M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p A Dog’s Journey (2019)
Report error

Report error



Unicode

Rating 7.4 အထိရရှိထားတဲ့ကားကောင်းလေးတစ်ကားနဲ့

မိတ်ဆက်ပေးချင်ပါတယ်…

လူတစ်ယောက်ဟာ ခွေးလေးတစ်ကောင်မရှိရင် မပျော်ရွှင်နိုင်ဘူးလို့ ဆိုကြပါတယ်

ဒီကားမှာတော့ သခင့်ကို သစ္စာရှိစိတ် ပြင်းထန်လွန်းတဲ့

ခွေးလေး ဘေလီအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်

အီသန်နဲ့ဟန်နာတို့မှာ သိပ်ချစ်ရတဲ့ ဘေလီဆိုတဲ့ခွေးလေးတစ်ကောင်ရှိပါတယ်

အရမ်းကိုအရိပ်အကဲသိလွန်းပြီး လိမ္မာတဲ့ခွေးလေးပါ

သူတို့ဟာ သားဖြစ်သူဟင်နရီဆုံးပါးသွားတဲ့အခါမှာ

ချွေးမဖြစ်သူ ဂလော်ရီယာနဲ့ မြေးလေးဖြစ်သူ

စီဂျေ တို့နဲ့ အတူ နေထိုင်လာရင်းနဲ့ တစ်ရက်မှာတော့

ချွေးမဖြစ်သူကအထင်လွဲစိတ်ဆိုးပြီး စီဂျေ့ကိုပါ ခေါ်ကာ

အိမ်ပေါ်ကဆင်းသွားပါတော့တယ်

အီသန်နဲ့ဟန်နာလည်းရင်တွေကွဲပြီးကျန်ခဲ့ရပါတော့တယ်

အဲဒီလိုနဲ့နေလာရင်းနဲ့ ဘေလီလေး နေမကောင်းဖြစ်လာပြီးတော့

တစ်စတစ်စရောဂါသည်းရင်း ဆုံးပါးတော့မယ့် အချိန်မှာတော့

သခင်ဖြစ်သူ အီသန်က တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ်

အဲဒါကတော့ စီဂျေလေးကိုစောင့်ရှောက်ကာကွယ်ပေးပြီး

အတူတူပြန်ဆုံနိုင်အောင် ကူညီပေးဖို့ပါပဲ

သခင့်ရဲ့အမိန့် သခင့်ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးချင်လွန်းတဲ့

ဘေလီလေးဟာ နောက်ဘဝမှာ ခွေးအဖြစ်နဲ့ပဲ ပြန်လာပြီးတော့

သူစောင့်ရှောက်ပေးရမယ့် စီဂျေလေးကို လိုက်ရှာပါတော့တယ်

အီသန်ကိုလည်းတခြားဘဝမှာတောင်သူမှတ်မိနေပြီး

သူ့သခင်ရဲ့ စိတ်ဆန္ဒကို မဖြည့်ဆည်းပေးရမချင်း

သူ့ခရီးမပြီးဆုံးသေးဘူး ဆိုတဲ့ စိတ်နဲ့ပဲ သစ္စာရှိ ရှင်သန်နေခဲ့ပါတယ်

သူ့သခင်ရဲ့စိတ်ဆန္ဒကို သူဖြည့်ဆည်းပေးနိုင်ပါ့မလား

အီသန်ကရော တစ်ဖန်ဝင်စားလာတဲ့ ခွေးလေးကို သူ့ခွေးလေး

ဘေလီမှန်းမှတ်မိပါ့မလား ဆိုတာကို ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်

ဘဝတွေအဆက်ဆက်ကျော်ဖြတ်ပြီး သခင့်စိတ်ဆန္ဒကိုဖြည့်ဆည်းပေးတဲ့

ခွေးလေးဘေလီ့ကို ချစ်ခင်ဖွယ်..

သနားဖွယ် စိတ်ထိခိုက်ဖွယ် ကြည့်ရှုရမှာပါ မျက်ရည်ခိုင်မှကြည့်ဖို့တော့ အကြုံပြုချင်ပါတယ်

Credit Review

 

Zawgyi


မိတ်ဆက်ပေးချင်ပါတယ်…





























Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

A Dog’s Journey (2019)
A Dog’s Journey (2019)
A Dog’s Journey (2019)
A Dog’s Journey (2019)

No downloads available

Related movies