M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p G.I. Joe: The Rise of Cobra (2009)
Report error

Report error



Unicode

၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ
ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုး တစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ် ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။
ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့
ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ နာနိုမိုက် ဒုံးကျည်ကို ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်ရင် နာနိုမိုက်တွေဟာ အကန့်အသတ်မရှိ သတ္တုတွေစားပစ်တတ်တယ် ။ မလိုလားတဲ့ ဖျက်ဆီးမှုတွေ မဖြစ်စေချင်ရင်တော့ ပိတ်တဲ့ခလုတ်ကို နှိပ်မှ ရပ်တန့်သွားတတ်တယ် ။
နာနိုမိုက် ဒုံးကျည် နမူနာ ၄ ခုလုပ်ထားတယ် ။
ဒုံးကျည်တစ်ခုမှာ နာနိုမိုက် အကောင် ၇ သန်းအထိပါတယ် ။ မက်ကောလင်း မိသားစုရဲ့ မားစ် လုပ်ငန်းစုဟာ နေတိုးအကူအညီနဲ့ လက်နက်ကို တီထွင်ပြီး မက်ကောလင်းမိသားစုရဲ့ ဩဇာအာဏာကို တည်ထောင်လိုကြတယ် ။ မက်ကောလင်းဟာ အဲဒိ နာနိုမိုက် ဒုံးကျည် ၄ လုံးနဲ့ ကမ္ဘာကို ခြိမ်းခြောက်ပြီး လူတွေရဲ့ ရင်ထဲကို အကြောက်တရား ထည့်ပေးချင်တယ် ။ ပထမဆုံး နာနိုမိုက် ဒုံးကျည်ကို ပြင်သစ်ရှိ အီဖယ်မျှော်စင်ကို ပစ်ခတ်ပြပြီး မိသားစုရန်ကြွေးကို ဆပ်ပြလိုက်ပါတော့တယ် ။
ဒီနေရာမှာ တားဆီးပေးမယ့် အဖွဲ့ကတော့ ကမ္ဘာပေါ်က အကောင်းဆုံးစစ်တပ်တွေက အတော်ဆုံးစစ်သား စစ်သမီးတွေနဲ့ ခေတ်မှီလက်နက်တွေ တပ်ဆင်အသုံးပြုနေတဲ့ G.I Joe အဖွဲ့ ပဲပြီး သူတို့ကရော ဘယ်လိုတားဆီးကြမလဲ ဆိုတာတော့ ကြမ်းကြမ်းတမ်းတမ်းရိုက်ချက်တွေနဲ့ မှန်သားပြင်မှာ ကြည့်ရှူခံစားလိုက်ကြပါဦးဗျာလို့ ………
(ဇာတ်လမ်းအညွှန်းကိုတော့ ကိုဝေလင်းကျော်မှရေးသားပေးထားတာပါ)

