M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p The Wolverine (2013)
Report error

Report error



Unicode

ဒီကားက ၂၀၀၉ ခုနှစ် ထုတ် X-Men Origin: Wolverine နဲ့ X-Men:The Last Stand တို့နဲ့ နာမည် ပျက်ခဲ့ရတဲ့ X-Men ဇာတ်လမ်းတွဲတွေကို ပြန်ပြီး နာမည်တက်စေတဲ့ကားလို့ပြောလို့ရပါတယ်။ အထူးသဖြင့် Hugh Jackman အတွက် ဒီနှစ်က ဇာတာတက်တဲ့နှစ်လို့ပြောလို့ရလောက်အောင် သူ့ရဲ့ ကားတွေအောင် မြင်ခဲ့ပါတယ်။

ဒီကားက Marvel ကာတွန်းရဲ့ Japanese Saga စာအုပ်အပေါ်အခြေခံထားရိုက်ကူးထား တာဖြစ်ပြီး၊ ဒီကားမှာ Wolverine က X-Men:The last Stand ရဲ့အဆက် ဖြစ်ပြီး၊ X-Men Origin က
X-Men သုံးကားရဲ့ အရှေ့ပိုင်းဖြစ်ပါတယ် (Prequel)။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှာ Logan က ဂျပန် မှာ သုံ့ပန်းအဖြစ် ဖမ်းခံထားရတုန်း အမေရိကန် တွေက ဂျပန်ကို အနုမြူဗုံး ကျဲ ခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာ ဂျပန် စစ်သားတစ်ယောက် ဖြစ်တဲ့ Yashida ရဲ့အသက်ကို ကယ်တင်ခဲ့သလို Yashida ကလည်း Wolverine ရဲ့ ထူးခြားတဲ့ စွမ်းအင်ကို သိရှိသွားပါတယ်။

ဇာတ်လမ်းမှာ Wolverine က the last stand မှာတုန်းက Jean Grey ကို မဖြစ်မနေ သတ်လိုက်ရတဲ့ အတိတ်က သူကို ခြောက်လှန့်နေပါတယ်။ Jean ကိုလည်း သူ့အိမ်မက်ထဲမှာ မြင်မြင်နေပြီး ခြောက်ခြားနေပါတယ်။ တစ်နေ့မှာ သူ့ကို Yashida ရဲ့တပည့် ဂျပန်မလေးတစ်ယောက်က သူနဲ့အတူ ဂျပန်ကို လိုက်ဖို့ လာခေါ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဆရာက သေခါနီးနေပြီဖြစ်ပြီး Wolverine ကို မသေခင် ကျေးဇူးဆပ်သွားချင်လို့ဖြစ်ပါတယ်။

Logan ဂျပန်ကို လိုက်သွားတဲ့အခါမှာတော့ Yashida ကဘယ်လိုကျေးဇူးဆပ်မလည်း ဆိုတာကို သိလိုက်ရပါတယ်။ Logan ရဲ့ ထူးခြားတဲ့ Healing ပါဝါကြောင့် သူက အသက် လည်း မကြီးသွားသလို၊ ဘယ်လိုမှလည်း သတ်လို့မသေပါဘူး။ ဒါကြောင့် Yashida က သူ့မှာ Logan ရဲ့ပါဝါကို လွှဲပြောင်းယူနိုင်တဲ့ နည်းပညာရှိတဲ့အတွက် Logan ရဲ့စွမ်းအားတွေကို သူကိုယ်ထဲ လွှဲပြောင်းပေးဖို့၊ အဲ့လို လွှဲပေးခြင်းအားဖြင့် Logan အနေနဲ့ Immortal ဘဝကနေ လွတ်ပြီး သူသေချင်နေသလို မျိုး သေနိုင်မယ်လို့ တောင်းဆိုပါတယ်။ Logan ကသဘောမတူပေမယ့် Jean ကြောင့် စိတ်ဓါတ်ကျနေတာဖြစ်လို့ အနည်းငယ်တွေဝေသွားပါတယ်။

