M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p 3 Idiots (2009)
Report error

Report error



Unicode

IMDb (8.4/10)Rotten Tomatoes (100%)
December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့
3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan
ရိုက်ကူးလေ့ရှိသော ဇတ်ကောင်များ အတိုင်း ပရိတ်သက်ကို အတွေးသစ်အမြင်သစ် နှင့် အခြား
စိတ်ဓါတ် မြင့်တင်ရေး ပုံစံသစ်ဖြင့် ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…
မိဘ တွေဟာ သားသမီးတွေ ငယ်စဉ်ကတည်းက သူတို့အပေါ် အရမ်းမျှော်လင့်ချက် ရှိကြတယ်
လမ်းမှားမသွားအောင် လို့ ပဲ့ပြင်ဆုံးမကြတယ် ဒါပေမယ့် မိဘ တော်တော်များများကတော့
သားသမီး တွေကို ပညာတက် ဖြစ်စေချင်ပြီး ဆရာဝန်ကြီး အင်ဂျင်နီယာကြီး ဖြစ်စေချင်တဲ့ စိတ်က
အားလုံး ကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် ကလေးတွေကရော သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို
မမေးမိကြပါဘူး သိလဲ မသိချင်ကြသလို စိတ်မဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ
မိဘ တွေ ဖြစ်စေချင်တဲ့ စီးပွားရေး သမား အစိုးရ ဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ
အဖြစ် ရပ်တည်လာကြရတယ် ဒါပေမယ့် သူတို့ ဆီမှာ တစ်ခြားတစ်ဖက်မှာ ထူးချွန်နိုင်တဲ့ ပညာ
အရည်အချင်းတွေ ရှိနေခဲ့တယ်….ဒီ ရုပ်ရှင်လေးမှာ ‪#‎ရန်ချို‬ ‪#‎ဖာရ်ဟန်း‬ ‪#‎ရာဂျူး‬ ဆိုတဲ့ အင်ဂျင်နီယာ ကျောင်းက သူငယ်ချင်း
၃ ယောက်အကြောင်း ရိုက်ကူးထားတာပါ…အဆောင် အတူနေတဲ့ အခါ ဘယ်ကလာမှန်းမသိ ဘယ်လိုလူမှန်းမသိ လူထူးလူဆန်း ဖြစ်နေတဲ့
ရန်ချို…
လေဖြတ်နေတဲ့ အဖေ ကို ပင်စင်လစာ လေး တစ်ပဲခြောက်ပြား နှင့် ဆေးကုနေရင်း အမေဖြစ်သူ
ချာပါတီ ရောင်းပြီး ရတဲ့ ပိုက်ဆံ နဲ့ ကျောင်းလခ ပေးရင်း ချို့တဲ့စွာ စာသင်ယူနေရတဲ့ ရာဂျူး…ငယ်စဉ်ကတည်းက ဖခင် ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်အောင် စကားနားထောင်ပြီး
မိဘစကား တစ်ခါမှ မလွန်ဆန်ပဲ ရိုးရိုးကုတ်ကုတ် စာကျိုးစားတက်သူ ဖာရ်ဟန်း…အင်ဂျင်နီယာ ဘာသာရပ်ကို သင်ကြားဖို့ ရက်စက်ပြီး
စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး ရဲ့ လက်အောက်မှာ
အငြိမ် မနေပဲ ဟာသ တွေ ပေါက်တက်ကရတွေ ပြောင်ချော်ချော် အကွက်တွေ နဲ့ လူတိုင်းရဲ့
စိတ်ဝင်စားမှု ကို ရအောင် ယူနိုင်တဲ့ ရန်ချို နှင့် ရန်ချို နှင့် ပေါင်းမိလို့ ဒုက္ခပေးခံရတဲ့ သူငယ်ချင်း
နှစ်ဦး…ပျော်ရွှင်စရာ ဝမ်းနည်းစရာ အဖြစ်အပျက်ပေါင်းစုံ နှင့် ကျောင်းတော်ကြီး ရဲ့ ရနံ့ပေါင်းစုံ
ကျောင်းသားဘ၀ ပျော်စရာ စိတ်ညစ်စရာများ နှင့် တစ်နေရာထဲတွင် ငြိမ်မနေပဲ တီထွင်ဆန်းသစ်
ဖို့အတွက် သင်ပေးခဲ့သော ရုပ်ရှင် ဆိုလဲ မမှားပါဘူး ဇတ်လမ်း အညွှန်းကိုတော့ သိပ်မပြောလို
ပါဘူး ဘာကြောင့်လဲ ဆိုတော့ ငတုံး ၃ ကောင် နာမည်ကြီး ရုပ်ရှင်ဇတ်ကားကို မကြည့်ဖူးသေးတာ
ဆိုရင် သင်ရုပ်ရှင်ကြည့်တာ သိပ်မကြာသေးဘူးလို့ ထင်ရပါတယ်…
ဒီ ရုပ်ရှင် တစ်ခုလုံးမှာ သာယာလှပသော နေရာများ နှင့် သာယာနာပျော်ဖွယ် တေးဂီတ ပေါင်းစုံ
ရောယှက်ပေါင်းစည်းထားပြီး ကြည့်ရှုသူကို နောင်တမရစေတဲ့ ဇတ်ကားကောင်းတစ်ခုဆိုတာ
ကျနော် ညွှန်းဆိုလိုက်ပါရစေ……။

