M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Jolly LLB 2 (2017)
Report error

Jolly LLB 2 (2017)

Jolly LLB 2    

Not Rated 137 min ComedyDrama

7.2
IMDB: 7.2/10 19,826 votes

, , , , , , , ,

1 win & 4 nominations.

India

4723

Report error



Unicode

၂၀၁၃ တုန်း က ထွက်ရှိခဲ့တဲ့ Jolly LLB ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ဥပဒေစနစ်ကို သရော်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဂျက်ဒစ်ရှ်ဝါမစ်ရှရာ (ခေါ်) ဂျော်လီဟာ တဲ့ထိုးပြောတတ်ပြီး ခက်ထန်ကြမ်းတမ်းသူ ဖြစ်ပေ မယ့်လည်း စာနာစိတ်ရှိတဲ့ ရှေ့ နေ တစ်ယောက် ဖြစ်ပါတယ်။ ဂျော်လီဟာ ဘဝကိုရုန်းကန်နေရ သူတစ်ယောက်ဖြစ်ပြီး သူ့စိတ်ကူး အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကန်ပါမြို့ကနေ နာဝက်ဘ်မြို့ကို ရွှေ့ပြောင်းခဲ့ပါတယ်။

ငွေလေးကြေးလေးဝင်ဖို့အတွက် ဂျော်လီဟာ အသေးအမွှား အမှုတွေကအစ လိုက်ခဲ့ပြီး ဘဝကို သင့်တင့်လျောက်ပတ်အောင် နေနိုင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဂျော်လီဟာ နှစ်အတော်ကြာကြာ တိုင်အောင် တရားရုံးစြင်္ကံလမ်းမှာပဲ အမှုလိုက်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေကနေ ရှေ့နေရုံးခန်း ကနေ အမှုလိုက်ရတဲ့၊ အတောင် အလက်စုံတဲ့ ရှေ့နေတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးကို ရှာဖွေနေခဲ့ပါတယ်။

တစ်ရက်မှာတော့ သူလိုချင်နေတဲ့ အခွင့်အလမ်းလေး အစ ပေါ်လာချိန်မှာတော့ ဂျော်လီဟာ အချိန်မဆိုင်းဘဲ အပြည့်အဝအ သုံးချခဲ့ပါတယ်။ အဲဒီအခါမှာ အကြင်နာတရားမရှိတဲ့ ဗဟိုတရား ရုံးရှေ့နေ မာသာနဲ့ အကြီးအကျယ် ထိပ်တိုက်တွေ့ပြီး ရင်ဆိုင် ရပါတော့တယ်။

အခက်အခဲတွေကြားက အမှုလိုက်ရင်း ဘဝကိုဖြတ်သန်းနေရတဲ့ ဂျော်လီတစ်ယောက် စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်မယ်ကြံကာရှိသေး ဘယ်လိုပြဿနာတွေက စောင့်ကြိုနေမှာလဲ၊ အိန္ဒိယနိုင်ငံရဲ့ ဥပဒေစနစ်ကို ဘယ်လိုဇာတ်ကွက်တွေနဲ့ သရော်ပြီး တင်ဆက်မှာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး အကဲဖြတ်လိုက်ဦးနော်။

ဒီဇာတ်ကားမှာ ဂျက်ဒစ်ရှ်ဝါ မစ်ရှရာ (ဂျော်လီ)အဖြစ် အက်ရှေးကူးမားက အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဟူမာကူရက်ရှီ၊ အန်နူးကာပူး၊ ဆာရက်ဘ်ရှူကလာ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

