Unicode
ဖခင်က စွန့်ပစ်မှုကို ခံခဲ့ရတဲ့ ဂက်ဘရီရယ်ဟာ သူငယ်ချင်းဖြစ်သူ ဂစ်ဇယ်ရဲ့ အကူအညီနဲ့ အဖေကို ရှာတွေ့ခဲ့တယ်
စွန့်ပစ်သွားတဲ့အကြောင်းရင်းကို သိချင်တဲ့ ဂက်ဘရီရယ်ဟာ ဖခင်ရှိတဲ့ တစ်ဖက်နိုင်ငံကို သွားဖို့ ဦးလေးဖြစ်သူ ရမ်ဘိုကို ခွင့်တောင်းခဲ့တယ်
ဦးလေးဖြစ်သူက လောကကြီးအကြောင်းနားလည်ပြီး အသက်အရွယ်တစ်ခုရောက်လာမှသွားဖို့ ပြောပေမယ့် မစောင့်နိုင်တဲ့ ဂက်ဘရီရယ်တစ်ယောက် သူ့အဖေရှိရာ Mexico ကိုလိုက်သွားပါတော့တယ်
အဖေဖြစ်သူနဲ့တွေ့ခဲ့ရပေမယ့် သူငယ်ချင်းဖြစ်သူ ဂစ်ဇယ်ရဲ့လှည့်ဖျားမှုထဲကျရောက်သွားတဲ့ ဂက်ဘရီရယ်တစ်ယောက် ရောင်းစားခံလိုက်ရတဲ့ အခါမှာ …..ဘာတွေဆက်ဖြစ်မလဲ
ဦးလေးဖြစ်သူ ရမ်ဘိုရဲ့ တူမအတွက် ကလဲ့စားချေမှုတွေကို တွေ့ရမှာဖြစ်ပြီး အသတ်အဖြတ် ကြမ်းကြမ်းကြိုက်သူတွေအတွက် အကြိုက်တွေ့အားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ
အခုဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်
Zawgyi