M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Web-dl 1080p The Bravest (2019)
Report error

The Bravest (2019)

ActionDrama

5.3
IMDB: 5.3/10 408 votes

, , , , , ,

3175

Report error



Unicode

ကျန်းကျိဝေ ဆိုတာ သိပ်တော်တဲ့မီးသတ်ခေါင်းဆောင်တစ်ယောက်….အတွေ့အကြုံလည်းများသလို တစ်ဒင်္ဂအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ငယ်သားတွေကလည်း
လေးစားအထင်ကြီးကြတယ်..တစ်နေ့တော့ မီးလောင်မှုတစ်ခုမှာ သူတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်…ကလေးတစ်ယောက်ကို ကျန်းကျိဝေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တယ်…
ဒါပေမယ့် သူကလွဲလို့ မီးသတ်တစ်ဖွဲ့လုံးမမျှော်လင့်တဲ့ ဂစ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးကုန်ကြတယ်…..ကျန်းကျိဝေအတွက် စိတ်ဒဏ်ရာအရဆုံးဖြစ်သလို ဦးတည်ရာမဲ့ရပ်တည်နေသလိုခံစားရတယ်…စိတ်ပညာဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရမူမမှန်သလိုဖြစ်နေတဲ့သူ့ကို
မီးသတ်အဖွဲ့ကလည်း နှုတ်ထွက်စေချင်ကြတယ်….
တစ်နေ့တော့ တရုတ်နိုင်ငံရဲ့အကြီးဆုံး ဆိပ်ကမ်းရေနံသိုလှောင်ကန်ကြီး ပယောဂတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်….အကြီးဆုံးရေနံသိုလှောင်ကန်ဆိုတော့ တကယ့်ကို
ကပ်ဆိုးကြီးဆိုက်တာပါပဲ…အခက်အခဲဆုံးမီးလောင်မှုတွေမတားနိုင်ခဲ့ရင် အက်တမ်ဗုံး အလုံး ၂၀ အားနဲ့ ညီမျှတဲ့ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ကျွမ်းကျင်ပညာရှင်တွေကဆိုကြတယ်….ဘယ်လောက်တောင်အားကြီးမလဲစဉ်းစားသာကြည့်တော့…
ကျန်းကျိဝေတို့မီးသတ်အဖွဲ့တွေ နဲ့ တာဝန်ရှိသူတွေ ဘယ်လိုတားဆီးကြမလဲဆိုတာ
စောင့်ကြည့်လိုက်ကြပါဦး…
ဒီကားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ… မီးသတ်နေတာကိုကြည့်ရုံနဲ့
ပျင်းစရာဇာတ်ကားကြီးလို့ထင်ရင်တော့မှားသွားလိမ့်မယ်…အစကနေအဆုံးထိ
တကယ့်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရတာပါ..ကိုယ်တိုင်မီးသတ်တပ်ဖွဲ့ထဲရောက်သွားသလိုခံစားရပြီး ဖြစ်နိုင်ခြေတွေ လိုက်ကြည့်ရတာ ခင်ဗျားတို့ပါဇောချွေးပြန်လာလိမ့်မယ်…
ရိုက်ချက်တွေကလည်း တကယ့်ကိုခမ်းနားသလို တခြားနိုင်ငံရဲ့ အထင်ကြီးလောက်စရာ
နည်းစနစ်တွေကို အားကျစရာမြင်တွေရပါ့လိမ့်မယ်….

Credit Review

Zawgyi


Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

The Bravest (2019)
The Bravest (2019)

No downloads available

Related movies