Credit Review

Zawgyi

၁၆ ရာစုႏွစ္ ျပင္သစ္ဘုရင္ လူဝီ ၁၃ လက္ထက္မွာ
ဂ်ိမ္းစ္ မက္ေကာလင္း လို႔ေခၚတဲ့ စေကာ့တလန္လူမ်ိဳး တစ္ဦးကို သံမီးဖုတ္ မ်က္ႏွာစြပ္ေပးၿပီး အျပစ္ဒဏ္ ေပးခဲ့တယ္ ။ သူ႔ရဲ႕ အျပစ္ကေတာ့ လူဝီဘုရင္ကို လက္နက္ေတြ တီထြင္ေပးၿပီး တစ္ျခားရန္သူေတြကိုလည္း လက္နက္ ေရာင္းတဲ့ သစၥာေဖာက္မႈေပါ့ ။ လက္နက္တီထြင္သူဆိုတာ ဘက္တစ္ဘက္တည္းကိုပဲ တီထြင္ေပးရတယ္ ႏွစ္ဘက္ခြ တီထြင္ေပးရင္ သစၥာေဖာက္ေပါ့ ။
ဒီဘက္မ်က္ေမွာက္ေခတ္ဘက္ေရာက္လာေတာ့
ဂ်ိမ္းစ္မက္ေကာလင္းရဲ႕ မ်ိဳးဆက္ေတြဟာ ကာဇတ္စတန္ႏိုင္ငံမွာ မားစ္ ဆိုတဲ့ နာမည္နဲ႔ လက္နက္ကုမၸဏီ ျဖစ္လာခဲ့ၾကတယ္ ။ အဲဒိကုမၸဏီက NATO ရဲ႕ အေထာက္အပံ့နဲ႔ လက္နက္သစ္တစ္မ်ိဳး စမ္းသပ္ေအာင္ျမင္သြားတယ္ ။ အဲဒိလက္နက္ကေတာ့ သတၳဳေတြကို စားပစ္တဲ့ နာႏိုမိုက္လို႔ ေခၚတဲ့ ဗိုင္းရပ္ပဲေပါ့ ။ နာႏိုမိုက္ ဒုံးက်ည္ကို ပစ္လိုက္တဲ့အခါ ပစ္မွတ္ကို ထိမွန္ရင္ နာႏိုမိုက္ေတြဟာ အကန႔္အသတ္မရွိ သတၱဳေတြစားပစ္တတ္တယ္ ။ မလိုလားတဲ့ ဖ်က္ဆီးမႈေတြ မျဖစ္ေစခ်င္ရင္ေတာ့ ပိတ္တဲ့ခလုတ္ကို ႏွိပ္မွ ရပ္တန႔္သြားတတ္တယ္ ။
နာႏိုမိုက္ ဒုံးက်ည္ နမူနာ ၄ ခုလုပ္ထားတယ္ ။
ဒုံးက်ည္တစ္ခုမွာ နာႏိုမိုက္ အေကာင္ ၇ သန္းအထိပါတယ္ ။ မက္ေကာလင္း မိသားစုရဲ႕ မားစ္ လုပ္ငန္းစုဟာ ေနတိုးအကူအညီနဲ႔ လက္နက္ကို တီထြင္ၿပီး မက္ေကာလင္းမိသားစုရဲ႕ ဩဇာအာဏာကို တည္ေထာင္လိုၾကတယ္ ။ မက္ေကာလင္းဟာ အဲဒိ နာႏိုမိုက္ ဒုံးက်ည္ ၄ လုံးနဲ႔ ကမာၻကို ၿခိမ္းေျခာက္ၿပီး လူေတြရဲ႕ ရင္ထဲကို အေၾကာက္တရား ထည့္ေပးခ်င္တယ္ ။ ပထမဆုံး နာႏိုမိုက္ ဒုံးက်ည္ကို ျပင္သစ္ရွိ အီဖယ္ေမွ်ာ္စင္ကို ပစ္ခတ္ျပၿပီး မိသားစုရန္ေႂကြးကို ဆပ္ျပလိုက္ပါေတာ့တယ္ ။
ဒီေနရာမွာ တားဆီးေပးမယ့္ အဖြဲ႕ကေတာ့ ကမာၻေပၚက အေကာင္းဆုံးစစ္တပ္ေတြက အေတာ္ဆုံးစစ္သား စစ္သမီးေတြနဲ႔ ေခတ္မွီလက္နက္ေတြ တပ္ဆင္အသုံးျပဳေနတဲ့ G.I Joe အဖြဲ႕ ပဲၿပီး သူတို႔ကေရာ ဘယ္လိုတားဆီးၾကမလဲ ဆိုတာေတာ့ ၾကမ္းၾကမ္းတမ္းတမ္း႐ိုက္ခ်က္ေတြနဲ႔ မွန္သားျပင္မွာ ၾကည့္ရႉခံစားလိုက္ၾကပါဦးဗ်ာလို႔ ………
(ဇာတ္လမ္းအၫႊန္းကိုေတာ့ ကိုေဝလင္းေက်ာ္မွေရးသားေပးထားတာပါ)

Credit Review

G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)
G.I. Joe: The Rise of Cobra (2009)

No downloads available

Related movies