စရိုက္က ပါ၀င္ထားျပီး ခပ္သြက္သြက္နဲ႔ ေသြးဆူလြယ္ကာ ကိစၥတခုျဖစ္ရင္ လုပ္ခ်င္ရာလုပ္ထည့္လိုက္ျပီးမွ စဥ္းစားဆင္ျခင္မႈကို ေနာက္မွလုပ္သူျဖစ္တယ္။ Kang Ha-neul ကေတာ့ Park Seo-joon နဲ႔ ဆန္႔က်င္ဘက္ျဖစ္ျပီး ပံုစံခပ္တုံးတုံးနဲ႔ျဖစ္ကာ လက္ေတြ႔လုပ္ရမွာထက္ ေတြေ၀စဥ္းစားေနတတ္တဲ့ စာၾကမ္းပိုးေလး Mr.Bookworm အျဖစ္ ပါ၀င္ထားပါတယ္။

သူတို႔ႏွစ္ဦးက ကိုရီးယားရဲတကၠသိုလ္ကို တက္ေရာက္ၾကမယ့္ ေက်ာင္းသားသစ္ေတြပါ။ ရဲတကၠသိုလ္မွာမွာ စတင္ေတြ႔ခဲ့ၾကျပီး အခ်စ္ဆံုးသူငယ္ခ်င္းေတြလည္း မဟုတ္ၾကဘူး။ ဒါေပမယ့္ လူပ်ိဳတို႔ရဲ႕ ထံုးစံအတိုင္း ဖြန္ေၾကာင္ဖို႔ကိစၥ ျဖစ္လာရာမွာေတာ့ ညီညြတ္ၾကတဲ့ သူငယ္ခ်င္းျဖစ္လာခဲ့တယ္။ ညေနခင္းတခုမွာေတာ့ အျပင္အတူထြက္ရင္း ကလပ္တက္ကာ ေကာင္မေလးေတြပိုးဖို႔ ၾကိဳးစားခဲ့ၾကတယ္။ မိန္းမလွေလးတေယာက္ကို ဖြန္ေၾကာင္ဖို႔ ၾကိဳးစားရင္းက မေတာ္တဆပဲ ျပန္ေပးဆြဲခံရမႈကို မ်က္ျမင္ကိုယ္ေတြ႔ ရင္ဆိုင္မိၾကပါေတာ့တယ္။

Ki-Joon(Park Seo-joon) နဲ႔ Hee-Yeol(Kang Ha-neul) တို႔က သူတို႔ျမင္ခဲ့ရတဲ့ မတရားမႈအတြက္ ရဲတိုင္ဖို႔ ၾကိဳးစားခဲ့ၾကျပီး ရဲေတြဘက္ကေတာ့ စိတ္မ၀င္စားခဲ့ဘူး။ ေနာက္ဆံုးမွာ ရဲတကၠသိုလ္မွာ တက္ေရာက္ပညာသင္ေနတဲ့ အရာရွိေပါက္စႏွစ္ဦးက မိန္းမငယ္ေလးကို သူတို႔ကိုယ္တိုင္ ကယ္တင္ဖို႔ ဆံုးျဖတ္ခဲ့ျပီး ကိုယ္တိုင္ စံုစမ္းျခင္းေတြ လုပ္ေဆာင္ၾကပါေတာ့တယ္။ အဖမ္းခံမိန္းကေလးကို ကယ္တင္ႏိုင္မလား? ဘယ္လိုဒုကၡေတြ ေတြ႔ၾကဦးမယ္ဆိုတာကို ရယ္ရႊင္စရာေရာျပီး ရိုက္ကူးထားတာျဖစ္ပါတယ္။

Midnight Runners ဟာ ဒီႏွစ္ထဲမွာ နာမည္ရလာတဲ့ မင္းသား Park Seo-joon အတြက္ ပထမအၾကိမ္ အဓိကဇာတ္ေကာင္ေနရာက ပါ၀င္ခြင့္ရတဲ့ ရုပ္ရွင္ပါ။ ေတာင္ကိုရီးယားအျပင္ ေဟာင္ေကာင္၊ ဂ်ပန္၊ ထိုင္၀မ္၊ ဖိလစ္ပိုင္နဲ႔ စကၤာပူတို႔မွာ ျပသခဲ့တဲ့ ရုပ္ရွင္ျဖစ္တယ္။ ေတာင္ကိုရီးယာမွာ Midnight Runners ကို ရံုတင္တဲ့ ပထမအပတ္မွာတင္ ျပည္တြင္း၀င္ေငြအေကာင္းဆံုး ရုပ္ရွင္စာရင္းရဲ႕ ဒုတိယေနရာကို ေရာက္ရွိခဲ့ပါတယ္။ လက္ရွိမွာေတာ့ 2017 ခုႏွစ္ရဲ႕ ၀င္ေငြအေကာင္းဆံုး ေတာင္ကိုရီးယားရုပ္ရွင္စာရင္းရဲ႕ နံပါတ္ေလးေနရာမွာ ရွိေနတဲ့ ရုပ္ရွင္ပါ။

Park Seo-joon နဲ႔ Kang Ha-neul တို႔ႏွစ္ဦးဟာ ဒီႏွစ္ပိုင္းမွာ နာမည္ရလာတဲ့ ကိုရီးယားလူငယ္မင္းသားေတြျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးပါ၀င္တဲ့ Midnight Runners ဟာ ကိုရီးယားျပည္တြင္းမွာေတာ့ အေတာ္ကို စိတ္၀င္စားခံခဲ့ရပါတယ္။ လက္ရွိအခ်ိန္ထိ ရုပ္ရွင္အတြက္ လက္မွတ္ေစာင္ေရ 5.61 သန္း ေရာင္းခ်ထားခဲ့ရျပီး ၀င္ေငြအားျဖင့္ ေဒၚလာ 39 သန္းထိ ရရွိခဲ့တဲ့ ရုပ္ရွင္ပါ။ ႏိုင္ငံတကာေစ်းကြက္ 12 ခုကိုလည္း ၀င္ေရာက္ျပသခြင့္ ရခဲ့ပါတယ္။

အဲ့ဒီလိုဇာတ္ကားေလးျဖစ္တဲ့အတြက္ ယခုပဲ ၾကည့္လိုက္ၾကဖို႔ အသိေပးလိုက္ပါတယ္။

Reviews Credit- Motaku

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)
Midnight Runners (2017)

No downloads available

Related movies