Unicode
နောက်ဆုံးထွက် Ice Age ကို တင်ပေးထားပါတယ်။ ဒီတစ်ခေါက်ဇာတ်လမ်းမှာတော့ ဝက်သစ်ချသီးကို စွဲလန်းနေတဲ့ Scrat ဟာ မတော်တဆ အာကာသယာဉ်တစ်ခုကို စက်နှိုးမိပြီး ကမ္ဘာ့အပြင်ဘက်ကိုရောက်သွားကာ ဂြိုလ်တစ်ချို့ကို ဖျက်စီးမိပြီး ဥက္ကာခဲကြီးတွေကို ကမ္ဘာမြေပေါ်ကို ကျလာစေခဲ့ပါပြီ။ မန်နီ နဲ့ အယ်လီတို့ လင်မယားဟာ သမီးဖြစ်သူ ပိချက်စ် နဲ့ သားမက်လောင်း ဂျူလီယန် တို့ လက်ထပ်ပြီး သူတို့ကို ခွဲခွာသွားတော့မယ့် အခြေအနေကို စိုးရိမ်နေရင်းနဲ့ပဲ ကမ္ဘာကြီးပျက်စီးလာမယ့် အန္တရာယ်ကို တားဆီးဖို့အတွက် မိတ်ဆွေတွေ အားလုံးနဲ့ စုပေါင်းပြီး မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကြီးကို စတင်ပါတော့တယ်။ ကမ္ဘာပျက်တာ သူတို့မပါဘူးလို့ ထင်နေတဲ့ ဒိုင်နိုင်ဆောငှက် မိသားစုကတော့ သူတို့ စစ်ဆင်ရေးကြီးကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျံနီ ဘက်ခ်ကို လက်စားချေဖို့ ကြိုးပမ်းကြပါလိမ့်မယ်။ Ice Age ကားတွေရဲ့ ထုံးစံအတိုင်း ရယ်စရာ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာတွေနဲ့ မိသားစုစိတ်ဓာတ် မိတ်ဆွေစိတ်ဓာတ်တွေကို ဇာတ်လမ်းကောင်းကောင်းနဲ့ ခံစားနိုင်မှာပါပဲ။
Credit Review
Zawgyi
ေနာက္ဆုံးထြက္ Ice Age ကို တင္ေပးထားပါတယ္။ ဒီတစ္ေခါက္ဇာတ္လမ္းမွာေတာ့ ဝက္သစ္ခ်သီးကို စြဲလန္းေနတဲ့ Scrat ဟာ မေတာ္တဆ အာကာသယာဥ္တစ္ခုကို စက္ႏႈိးမိၿပီး ကမာၻ႔အျပင္ဘက္ကိုေရာက္သြားကာ ၿဂိဳလ္တစ္ခ်ိဳ႕ကို ဖ်က္စီးမိၿပီး ဥကၠာခဲႀကီးေတြကို ကမာၻေျမေပၚကို က်လာေစခဲ့ပါၿပီ။ မန္နီ နဲ႔ အယ္လီတို႔ လင္မယားဟာ သမီးျဖစ္သူ ပိခ်က္စ္ နဲ႔ သားမက္ေလာင္း ဂ်ဴလီယန္ တို႔ လက္ထပ္ၿပီး သူတို႔ကို ခြဲခြာသြားေတာ့မယ့္ အေျခအေနကို စိုးရိမ္ေနရင္းနဲ႔ပဲ ကမာၻႀကီးပ်က္စီးလာမယ့္ အႏၲရာယ္ကို တားဆီးဖို႔အတြက္ မိတ္ေဆြေတြ အားလုံးနဲ႔ စုေပါင္းၿပီး မျဖစ္ႏိုင္တဲ့ စစ္ဆင္ေရးႀကီးကို စတင္ပါေတာ့တယ္။ ကမာၻပ်က္တာ သူတို႔မပါဘူးလို႔ ထင္ေနတဲ့ ဒိုင္ႏိုင္ေဆာငွက္ မိသားစုကေတာ့ သူတို႔ စစ္ဆင္ေရးႀကီးကို ဖ်က္စီးဖို႔ ႀကိဳးစားရင္း ဖ်ံနီ ဘက္ခ္ကို လက္စားေခ်ဖို႔ ႀကိဳးပမ္းၾကပါလိမ့္မယ္။ Ice Age ကားေတြရဲ႕ ထုံးစံအတိုင္း ရယ္စရာ၊ ဝမ္းသာစရာ၊ ဝမ္းနည္းစရာေတြနဲ႔ မိသားစုစိတ္ဓာတ္ မိတ္ေဆြစိတ္ဓာတ္ေတြကို ဇာတ္လမ္းေကာင္းေကာင္းနဲ႔ ခံစားႏိုင္မွာပါပဲ။
Credit Review