ဒီလိုနဲ့ သူဂျပန်မှာ တစ်ညအိပ်ရမှာဖြစ်ပြီး နောက်တစ်ရက်မှာ ပြန်မှာဖြစ်ပေမယ့်၊ ဇာတ်လမ်းက သူထင်ထားသလို မဟုတ်ပဲ ရှုပ်ထွေးနေတဲ့ ဇာတ်ရှုပ် ကို ရှင်းဖို့ကြိုးစားရသလို၊ Yashida ရဲ့ မြေးမလေး Mariko ကိုလည်း Japanese Mafia လက်ကနေ ရော အခြားရန်သူလက်ကနေပါ ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဒီနေရာမှာ Logan သူတို့အိမ်မှာ ညအိပ်တုန်းမှာ Yashida ရဲ့ ဆရာဝန်မကနေ သူ့ကို အဆိပ်ခတ်လိုက်ပြီး နောက် Logan တစ်ယောက် သူ့ရဲ့ Healing Ability တွေပါ ထူးဆန်းစွာ ပျောက်ဆုံးသွားပါတော့တယ်။ သာမန်လူတွေလိုပဲ Valuable ဖြစ်သွားတဲ့ Wolverine ဂျပန်မာဖီးယားနဲ့ ရင်ဆိုင် တိုက်ခိုက်ပုံတွေ၊ သူ့ရဲ့အတိတ်က ခြောက်လှန့်ပုံတွေ ကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

The Wolverine ကားက X-Men ဇာတ်လမ်းတွဲတွေထဲမှာ အကောင်းဆုံး ဇာတ်ကားလို့တောင် ပြောလို့ရပါတယ်။ မထင်မှတ်ထားပဲ ပေါက်ခဲ့တဲ့ ကားတစ်ကားပါ။ ဂျပန်မှာ ရိုက်ထားတာဖြစ်သလို၊ နာမည်ကြီး သရုပ်ဆောင် နည်းနည်း ပဲပါခဲ့ပြီး အဓိက မင်းသမီးနှစ်ယောက်က အသစ် ဖြစ်နေတော့ သိပ်မမျှော်လင့်ကြပါဘူး။ ဒါပေမယ့် ဒီကားက အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံလည်း ကောင်းသလို၊ သရုပ်ဆောင်တွေလည်း မညံ့ပါဘူး။ အထူးသဖြင့် Hugh Jackman က ဒီကားမှာ သရုပ်ဆောင် ထူးချွန်မှုကို ပြသနိုင်ခဲ့ပြီး၊ ဇာတ်လမ်းကလည်း Wolverine သာမန် လူတစ်ယောက် နီးပါး ဖြစ်အောင် လုပ်ထားပြီး ရန်သူတွေကို ရင်ဆိုင်ရလို့ ပရိတ်သတ် ကို စိတ် လှုပ်ရှား မှုပေးနိုင်ခဲ့ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ Wolverine ပရိတ်သတ်တွေ ကြည့်လည်းကြည့်သင့်ပါတယ်။ Sex Scene တစ်ခန်းပါပေမယ့် No Nudity ပါ။ Rated PG-13 ပါ။
အညွန်းကို #Sololay ရုပ်ရှင်မိတ်ဆက်မှ ကူးယူဖော်ပေးလိုက်ပါတယ်..

 

Zawgyi

ဒီကားက ၂၀၀၉ ခုႏွစ္ ထုတ္ X-Men Origin: Wolverine နဲ့ X-Men:The Last Stand တို့နဲ့ နာမည္ ပ်က္ခဲ့ရတဲ့ X-Men ဇာတ္လမ္းတြဲေတြကုိ ျပန္ျပီး နာမည္တက္ေစတဲ့ကားလို့ေျပာလို့ရပါတယ္။ အထူးသျဖင့္ Hugh Jackman အတြက္ ဒီႏွစ္က ဇာတာတက္တဲ့ႏွစ္လို့ေျပာလို့ရေလာက္ေအာင္ သူ့ရဲ့ ကားေတြေအာင္ ျမင္ခဲ့ပါတယ္။

