Unicode
Rating 7.4 အထိရထားတဲ့ကားလေးပါ..
ဒန်နီဆွဖ်က အရမ်းတော်တဲ့ပြိုင်ကားမောင်းသမား တစ်ဦးဖြစ်ပြီးတော့
သူ့မှာအန်ဇိုလို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိပါတယ်
အန်ဇိုကိုယ်တိုင်လည်း ကားမောင်းပြိုင်ပွဲတွေကို သိပ်သဘောကျပြီးတော့
နောင်ဘဝကျရင် လူအဖြစ်ပြန်ဝင်စားပြီး
သူကိုယ်တိုင်တက်မောင်းချင်တဲ့အထိ အိပ်မက်ပြင်းပြတဲ့ခွေးလေးပါ
သူ့သခင်ဖြစ်သူ ဒန်နီနဲ့အတူ ပြိုင်ပွဲပေါင်းများစွာကို
လသားအရွယ်တည်းက လိုက်ခဲ့ပြီး သခင့်ဘေးနားမှာ
အတက်အကျ အကြမ်းအရမ်းအကုန် အမြဲတူတူရှိနေပေးခဲ့ပါတယ်
သူ့သခင်ပြိုင်ပွဲဆက်ဝင်ရေးသာ သူ့အတွက်အရေးကြီးဆုံးဖြစ်နေတဲ့အချိန်မှာ
ဘဝရဲ့အလှည့်အပြောင်းတစ်ခုက သူတို့ကြားဝင်လာတဲ့အခါမှာတော့…
သူ့သခင်လိုအပ်တိုင်း သူအနားမှာရှိနေပေးနိုင်ပါတော့မလား
သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအရာထင်မလား
သူ့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်ဦးမလားဆိုတာကို
ဒီကားလေးမှာကြည့်ရမှာပါ
သခင့်အပေါ်ထားတဲ့ခွေးလေးတစ်ကောင်ရဲ့
မေတ္တာတရားတွေကိုလည်း ရှင်းခနဲမြင်ရမယ့်ကားကောင်းလေးပါ
Credit Review
Zawgyi
Credit Review