Credit Review

Zawgyi

IMDb (8.4/10)Rotten Tomatoes (100%)
December 23, 2009 (USA) မွာ ႐ုံတင္ျပသခဲ့ၿပီး Director: Rajkumar Hirani ႐ိုက္ကူးထားတဲ့
3 Idiots အမည္ရွိ India ဟာသ ႐ုပ္ရွင္ကားေလးဟာ ဟာသ တစ္ခုထဲတင္မကပဲ Aamir Khan
႐ိုက္ကူးေလ့ရွိေသာ ဇတ္ေကာင္မ်ား အတိုင္း ပရိတ္သက္ကို အေတြးသစ္အျမင္သစ္ ႏွင့္ အျခား
စိတ္ဓါတ္ ျမင့္တင္ေရး ပုံစံသစ္ျဖင့္ ထိုးထြက္လာေသာ ႐ုပ္ရွင္ကားေကာင္းတစ္ခုျဖစ္ပါတယ္…
မိဘ ေတြဟာ သားသမီးေတြ ငယ္စဥ္ကတည္းက သူတို႔အေပၚ အရမ္းေမွ်ာ္လင့္ခ်က္ ရွိၾကတယ္
လမ္းမွားမသြားေအာင္ လို႔ ပဲ့ျပင္ဆုံးမၾကတယ္ ဒါေပမယ့္ မိဘ ေတာ္ေတာ္မ်ားမ်ားကေတာ့
သားသမီး ေတြကို ပညာတက္ ျဖစ္ေစခ်င္ၿပီး ဆရာဝန္ႀကီး အင္ဂ်င္နီယာႀကီး ျဖစ္ေစခ်င္တဲ့ စိတ္က
အားလုံး ကိုယ္စီ ရွိၾကပါတယ္ ဒါေပမယ့္ ကေလးေတြကေရာ သူတို႔ ဘာျဖစ္ခ်င္ပါတယ္ဆိုတာကို
မေမးမိၾကပါဘူး သိလဲ မသိခ်င္ၾကသလို စိတ္မဝင္စားၾကပါဘူး ကေလးေတြဟာ စက္႐ုပ္ေတြလိုပဲ
မိဘ ေတြ ျဖစ္ေစခ်င္တဲ့ စီးပြားေရး သမား အစိုးရ ဝန္ထမ္း ဆရာဝန္ အင္ဂ်င္နီယာ ေရွ႕ေနေတြ
အျဖစ္ ရပ္တည္လာၾကရတယ္ ဒါေပမယ့္ သူတို႔ ဆီမွာ တစ္ျခားတစ္ဖက္မွာ ထူးခြၽန္ႏိုင္တဲ့ ပညာ
အရည္အခ်င္းေတြ ရွိေနခဲ့တယ္….ဒီ ႐ုပ္ရွင္ေလးမွာ ‪#‎ရန္ခ်ိဳ‬ ‪#‎ဖာရ္ဟန္း‬ ‪#‎ရာဂ်ဴး‬ ဆိုတဲ့ အင္ဂ်င္နီယာ ေက်ာင္းက သူငယ္ခ်င္း
၃ ေယာက္အေၾကာင္း ႐ိုက္ကူးထားတာပါ…အေဆာင္ အတူေနတဲ့ အခါ ဘယ္ကလာမွန္းမသိ ဘယ္လိုလူမွန္းမသိ လူထူးလူဆန္း ျဖစ္ေနတဲ့
ရန္ခ်ိဳ…
ေလျဖတ္ေနတဲ့ အေဖ ကို ပင္စင္လစာ ေလး တစ္ပဲေျခာက္ျပား ႏွင့္ ေဆးကုေနရင္း အေမျဖစ္သူ
