M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Web-dl 1080p Prem Ratan Dhan Payo (2015)
Report error

Report error



Unicode

ဇာတ်ကားလေးမှာတော့ မင်းသားကြီး ဆလက်မန်ခမ်း
ပါဝင်ထားပြီး အနုအလှ ပသာဒ စုံလင်စွာနဲ့
စိတ်ကူးလှလှလေး တင်ဆက်ထားတဲ့ကားကောင်းလေး
တစ်ခုပါ။ ဇာတ်ကားရဲ့ ဒိုင်ယာလော့တွေကလည်း
တော်ကီ ဆော်ကြည်စေမည် မှာ အမှန်ဖြစ်ပြီး
ပုရိသ အဖို့ ကြူနည်းပြ ဇာတ်လမ်းလည်း
ဖြစ်လာဦးမှာပါ

ဇာတ်လမ်းအကျဉ်း

ပရီတန်ပူ တိုင်းပြည်မှာ မင်းသားလေး ဗီဂျေးဆင်းဟာ
မကြာခင် နန်းတက်ပွဲကျင်းပတော့ မှာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပင် အခြားတိုင်းပြည်မှ မင်းသမီးလေး
မယ်သီလီ နှင့် ရွှေလက်ဆက် စေ့စပ်ပွဲလည်း ကျင်းပမှာ
ဖြစ်ပါတယ်။ ပျော်ရွှင်မှုအဖုံဖုံနှင့် ပြည့်စုံသလောက်ရှိနေသော်လည်း မင်းသားဗီဂျေးဆင်းရဲ့
မိသားစုကိစ္စတွေက လကြတ်ဇုန်အတွင်း ရောက်ရှိနေသလို
ဖြစ်နေခဲ့ပါတယ်။

အတိတ်ရဲ့ကိစ္စရပ်အဖုံဖုံကြောင့်
ဖအေတူမအေကွဲ ဖြစ်သူ
စင်ဒရီကာ နဲ့ ရာဟီကာ ညီအစ်မဟာ ဗီဂျေးဆင်းကို
အမြင်မကြည်လင်ဖြစ်ခဲ့ရတယ်။
ဗီဂျေးဆင်းအဖို့ အစ်ကိုနဲ့ ညီမ သံယောဇဉ်ကို
ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရာမှာလည်း
မအောင်မြင်ခဲ့ပေ။

တစ်ဖက်၌လည်း မအေကွဲ ညီအစ်ကိုတော်စပ်သူ
အေဂျေးဆင်းဟာ နန်းတက်လိုစိတ်ပြင်းပြပြီး
အစ်ကိုဖြစ်သူ ဗီဂျေးဆင်းကို လုပ်ကြံခဲ့ပါတယ်။
ဗီဂျေးဆင်းအဖို့ သေကံမရောက်သေးသော်လည်း
သတိပြန်လည် မရသေးချိန်ထိ ဖြစ်နေရပါတယ်။

ဒီလို အခြေအနေမှာတော့ နန်းတွင်းလုံခြုံရေးမှူးဟာ
ပရမ်ဆိုတဲ့ ကောင်လေးကို တွေ့ရှိခဲ့ပါတယ်။ ပရမ်ဆိုသူဟာ
မင်းသားဗီဂျေးဆင်းနဲ့ ရုပ်ရည်ဆင်တူနေပြီး နောက်ဆုံးမှာတော့ နန်းတက်ပွဲနဲ့ စေ့စပ်ပွဲအပြီးထိ
မင်းသားနေရာ ဟန်ဆောင်စေဖို့ အထိန်းတော်ကြီးကပင်
အကူအညီတောင်းယူခဲ့ပါတယ်။

ဒီလိုနဲ့ နန်းတက်ပွဲ လည်း တဖြည်းဖြည်းနီးကပ်လာခဲ့သလို
မင်းသမီးလေး မယ်သီလီကလည်း ပရီတန်ပူတိုင်းပြည်ကို
လာရောက်ခဲ့ပါတော့တယ်။ ပရမ်ဟာ မင်းသမီးလေးကို
ချစ်ခင်မိပြီး မင်းသမီးအတွက် ပျော်ရွှင်မှုတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မင်းသမီးလေးကတော့
ပရမ်အဖြစ် မသိသေးသော်လည်း သူမ အတွက်တော့
အချစ်ရဆုံးသူ ဖြစ်သွားခဲ့ရပါတယ်။

