Unicode
ဂီတကိုရူးသွပ်တဲ့လူတစ်ယောက်….သူ့မှာ တီးကွက်ခပ်လှလှ သီချင်းစာသား ခပ်ရွရွတွေရှိပေမယ့် ကံတရားကြောင့်ပဲလား သူ့ရဲ့နေထိုင်မှုပုံစံကြောင့်ပဲလား မသိ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့နေနေသာ အိမ်လခတောင်ပေးဖို့အနိုင်နိုင်….ကံကဆက်ဆိုးချင်တော့ တီးဝိုင်းအဖွဲ့ကလည်း သူ့ကို ထုတ်ပစ်လိုက်တယ်….လေလွင့်နေတဲ့သူဟာ အစားထိုးစာသင်ဖို့ကျောင်းဆရာအဖြစ်နဲ့လုပ်ရဖို့အကြောင်းဖန်လာတယ်…ကျောင်းရောက်တော့ .ကျောင်းသားကျောင်းသူတွေကိုသူတတ်တဲ့ဂီတပညာတွေသင်ပေးမိတယ် ဒီလိုနဲ့ ပါရီမီရှိတဲ့ကလေးတွေနဲ့သူ ဂီတပြိုင်ပွဲတစ်ခုအတွက် ကျောင်းမှာကြိုးစားလေကျင်ရင်း ပြင်ဆင်ကြတယ်….ဒီကားကိုကြည့်မိတော့ ခေါင်းဆောင်မင်းသား (Jack black)က ဂစ်တာတီးဟန် သီချင်းဆိုဟန်တွေကိုသတိထားမိတယ် …..ပြီးတော့ ကလေးတွေ ဒရမ်သမား ဂစ်တာသမား ဟာမိုနီသမားကောင်မလေးတွေ..ကီးဘုတ်တီးတဲ့သူ ….အားလုံးဟာ အပြင်မှာတကယ်တီးနေ ဆိုနေတာကိုရိုက်ထားသလားမှတ်နေရတယ်…ဒါကြောင့် school of rockဇာတ်ကားအကြောင်းနည်းနည်းစုံစမ်းကြည့်တော့ သရုပ်ဆောင်တွေအကုန်လုံးက အခုလက်ရှိအပြင်မှာလည်း Band တွေမှာနာမည်ရနေတဲ့လူငယ်လေးတွေပါတဲ့..ပြီးတော့the school of rockထဲကမှာသရုပ်ဆောင်ခဲ့တဲ့အတိုင်း အပြင်မှာ အတီးအဆိုနဲ့အောင်မြင်နေတဲ့သူတွေဖြစ်ပါတယ် ပြီးတော့ ခေါင်းဆောင်မင်းသား Jack Black ကအပြင်မှာလည်း ဂစ်တာစကေးကြီးဗျ…ကိုင်း ဇာတ်လမ်းလန်းလန်းလေးနဲ့မြူးမြူးကြွကြွသချင်းလေးတွေခံစားချင်ရင်တော့…..IMDbကလည်း 7.1ဆိုတော့ ထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ်…..
Credit Review
Zawgyi
Credit Review