ဒီကားက Marvel ကာတြန္းရဲ့ Japanese Saga စာအုပ္အေပၚအေျခခံထားရိုက္ကူးထား တာျဖစ္ျပီး၊ ဒီကားမွာ Wolverine က X-Men:The last Stand ရဲ့အဆက္ ျဖစ္ျပီး၊ X-Men Origin က
X-Men သုံးကားရဲ့ အေရွ့ပိုင္းျဖစ္ပါတယ္ (Prequel)။

၁၉၄၅ ခုႏွစ္ ဒုတိယကမၻာစစ္အတြင္းမွာ Logan က ဂ်ပန္ မွာ သုံ့ပန္းအျဖစ္ ဖမ္းခံထားရတုန္း အေမရိကန္ ေတြက ဂ်ပန္ကုိ အႏုျမဴဗုံး က်ဲ ခဲ့ပါတယ္။ အဲ့ဒီ အခ်ိန္မွာ ဂ်ပန္ စစ္သားတစ္ေယာက္ ျဖစ္တဲ့ Yashida ရဲ့အသက္ကုိ ကယ္တင္ခဲ့သလို Yashida ကလည္း Wolverine ရဲ့ ထူးျခားတဲ့ စြမ္းအင္ကုိ သိရွိသြားပါတယ္။

ဇာတ္လမ္းမွာ Wolverine က the last stand မွာတုန္းက Jean Grey ကုိ မျဖစ္မေန သတ္လိုက္ရတဲ့ အတိတ္က သူကုိ ေျခာက္လွန့္ေနပါတယ္။ Jean ကိုလည္း သူ့အိမ္မက္ထဲမွာ ျမင္ျမင္ေနျပီး ေျခာက္ျခားေနပါတယ္။ တစ္ေန့မွာ သူ့ကို Yashida ရဲ့တပည့္ ဂ်ပန္မေလးတစ္ေယာက္က သူနဲ့အတူ ဂ်ပန္ကုိ လိုက္ဖုိ့ လာေခၚပါတယ္။ အေႀကာင္းကေတာ့ သူ့ရဲ့ဆရာက ေသခါနီးေနျပီျဖစ္ျပီး Wolverine ကို မေသခင္ ေက်းဇူးဆပ္သြားခ်င္လို့ျဖစ္ပါတယ္။

Logan ဂ်ပန္ကုိ လိုက္သြားတဲ့အခါမွာေတာ့ Yashida ကဘယ္လိုေက်းဇူးဆပ္မလည္း ဆုိတာကုိ သိလိုက္ရပါတယ္။ Logan ရဲ့ ထူးျခားတဲ့ Healing ပါ၀ါေႀကာင့္ သူက အသက္ လည္း မႀကီးသြားသလို၊ ဘယ္လိုမွလည္း သတ္လို့မေသပါဘူး။ ဒါေႀကာင့္ Yashida က သူ့မွာ Logan ရဲ့ပါ၀ါကုိ လႊဲေျပာင္းယူႏုိင္တဲ့ နည္းပညာရွိတဲ့အတြက္ Logan ရဲ့စြမ္းအားေတြကုိ သူကုိယ္ထဲ လႊဲေျပာင္းေပးဖို့၊ အဲ့လို လႊဲေပးျခင္းအားျဖင့္ Logan အေနနဲ့ Immortal ဘ၀ကေန လြတ္ျပီး သူေသခ်င္ေနသလို မ်ိဳး ေသနုိင္မယ္လို့ ေတာင္းဆုိပါတယ္။ Logan ကသေဘာမတူေပမယ့္ Jean ေႀကာင့္ စိတ္ဓါတ္က်ေနတာျဖစ္လို့ အနည္းငယ္ေတြေ၀သြားပါတယ္။