ဒီဇာတ်ကားလေးရဲ့ အဓိကကတော့ ပရမ် ဇာတ်ကောင်လေးပါ။ ကျရာနေရာမှာ ထမ်းဆောင်
ပြဿနာတွေကို ဖြေရှင်း / နန်းတွင်းမောင်နှမကြား
သံယောဇဉ်အလျှော့အတင်းတွေကို ကြိုးညှိ ပြီး
ပရိသတ်တွေကို ဇာတ်လမ်းရဲ့ အနှစ်သာရကို
နှလုံးသားထဲ ထည့်သွင်းသွားစေဦးမှာပါ။

ညီအစ်ကို မောင်နှမသွေးသားချင်းကြား
ဖောက်ပြန်တတ်တဲ့
သဘောကို ဖြေရှင်းမှုများ နှင့် အချစ်ရဲ့သဘောကို
လေးလေးနက်နက် ဖော်ကျူးသွားပုံမျိုးကလည်း
နောက်တစ်ခေါက် ပြန်ကြည့်သွားရလောက်အောင်
စွဲညှိသွားစေဦးမှာပါ။ စကားလုံးတွေအားလုံးနီးပါး၌လည်း
အသက်ပါသလို စီးဆင်းလျက်ရှိပြီး ကဗျာသိပ်ဆန်နေတတ်တာမျိုး တွေ့ရမှာပါ။

Credit Review

 

Zawgyi

ဇာတ္ကားေလးမွာေတာ့ မင္းသားႀကီး ဆလက္မန္ခမ္း
ပါဝင္ထားၿပီး အႏုအလွ ပသာဒ စုံလင္စြာနဲ႔
စိတ္ကူးလွလွေလး တင္ဆက္ထားတဲ့ကားေကာင္းေလး
တစ္ခုပါ။ ဇာတ္ကားရဲ႕ ဒိုင္ယာေလာ့ေတြကလည္း
ေတာ္ကီ ေဆာ္ၾကည္ေစမည္ မွာ အမွန္ျဖစ္ၿပီး
ပုရိသ အဖို႔ ၾကဴနည္းျပ ဇာတ္လမ္းလည္း
ျဖစ္လာဦးမွာပါ

ဇာတ္လမ္းအက်ဥ္း

ပရီတန္ပူ တိုင္းျပည္မွာ မင္းသားေလး ဗီေဂ်းဆင္းဟာ
မၾကာခင္ နန္းတက္ပြဲက်င္းပေတာ့ မွာျဖစ္ပါတယ္။
တစ္ဆက္တည္းမွာပင္ အျခားတိုင္းျပည္မွ မင္းသမီးေလး
မယ္သီလီ ႏွင့္ ေ႐ႊလက္ဆက္ ေစ့စပ္ပြဲလည္း က်င္းပမွာ
ျဖစ္ပါတယ္။ ေပ်ာ္႐ႊင္မႈအဖုံဖုံႏွင့္ ျပည့္စုံသေလာက္ရွိေနေသာ္လည္း မင္းသားဗီေဂ်းဆင္းရဲ႕
မိသားစုကိစၥေတြက လၾကတ္ဇုန္အတြင္း ေရာက္ရွိေနသလို
ျဖစ္ေနခဲ့ပါတယ္။

အတိတ္ရဲ႕ကိစၥရပ္အဖုံဖုံေၾကာင့္
ဖေအတူမေအကြဲ ျဖစ္သူ
စင္ဒရီကာ နဲ႔ ရာဟီကာ ညီအစ္မဟာ ဗီေဂ်းဆင္းကို
အျမင္မၾကည္လင္ျဖစ္ခဲ့ရတယ္။
ဗီေဂ်းဆင္းအဖို႔ အစ္ကိုနဲ႔ ညီမ သံေယာဇဥ္ကို
ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးစားရာမွာလည္း
မေအာင္ျမင္ခဲ့ေပ။

