Unicode
“IMDB 6.6/10
“ထိုင်ကြည့်နေရုံနဲ့ကမ္ဘာ့ကြီးဟာပြောင်းလဲမလာပါဘူး၊
ကိုယ်နေထိုင်ဖို့ ရွေးချယ်လိုက်တဲ့ လမ်းကသာ ကမ္ဘာကြီးကိုပြောင်းလဲစေမှာပါ”တဲ့။
စူးစမ်းလိုစိတ်အပြည့်ရှိတဲ့
သိပ္ပံပညာရှင် နက္ခတ္တဗေဒပညာရှင် ဂျိမ်းစ် ဂလီရှာဟာ
ကောင်းကင်ကြီးရဲ့သဘောသဘာဝကိုသာ အပြည့်အဝနားလည်ရင်
ရာသီဥတုကို ခန့်မှန်းနိုင်မှာ ဆိုတဲ့
ယုံကြည်ချက်နဲ့ လှောင်ရယ်သံတွေ အကြား စွန့်စားခရီးနှင်ခဲ့သူပါ။
သူတို့ခေတ်သူတို့အခါမှာ မိုးလေဝသကိုခန့်မှန်းမယ်ဆိုတာ
အခြေအမြစ်မရှိဘူးလို့ အများသူငှာကယူဆကြပါတယ်။
ဒါပေမယ့် ဂျိမ်းစ်ကတော့ ကောင်းကင်ကိုလေ့လာဖို့အတွက်
မီးပုံးပျံစီးကာ ခရီးနှင်နေကြဖြစ်တဲ့
အမ်မလီရာဆိုတဲ့ မုဆိုးမလေးနဲ့ ကောင်းကင်ခရီးထွက်ဖို့စီစဉ်ပါတော့တယ်။
အမ်မလီရာကလဲ အကြောင်းကြောင်းကြောင့်
မီးပုံးပျံထပ်မစီးတော့ဘူးလို့ ဆုံးဖြတ်ထားသူပါ။
တစ်နေ့တော့ သူတို့နှစ်ယောက်ပေါင်းကာ
ကမ္ဘာ့အမြင့်ဆုံးဆိုတဲ့ စံချိန်ကိုချိုးဖို့ထွက်ခွာခဲ့ပါတော့တယ်။
အင်္ဂလိပ်လူမျိုးမိုးလေဝသပညာရှင် ဂျိမ်းစ်ဂလီရာအကြောင်းရိုက်ကူးထားတဲ့
ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်တွေက ပုံပြင်ထက်ပိုဆန်းကျယ်တယ်ဆိုတဲ့
အကြောင်းကိုသက်သေပြနေသလိုပါပဲ။
လူနှစ်ဦးရဲ့ရဲစွမ်းသတ္တိ၊စူးစမ်းရှာဖွေလိုစိတ်၊ဉာဏ်ပညာ၊အတိတ်၊ရည်ရွယ်ချက်
စတာတွေကိုအကောင်းဆုံးပုံဖော်ပေးထားတဲ့ဒီကားလေးနာမည်ကတော့
The aeronauts(2019)ပါ။
Rotten Tomatoes 72%ရရှိထားပြီး Eddie Redmanye ကိုယ်တိုင်
အကောင်းဆုံးသရုပ်ဆောင်ထားတာမလို့
ကောင်းတယ်ဆိုတာအထွေအထူးမညွှန်းတော့ပါဘူး”
Credit Review
ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Pyae Phyo Mg ဖြစ်ပါတယ်။
Zawgyi
“IMDB 6.6/10
“ထိုင္ၾကည့္ေန႐ုံနဲ႔ကမာၻ႔ႀကီးဟာေျပာင္းလဲမလာပါဘူး၊
ကိုယ္ေနထိုင္ဖို႔ ေ႐ြးခ်ယ္လိုက္တဲ့ လမ္းကသာ ကမာၻႀကီးကိုေျပာင္းလဲေစမွာပါ”တဲ့။
စူးစမ္းလိုစိတ္အျပည့္ရွိတဲ့
သိပၸံပညာရွင္ နကၡတၱေဗဒပညာရွင္ ဂ်ိမ္းစ္ ဂလီရွာဟာ
ေကာင္းကင္ႀကီးရဲ႕သေဘာသဘာဝကိုသာ အျပည့္အဝနားလည္ရင္
ရာသီဥတုကို ခန႔္မွန္းႏိုင္မွာ ဆိုတဲ့
ယုံၾကည္ခ်က္နဲ႔ ေလွာင္ရယ္သံေတြ အၾကား စြန႔္စားခရီးႏွင္ခဲ့သူပါ။
သူတို႔ေခတ္သူတို႔အခါမွာ မိုးေလဝသကိုခန႔္မွန္းမယ္ဆိုတာ
အေျခအျမစ္မရွိဘူးလို႔ အမ်ားသူငွာကယူဆၾကပါတယ္။
ဒါေပမယ့္ ဂ်ိမ္းစ္ကေတာ့ ေကာင္းကင္ကိုေလ့လာဖို႔အတြက္
မီးပုံးပ်ံစီးကာ ခရီးႏွင္ေနၾကျဖစ္တဲ့
အမ္မလီရာဆိုတဲ့ မုဆိုးမေလးနဲ႔ ေကာင္းကင္ခရီးထြက္ဖို႔စီစဥ္ပါေတာ့တယ္။
အမ္မလီရာကလဲ အေၾကာင္းေၾကာင္းေၾကာင့္
မီးပုံးပ်ံထပ္မစီးေတာ့ဘူးလို႔ ဆုံးျဖတ္ထားသူပါ။
တစ္ေန႔ေတာ့ သူတို႔ႏွစ္ေယာက္ေပါင္းကာ
ကမာၻ႔အျမင့္ဆုံးဆိုတဲ့ စံခ်ိန္ကိုခ်ိဳးဖို႔ထြက္ခြာခဲ့ပါေတာ့တယ္။
အဂၤလိပ္လူမ်ိဳးမိုးေလဝသပညာရွင္ ဂ်ိမ္းစ္ဂလီရာအေၾကာင္း႐ိုက္ကူးထားတဲ့
ဒီဇာတ္ကားဟာ ျဖစ္ရပ္မွန္ေတြက ပုံျပင္ထက္ပိုဆန္းက်ယ္တယ္ဆိုတဲ့
အေၾကာင္းကိုသက္ေသျပေနသလိုပါပဲ။
လူႏွစ္ဦးရဲ႕ရဲစြမ္းသတၱိ၊စူးစမ္းရွာေဖြလိုစိတ္၊ဉာဏ္ပညာ၊အတိတ္၊ရည္႐ြယ္ခ်က္
စတာေတြကိုအေကာင္းဆုံးပုံေဖာ္ေပးထားတဲ့ဒီကားေလးနာမည္ကေတာ့
The aeronauts(2019)ပါ။
Rotten Tomatoes 72%ရရွိထားၿပီး Eddie Redmanye ကိုယ္တိုင္
အေကာင္းဆုံးသ႐ုပ္ေဆာင္ထားတာမလို႔
ေကာင္းတယ္ဆိုတာအေထြအထူးမၫႊန္းေတာ့ပါဘူး”
Credit Review
ဒီဇာတ္ကားကိုဘာသာျပန္ေပးသူကေတာ့ Pyae Phyo Mg ျဖစ္ပါတယ္။