ဒီလိုနဲ့ သူဂ်ပန္မွာ တစ္ညအိပ္ရမွာျဖစ္ျပီး ေနာက္တစ္ရက္မွာ ျပန္မွာျဖစ္ေပမယ့္၊ ဇာတ္လမ္းက သူထင္ထားသလို မဟုတ္ပဲ ရွဳပ္ေထြးေနတဲ့ ဇာတ္ရွဳပ္ ကုိ ရွင္းဖို့ႀကိဳးစားရသလို၊ Yashida ရဲ့ ေျမးမေလး Mariko ကုိလည္း Japanese Mafia လက္ကေန ေရာ အျခားရန္သူလက္ကေနပါ ကယ္တင္ဖို့ႀကိဳးစားရပါေတာ့တယ္။ ဒီေနရာမွာ Logan သူတို့အိမ္မွာ ညအိပ္တုန္းမွာ Yashida ရဲ့ ဆရာ၀န္မကေန သူ့ကုိ အဆိပ္ခတ္လုိက္ျပီး ေနာက္ Logan တစ္ေယာက္ သူ့ရဲ့ Healing Ability ေတြပါ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားပါေတာ့တယ္။ သာမန္လူေတြလိုပဲ Valuable ျဖစ္သြားတဲ့ Wolverine ဂ်ပန္မာဖီးယားနဲ့ ရင္ဆုိင္ တုိက္ခုိက္ပုံေတြ၊ သူ့ရဲ့အတိတ္က ေျခာက္လွန့္ပုံေတြ ကုိ စိတ္လွဳပ္ရွားဖြယ္ ႀကည့္ရွဳရမွာျဖစ္ပါတယ္။

The Wolverine ကားက X-Men ဇာတ္လမ္းတြဲေတြထဲမွာ အေကာင္းဆုံး ဇာတ္ကားလို့ေတာင္ ေျပာလို့ရပါတယ္။ မထင္မွတ္ထားပဲ ေပါက္ခဲ့တဲ့ ကားတစ္ကားပါ။ ဂ်ပန္မွာ ရုိက္ထားတာျဖစ္သလို၊ နာမည္ႀကီး သရုပ္ေဆာင္ နည္းနည္း ပဲပါခဲ့ျပီး အဓိက မင္းသမီးႏွစ္ေယာက္က အသစ္ ျဖစ္ေနေတာ့ သိပ္မေမွ်ာ္လင့္ႀကပါဘူး။ ဒါေပမယ့္ ဒီကားက ေအာင္ျမင္ခဲ့ပါတယ္။ ဇာတ္လမ္းတင္ဆက္ပုံလည္း ေကာင္းသလို၊ သရုပ္ေဆာင္ေတြလည္း မညံ့ပါဘူး။ အထူးသျဖင့္ Hugh Jackman က ဒီကားမွာ သရုပ္ေဆာင္ ထူးခၽြန္မွဳကုိ ျပသႏုိင္ခဲ့ျပီး၊ ဇာတ္လမ္းကလည္း Wolverine သာမန္ လူတစ္ေယာက္ နီးပါး ျဖစ္ေအာင္ လုပ္ထားျပီး ရန္သူေတြကုိ ရင္ဆုိင္ရလို့ ပရိတ္သတ္ ကို စိတ္ လွဳပ္ရွား မွဳေပးနုိင္ခဲ့ပါတယ္။

ဇာတ္ကားေကာင္းတစ္ကားပါ။ မိသားစုတူတူႀကည့္နုိင္ပါတယ္။ Wolverine ပရိတ္သတ္ေတြ ႀကည့္လည္းႀကည့္သင့္ပါတယ္။ Sex Scene တစ္ခန္းပါေပမယ့္ No Nudity ပါ။ Rated PG-13 ပါ။
အညြန္းကုိ #Sololay ရုပ္ရွင္မိတ္ဆက္မွ ကူးယူေဖာ္ေပးလုိက္ပါတယ္..

The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)
The Wolverine (2013)

No downloads available

Related movies