M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p It (2017)
Report error

Report error

Unicode

မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်…သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး…အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်…ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ…မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့…
ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို… အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ် လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……”ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ငါ့ကိုမော့ကြည့်နေကြတယ်..ကိုယ့်အိမ်ကိုယ်ပြန်ရတဲ့ခံစားချက်ဟာသိပ်ခြောက်ခြားစရာကောင်းတယ်…ဒါကြောင့် ဒီ pennywiseနေတဲ့အိမ်ပျက်ကြီးထဲဝင်ဖို့က ငါ့အိမ်ငါပြန်ဖို့ထက်တောင် ပိုလွယ်နေသေးတယ်”…ဒီစကားလေးကြောင့်ပဲ Itထဲမှာ ဘီလ်တစ်ယောက်ဘယ်လောက်သတ္တိရှိရှိနဲ့ Pennywiseကိုရင်ဆိုင်ခဲ့လဲဆိုတဲ့အချက်ကိုပေါ်လွင်စေခဲ့တယ်…ကဲ ပရိသတ်ကြီးရေ It ဘယ်လောက်နာမည်ကြီးတယ် Stephen Kingရေးတဲ့နာမည်ကြီးဝတ္ထုကိုရိုက်ထားတာ…ဝင်ငွေဘယ်လိုစံချိန်ချိုးခဲ့တာ ဘာညာကတော့ သိပြီးသားပါနော်…IMDb Rating ကတော့ 7.8/10 ပါ…

Credit Review

 

