Unicode
Office Christmas Party လို့ ခေါ်ပါတယ်။ ရုံးထဲမှာ ခရစ္စမတ်ပါတီပေးပြီး ဝယ်သူတွေကို ဆွဲဆောင်မယ့် အရောင်းမန်နေဂျာရဲ့အကြံအစည်က သူရဲ့အမဖြစ်သူ CEO လက်မခံတဲ့အခါမှာ ပါတီကိုရပ်နားဖို့ ကြိုးစားပေမယ့် အချိန်လွန်သွားခဲ့ပုံကို ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဂျနီဖာအန်နီစတန် ၊ တီဂျေမေလာတို့လို နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ အားဖြည့်ရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ ဒီဇင်ဘာလို ချမ်းအေးတဲ့ကာလ အိမ်မှာဇိမ်ယူပြီး တဝါးဝါးတဟားဟား ဖြစ်ချင်သူများအတွက်ကတော့ ဒီဇာတ်ကားက လုံးဝအံကိုက်ပါပဲ။ ဒီဟာသကားကို လာမယ့် ၉ရက်နေ့မှာ နိုင်ငံတကာတဝန်း စတင်ရုံတင်ပြသမှာဖြစ်ပါကြောင်း ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သတင်းကောင်းလေးပါးလိုက်ပါတယ်ခင်ဗျာ။
Credit Review
Zawgyi
Credit Review