တစ္ဖက္၌လည္း မေအကြဲ ညီအစ္ကိုေတာ္စပ္သူ
ေအေဂ်းဆင္းဟာ နန္းတက္လိုစိတ္ျပင္းျပၿပီး
အစ္ကိုျဖစ္သူ ဗီေဂ်းဆင္းကို လုပ္ႀကံခဲ့ပါတယ္။
ဗီေဂ်းဆင္းအဖို႔ ေသကံမေရာက္ေသးေသာ္လည္း
သတိျပန္လည္ မရေသးခ်ိန္ထိ ျဖစ္ေနရပါတယ္။

ဒီလို အေျခအေနမွာေတာ့ နန္းတြင္းလုံၿခဳံေရးမႉးဟာ
ပရမ္ဆိုတဲ့ ေကာင္ေလးကို ေတြ႕ရွိခဲ့ပါတယ္။ ပရမ္ဆိုသူဟာ
မင္းသားဗီေဂ်းဆင္းနဲ႔ ႐ုပ္ရည္ဆင္တူေနၿပီး ေနာက္ဆုံးမွာေတာ့ နန္းတက္ပြဲနဲ႔ ေစ့စပ္ပြဲအၿပီးထိ
မင္းသားေနရာ ဟန္ေဆာင္ေစဖို႔ အထိန္းေတာ္ႀကီးကပင္
အကူအညီေတာင္းယူခဲ့ပါတယ္။

ဒီလိုနဲ႔ နန္းတက္ပြဲ လည္း တျဖည္းျဖည္းနီးကပ္လာခဲ့သလို
မင္းသမီးေလး မယ္သီလီကလည္း ပရီတန္ပူတိုင္းျပည္ကို
လာေရာက္ခဲ့ပါေတာ့တယ္။ ပရမ္ဟာ မင္းသမီးေလးကို
ခ်စ္ခင္မိၿပီး မင္းသမီးအတြက္ ေပ်ာ္႐ႊင္မႈေတြ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ မင္းသမီးေလးကေတာ့
ပရမ္အျဖစ္ မသိေသးေသာ္လည္း သူမ အတြက္ေတာ့
အခ်စ္ရဆုံးသူ ျဖစ္သြားခဲ့ရပါတယ္။

ဒီဇာတ္ကားေလးရဲ႕ အဓိကကေတာ့ ပရမ္ ဇာတ္ေကာင္ေလးပါ။ က်ရာေနရာမွာ ထမ္းေဆာင္
ျပႆနာေတြကို ေျဖရွင္း / နန္းတြင္းေမာင္ႏွမၾကား
သံေယာဇဥ္အေလွ်ာ့အတင္းေတြကို ႀကိဳးညႇိ ၿပီး
ပရိသတ္ေတြကို ဇာတ္လမ္းရဲ႕ အႏွစ္သာရကို
ႏွလုံးသားထဲ ထည့္သြင္းသြားေစဦးမွာပါ။

ညီအစ္ကို ေမာင္ႏွမေသြးသားခ်င္းၾကား
ေဖာက္ျပန္တတ္တဲ့
သေဘာကို ေျဖရွင္းမႈမ်ား ႏွင့္ အခ်စ္ရဲ႕သေဘာကို
ေလးေလးနက္နက္ ေဖာ္က်ဴးသြားပုံမ်ိဳးကလည္း
ေနာက္တစ္ေခါက္ ျပန္ၾကည့္သြားရေလာက္ေအာင္
စြဲညႇိသြားေစဦးမွာပါ။ စကားလုံးေတြအားလုံးနီးပါး၌လည္း
အသက္ပါသလို စီးဆင္းလ်က္ရွိၿပီး ကဗ်ာသိပ္ဆန္ေနတတ္တာမ်ိဳး ေတြ႕ရမွာပါ။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)
Prem Ratan Dhan Payo (2015)

No downloads available

Related movies