Zawgyi

မိုးေတြတဖြဲဖြဲ႐ြာေနတဲ့မနက္ခင္းတစ္ခုမွာ ၅ႏွစ္ခန႔္အ႐ြယ္ ေဂ်ာ္ဂ်ီေလးဟာ သူ႔အစ္ကိုမပါဘဲအျပင္သြားရဖို႔ျဖစ္လာခဲ့တယ္…သူ႔အစ္ကို ဘီလ္ကလည္းေခ်ာင္းေတြဆိုးၿပီးဖ်ားေနခဲ့တာကိုး…အစ္ကိုမပါလို႔မသြားခ်င္သြားခ်င္ျဖစ္ေနတဲ့ေဂ်ာ္ဂ်ီေလးကို ဘီလ္က လမ္းမွာေဆာ့သြားဖို႔စကၠဴေလွေလးလုပ္ေပးၿပီး ႏွစ္သိမ့္လိုက္တယ္…ေဂ်ာ္ဂ်ီေလး အိမ္ကထြက္လာပါၿပီ…မိုးကာ အက်ႌအဝါေရာင္ေလးနဲ႔ေပါ့…
ေဂ်ာ္ဂ်ီေလးသာ ျပန္မလာႏိုင္ေတာ့မယ္မွန္းႀကိဳသိခဲ့ရင္ ဘီလ့္အေနနဲ႔ဘယ္ေလာက္ဖ်ားဖ်ားလိုက္သြားမိမွာပဲ…ဒါေပမယ့္ အနာဂတ္ကိုႀကိဳမသိႏိုင္ေတာ့လည္း ဘီလ့္ခမ်ာ ေခ်ာင္းေလးတစ္ဟြတ္ဟြတ္ဆိုးရင္း မိုးေရထဲထြက္ခြာသြားတဲ့ ေဂ်ာ္ဂ်ီေလးကိုလွမ္းေမွ်ာ္ၾကည့္ရင္းက်န္ခဲ့ပါတယ္…လမ္းတစ္ေလွ်ာက္ မိုးေရစီးေၾကာင္းထဲမွာ ေလွေလးကို ေဆာ့ရင္းထြက္သြားတဲ့ေဂ်ာ္ဂ်ီေလးဟာ အဲ့ဒီေန႔ကအိမ္ ျပန္မလာခဲ့ပါဘူး…ေနာက္ေန႔ေတြလည္း ျပန္မလာခဲ့ဘူးလို႔ေျပာရင္ ပိုမွန္မွာေပါ့…ဘီလ္တစ္ေယာက္ဟာ အခ်ိန္ေတြၾကာလာေပမယ့္ ဒီကိစၥကိုသူ႔အျပစ္လို ခံစားၿပီး သူ႔ညီေလး ေပ်ာက္သြားႏိုင္မယ့္ေနရာကိုမွန္းဆၿပီးမိဘေတြမသိေအာင္ ႀကိတ္ရွာေနခဲ့တယ္…ေႏြေက်ာင္းပိတ္ရက္ မစတင္ခင္တစ္ေန႔မွာေတာ့ စိုးရိမ္တႀကီးမ်က္ႏွာနဲ႔ ေၾကျငာစာ႐ြက္ေတြလိုက္ကပ္ေနတဲ့ အန္တီႀကီးတစ္ေယာက္ကိုေတြ႕လိုက္ရတယ္…အလို… အခန္းထဲကေကာင္မေလး ေပ်ာက္သြားတယ္ဆိုပါလားေနာက္ေန႔ေတြမွာလည္း လူေပ်ာက္ေၾကျငာစာ႐ြက္ေတြ တစ္႐ြက္ၿပီးတစ္႐ြက္ပလူျပန္လာၿပီ…ဒယ္ရီၿမိဳ႕ေလးမွာ ကေလးေပ်ာက္တာေတြ မ်ားလာပါလား…ဘီလ္သံသယဝင္လာပါၿပီ…သူ႔သူငယ္ခ်င္းေတြအဖြဲ႕(ေက်ာင္း မွာအၿမဲအႏိုင္က်င့္ခံရတဲ့ Loserအဖြဲ႕)နဲ႔ စုံစမ္းလိုက္တဲ့အခါ ၂၇ ႏွစ္ၾကာတိုင္း တစ္ဖန္ေပၚလာတတ္တဲ့ကေလးစားလူ႐ႊင္ေတာ္ Pennywiseအေၾကာင္းကို သိလာခဲ့တယ္ လြန္ခဲ့တဲ့၂၇ႏွစ္ကလည္း တစ္ၿမိဳ႕လုံးျပဳတ္ေအာင္ စားခဲ့တဲ့သက္ေသေတြလည္း ေတြ႕လာခဲ့တယ္…ဘီလ္နဲ႔သူ႔သူငယ္ခ်င္းေတြကိုယ္တိုင္ကလည္း ေျခာက္လန႔္မႈေတြ အမ်ိဳးမ်ိဳးနဲ႔ႀကဳံလာရတဲ့အခါ…သူတို႔ကိုယ္တိုင္အတြက္နဲ႔ က်န္တဲ့ကေလးေတြ အႏၲရာယ္ကိုကာကြယ္ဖို႔ Pennywiseႀကီးရွိရာ…အိမ္ပ်က္ႀကီးေအာက္ေျခက ေရတြင္းပ်က္ႀကီးဆီခ်ီတက္လာၾကတဲ့အခါမွာေတာ့……”ငါအိမ္ျပန္ေရာက္တိုင္း ေဂ်ာ္ဂ်ီရွိမေနဘူး…သူ႔ရယ္သံေလးေတြလည္းမၾကားရေတာ့ဘူး…သူကစားေနက် ေပါေၾကာင္ေၾကာင္ ဒိုင္ႏိုေဆာေကာင္ေတြကပဲ ငါ့ကိုေမာ့ၾကည့္ေနၾကတယ္..ကိုယ့္အိမ္ကိုယ္ျပန္ရတဲ့ခံစားခ်က္ဟာသိပ္ေျခာက္ျခားစရာေကာင္းတယ္…ဒါေၾကာင့္ ဒီ pennywiseေနတဲ့အိမ္ပ်က္ႀကီးထဲဝင္ဖို႔က ငါ့အိမ္ငါျပန္ဖို႔ထက္ေတာင္ ပိုလြယ္ေနေသးတယ္”…ဒီစကားေလးေၾကာင့္ပဲ Itထဲမွာ ဘီလ္တစ္ေယာက္ဘယ္ေလာက္သတၱိရွိရွိနဲ႔ Pennywiseကိုရင္ဆိုင္ခဲ့လဲဆိုတဲ့အခ်က္ကိုေပၚလြင္ေစခဲ့တယ္…ကဲ ပရိသတ္ႀကီးေရ It ဘယ္ေလာက္နာမည္ႀကီးတယ္ Stephen Kingေရးတဲ့နာမည္ႀကီးဝတၳဳကို႐ိုက္ထားတာ…ဝင္ေငြဘယ္လိုစံခ်ိန္ခ်ိဳးခဲ့တာ ဘာညာကေတာ့ သိၿပီးသားပါေနာ္…IMDb Rating ကေတာ့ 7.8/10 ပါ…

Credit Review

M-Sub Movie Channel
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
It (2017)
No downloads available

Related movies