M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Ride Like a Girl (2019)
Report error

Report error



Unicode

မီရှဲလ်ဟာ သူ့အစ်ကိုအမတွေလိုပဲ ငယ်ငယ်ကတိုင် မြင်းစီးဝါသနာပါသူတစ်ယောက်ဖြစ်တယ်
အရွယ်ရောက်လာတော့လဲ မြင်းစီးပြိုင်ပွဲတွေ၀င်ရင်း အချိန်ကုန်ဆုံးတယ်
ဒါပေမယ့်တစ်နေ့ အမဖြစ်သူဟာ မြင်းပေါ်က ပြုတ်ကျပြီး သေဆုံးသွားပြီးနောက် မီရှဲလ်ရဲ့ အဖေဖြစ်သူက မီရှဲလ် မြင်းပြန်မစီးအောင် အကြောင်းအမျိုးမျိုးပြတားခဲ့တယ်
ဒါပေမယ့် ဝါသနာကြီးတဲ့ မီရှဲလ်ဟာ အဖေနဲ့အတိုက်အခံလုပ်ပြီး မယ်ဘွန်ဖလားမှာ မြင်းစီးပြိုင်ပွဲ ၀င်ပြိုင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်
ကံကြမ္မာက မျက်နှာသာမပေးတော့ ပြိုင်ပွဲတစ်ခုမှာ မီရှဲလ် မြင်းပေါ်က ပြုတ်ကျပြီး ကိုမာ၀င်သလိုဖြစ်သွားခဲ့ပါတော့တယ် …..

မီယေရှဲလ်တစ်ယောက် သူဝါသနာပါတဲ့ မြင်းစီးခြင်းကို စွန့်လွှတ်လိုက်ရတော့မှာလား
သူပြန်ပဲကောင်းလာမလား …..

မယ်ဘွန်ဖလားကို ပထမဦးဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ အမျိုးသမီး မြင်းစီးသမား မီရှဲလ် ပိန်းရဲ့ အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းပါ
အမျိုးသမီးတစ်ယောက်ရဲ့ တခြားသော ယောက်ျားသားတွေရဲ့ နှိမ်မှု အထင်မြင်သေးမှုတွေ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြား အရှုံးမပေးပဲ ပန်းတိုင်ရောက်အောင် ကြိုးစားပုံတွေကို အားတက်သရောတွေ့ရမှာဖြစ်ပါတယ်

ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်

Zawgyi





Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Ride Like a Girl (2019)
Ride Like a Girl (2019)

No downloads available

Related movies