ခ်ာပါတီ ေရာင္းၿပီး ရတဲ့ ပိုက္ဆံ နဲ႔ ေက်ာင္းလခ ေပးရင္း ခ်ိဳ႕တဲ့စြာ စာသင္ယူေနရတဲ့ ရာဂ်ဴး…ငယ္စဥ္ကတည္းက ဖခင္ ျဖစ္ေစခ်င္တဲ့ အင္ဂ်င္နီယာႀကီးျဖစ္ေအာင္ စကားနားေထာင္ၿပီး
မိဘစကား တစ္ခါမွ မလြန္ဆန္ပဲ ႐ိုး႐ိုးကုတ္ကုတ္ စာက်ိဳးစားတက္သူ ဖာရ္ဟန္း…အင္ဂ်င္နီယာ ဘာသာရပ္ကို သင္ၾကားဖို႔ ရက္စက္ၿပီး
စည္းကမ္းႀကီးတဲ့ ေက်ာင္းအုပ္ႀကီး ရဲ႕ လက္ေအာက္မွာ
အၿငိမ္ မေနပဲ ဟာသ ေတြ ေပါက္တက္ကရေတြ ေျပာင္ေခ်ာ္ေခ်ာ္ အကြက္ေတြ နဲ႔ လူတိုင္းရဲ႕
စိတ္ဝင္စားမႈ ကို ရေအာင္ ယူႏိုင္တဲ့ ရန္ခ်ိဳ ႏွင့္ ရန္ခ်ိဳ ႏွင့္ ေပါင္းမိလို႔ ဒုကၡေပးခံရတဲ့ သူငယ္ခ်င္း
ႏွစ္ဦး…ေပ်ာ္႐ႊင္စရာ ဝမ္းနည္းစရာ အျဖစ္အပ်က္ေပါင္းစုံ ႏွင့္ ေက်ာင္းေတာ္ႀကီး ရဲ႕ ရနံ႔ေပါင္းစုံ
ေက်ာင္းသားဘ၀ ေပ်ာ္စရာ စိတ္ညစ္စရာမ်ား ႏွင့္ တစ္ေနရာထဲတြင္ ၿငိမ္မေနပဲ တီထြင္ဆန္းသစ္
ဖို႔အတြက္ သင္ေပးခဲ့ေသာ ႐ုပ္ရွင္ ဆိုလဲ မမွားပါဘူး ဇတ္လမ္း အၫႊန္းကိုေတာ့ သိပ္မေျပာလို
ပါဘူး ဘာေၾကာင့္လဲ ဆိုေတာ့ ငတုံး ၃ ေကာင္ နာမည္ႀကီး ႐ုပ္ရွင္ဇတ္ကားကို မၾကည့္ဖူးေသးတာ
ဆိုရင္ သင္႐ုပ္ရွင္ၾကည့္တာ သိပ္မၾကာေသးဘူးလို႔ ထင္ရပါတယ္…
ဒီ ႐ုပ္ရွင္ တစ္ခုလုံးမွာ သာယာလွပေသာ ေနရာမ်ား ႏွင့္ သာယာနာေပ်ာ္ဖြယ္ ေတးဂီတ ေပါင္းစုံ
ေရာယွက္ေပါင္းစည္းထားၿပီး ၾကည့္ရႈသူကို ေနာင္တမရေစတဲ့ ဇတ္ကားေကာင္းတစ္ခုဆိုတာ
က်ေနာ္ ၫႊန္းဆိုလိုက္ပါရေစ……။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)

No downloads available

Related movies