Credit Review

Zawgyi

၂၀၁၃ တုန္း က ထြက္ရွိခဲ့တဲ့ Jolly LLB ဆိုတဲ့ ဇာတ္ကားေလးရဲ႕ အဆက္အျဖစ္ ထြက္ရွိလာတာျဖစ္ၿပီး အိႏၵိယ ႏိုင္ငံရဲ႕ ဥပေဒစနစ္ကို သေရာ္ၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဂ်က္ဒစ္ရွ္ဝါမစ္ရွရာ (ေခၚ) ေဂ်ာ္လီဟာ တဲ့ထိုးေျပာတတ္ၿပီး ခက္ထန္ၾကမ္းတမ္းသူ ျဖစ္ေပ မယ့္လည္း စာနာစိတ္ရွိတဲ့ ေရွ႕ ေန တစ္ေယာက္ ျဖစ္ပါတယ္။ ေဂ်ာ္လီဟာ ဘဝကို႐ုန္းကန္ေနရ သူတစ္ေယာက္ျဖစ္ၿပီး သူ႔စိတ္ကူး အိပ္မက္ေတြ အေကာင္အထည္ ေဖာ္ႏိုင္ဖို႔အတြက္ ကန္ပါၿမိဳ႕ကေန နာဝက္ဘ္ၿမိဳ႕ကို ေ႐ႊ႕ေျပာင္းခဲ့ပါတယ္။

ေငြေလးေၾကးေလးဝင္ဖို႔အတြက္ ေဂ်ာ္လီဟာ အေသးအမႊား အမႈေတြကအစ လိုက္ခဲ့ၿပီး ဘဝကို သင့္တင့္ေလ်ာက္ပတ္ေအာင္ ေနႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ရပါတယ္။ ေဂ်ာ္လီဟာ ႏွစ္အေတာ္ၾကာၾကာ တိုင္ေအာင္ တရား႐ုံးျစကႍလမ္းမွာပဲ အမႈလိုက္ဖို႔ ႀကိဳးပမ္းေနရတဲ့ အေျခအေနကေန ေရွ႕ေန႐ုံးခန္း ကေန အမႈလိုက္ရတဲ့၊ အေတာင္ အလက္စုံတဲ့ ေရွ႕ေနတစ္ေယာက္ ျဖစ္လာဖို႔ အခြင့္အေရးကို ရွာေဖြေနခဲ့ပါတယ္။

တစ္ရက္မွာေတာ့ သူလိုခ်င္ေနတဲ့ အခြင့္အလမ္းေလး အစ ေပၚလာခ်ိန္မွာေတာ့ ေဂ်ာ္လီဟာ အခ်ိန္မဆိုင္းဘဲ အျပည့္အဝအ သုံးခ်ခဲ့ပါတယ္။ အဲဒီအခါမွာ အၾကင္နာတရားမရွိတဲ့ ဗဟိုတရား ႐ုံးေရွ႕ေန မာသာနဲ႔ အႀကီးအက်ယ္ ထိပ္တိုက္ေတြ႕ၿပီး ရင္ဆိုင္ ရပါေတာ့တယ္။

အခက္အခဲေတြၾကားက အမႈလိုက္ရင္း ဘဝကိုျဖတ္သန္းေနရတဲ့ ေဂ်ာ္လီတစ္ေယာက္ စိတ္ကူးအိပ္မက္ေတြ အေကာင္အထည္ေဖာ္မယ္ႀကံကာရွိေသး ဘယ္လိုျပႆနာေတြက ေစာင့္ႀကိဳေနမွာလဲ၊ အိႏၵိယႏိုင္ငံရဲ႕ ဥပေဒစနစ္ကို ဘယ္လိုဇာတ္ကြက္ေတြနဲ႔ သေရာ္ၿပီး တင္ဆက္မွာလဲဆိုတာ ကိုယ္တိုင္ၾကည့္ၿပီး အကဲျဖတ္လိုက္ဦးေနာ္။

ဒီဇာတ္ကားမွာ ဂ်က္ဒစ္ရွ္ဝါ မစ္ရွရာ (ေဂ်ာ္လီ)အျဖစ္ အက္ေရွးကူးမားက အဓိကပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဟူမာကူရက္ရွီ၊ အန္ႏူးကာပူး၊ ဆာရက္ဘ္ရႉကလာ စတဲ့သ႐ုပ္ေဆာင္ေတြ ပါဝင္ထားပါတယ္။

Credit Review

Jolly LLB 2 (2017)
Jolly LLB 2 (2017)
Jolly LLB 2 (2017)
Jolly LLB 2 (2017)
Jolly LLB 2 (2017)

No downloads available

Related movies