Unicode
ဒီဇာတ်ကားဟာ X-Men ဇာတ်ကားကို ကျနော်စကြည့်ဖူးတဲ့ ဇာတ်ကားပါ ဒီဇာတ်ကားဟာ X-Men timeline အနေနဲ့ပြောရရင် timeline အလည်လောက်က အဖြစ်အပျက်တွေကို ရိုက်ကူး ဖေါ်ပြထားတာဖြစ်ပါတယ် ဒီဇာတ်ကားကတော့ အားရစရာပါ IMDb 7.4 ရရှိထားခဲ့ပါတယ် ခရမ်းချဉ်သီးကတော့ 7.5 ပါ ဒါလည်း အတော်မြင့်တဲ့ rating ပါ ဇာတ်လမ်းအကြောင်းနည်းနည်းညွှန်းရရင်တော့ X-Men Origins: Wolverine ထဲမှာ အတိတ်မေ့သွားတဲ့ လိုဂန်တစ်ယောက် မြေအောက် ကြိုးဝိုင်းလက်ဝှေ့ပွဲတွေမှာ ကျင်လည်ရင်း သူ့အတိတ်ကိုပြန်သတိရဖို့ ကြိုးစားနေခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ပရော်ဖက်ဆာ ချားလ်စ်ဇေးဗီးယားကလည်း သန္ဓေပြောင်းလူသားတွေအတွက် နားခိုရာ ကျောင်းကြီးတည်ဆောက်လို့ လူသားတွေနဲ့ သန္ဓေပြောင်းလူသားတွေကြားက ရန်လိုမှု့တွေကို အစွမ်းကုန်ကြိုးစားနားလည်မှု့တည်ဆောက်နေခဲ့တဲ့အချိန်
ငယ်စဉ်ကလေးဘဝကတည်းက လူသားတွေကြောင့် စိတ်ဒါဏ်ရာအကြီးအကျယ်ရခဲ့ပြီး ဘယ်လောက်ပဲ ကောင်းအောင်နေခဲ့နေခဲ့ ကံတရားက မျက်နှာသာပေးခြင်းမခံခဲ့ရတဲ့ မက်ဂနီတိုတစ်ယောက် သန္ဓေပြောင်းလူသားတွေရဲ့ ခံစားချက်ကို လူသာမန်တွေ နားလည်နိုင်အောင် လုပ်ပြမယ်ဆိုတဲ့ စစ်ပွဲကိုဦးတည့်သွားစေနိုင်မယ့် လုပ်ဆောင်မှု့တွေ ဖန်တီးတော့မယ့် အချိန် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်တို့ ထိပ်တိုက်တွေ့ရင်း….
Credit Review
Zawgyi
Credit Review