Unicode
၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အ ဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။
စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ဆယ်ကျော်သက် လေးယောက် အခန်းထဲက အရှုပ်တွေကို ရှင်းရင်းနဲ့ ဂျူမန်းဂျိဂိမ်းစက်ကို ရှာတွေ့ခဲ့တာပါ။ လက်ထဲရောက်လာတဲ့ အသစ်အဆန်းဆို စူးစမ်းချင်တဲ့ သူတို့တွေ ဂိမ်းစက်ကိုဖွင့်ဆော့ရင်း ဗီဒီယိုဂိမ်းထဲ ရောက်သွားပါတော့တယ်။ဂိမ်းထဲမှာ အပြင်ကလူတွေ မဟုတ်တော့ဘဲ သူတို့ရွေးလိုက် တဲ့ ဇာတ်ကောင်အလိုက် ကိုယ် စားပြုဂိမ်းဇာတ်ကောင်တွေအဖြစ် ပြောင်းသွားပြီး လှုပ်ရှားရပါတော့တယ်။ Welcome to the Jungle ဆိုတဲ့အတိုင်းပဲ တောနက်ထဲကို ရောက်သွားကြတဲ့ သူတို့လေး ယောက် လမ်းခရီးတစ်လျှောက် စွန့်စားခန်းမျိုးစုံနဲ့ ကြုံခဲ့ကြရပြီး အန္တရာယ်ခရီးကြမ်းတွေကို တက် ညီလက်ညီ ကျော်ဖြတ်ခဲ့ကြရပါတယ်။
စပန်ဆာတို့အဖွဲ့တွေ ဂျူမန်းဂျိကမ္ဘာထဲက ဘယ်လိုတွေ ဖြတ်သန်းပြီးမှ လွတ်မြောက်နိုင်မှာလဲဆိုတာကို စွန့်စားခန်း၊ အက်ရှင်၊ ဟာသ၊ ရသမျိုးစုံခံစားရင်းဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆင်၊ ဂျက်ဘလက်ခ်၊ ကယ်ရန်ဂျီလန်၊ ကီဗင်ဟက်၊ နစ်ခ်ဂျိုနက်စ်၊ ဘော့ဘီကန်နာဗေးလ်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
(ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်)
Zawgyi
၁၉၉၅ ေလာက္ကတည္းက ပရိသတ္ေတြ ရင္းႏွီးခဲ့ၿပီးသား Jumanji ဇာတ္လမ္းၿပီးေနာက္ သီးျခားဇာတ္လမ္းတစ္ခုနဲ႔ ထပ္ ထြက္လာတာမို႔ ရသအသစ္အ ဆန္းေလး ျဖစ္တဲ့အတြက္ ပရိ သတ္ေတြ သေဘာက်ၾကမွာပါ။ဇာတ္လမ္းအဓိကအေၾကာင္းအရာကေတာ့ ဆယ္ေက်ာ္သက္ကေလးေလးေယာက္ ဗီဒီယိုဂိမ္းကစားကာ ဂ်ဴမန္းဂ်ိ ကမာၻထဲေရာက္သြားၿပီး စြန႔္စားခန္းမ်ိဳးစုံ ျဖတ္ေက်ာ္ရတဲ့ အေၾကာင္းေလး တင္ဆက္ထားတာ ျဖစ္ပါတယ္။၁၉၉၆ ကာလက အဲလက္စ္ ဆိုတဲ့ ဆယ္ေက်ာ္သက္ေကာင္ ေလးဟာ ဂ်ဴမန္းဂ်ိဂိမ္းဘုတ္ျပား ေလးကို ကမ္းေျခနားက ေကာက္ရ ခဲ့ေပမယ့္ ဗီဒီယိုဂိမ္းေတြပဲ ကစား ျဖစ္ေနတာမို႔ ဂိမ္းမကစားျဖစ္ဘဲ သိမ္းထားခဲ့ပါတယ္။ ဒီလိုနဲ႔ တစ္ ညမွာ ဂ်ဴမန္းဂ်ိဘုတ္ျပားထဲက ဂိမ္းေတြဟာ ဗီဒီယိုဂိမ္းအျဖစ္ ေျပာင္းသြားၿပီး အဲလက္စ္က ဂိမ္း စက္ဖြင့္လိုက္ၿပီးေနာက္မွာေတာ့ သူပါေပ်ာက္သြားခဲ့ပါတယ္။ႏွစ္ ၂၀ ေလာက္ၾကာခဲ့ၿပီး ေနာက္မွာေတာ့ ဂ်ဴမန္းဂ်ိဂိမ္းစက္ က ျပန္ေပၚလာခဲ့ပါတယ္။
စပန္ ဆာ၊ ဘယ္သန္နီ၊ မာသာနဲ႔ ဖရစ္ဂ်္ဆိုတဲ့ ဆယ္ေက်ာ္သက္ ေလးေယာက္ အခန္းထဲက အရႈပ္ေတြကို ရွင္းရင္းနဲ႔ ဂ်ဴမန္းဂ်ိဂိမ္းစက္ကို ရွာေတြ႕ခဲ့တာပါ။ လက္ထဲေရာက္လာတဲ့ အသစ္အဆန္းဆို စူးစမ္းခ်င္တဲ့ သူတို႔ေတြ ဂိမ္းစက္ကိုဖြင့္ေဆာ့ရင္း ဗီဒီယိုဂိမ္းထဲ ေရာက္သြားပါေတာ့တယ္။ဂိမ္းထဲမွာ အျပင္ကလူေတြ မဟုတ္ေတာ့ဘဲ သူတို႔ေ႐ြးလိုက္ တဲ့ ဇာတ္ေကာင္အလိုက္ ကိုယ္ စားျပဳဂိမ္းဇာတ္ေကာင္ေတြအျဖစ္ ေျပာင္းသြားၿပီး လႈပ္ရွားရပါေတာ့တယ္။ Welcome to the Jungle ဆိုတဲ့အတိုင္းပဲ ေတာနက္ထဲကို ေရာက္သြားၾကတဲ့ သူတို႔ေလး ေယာက္ လမ္းခရီးတစ္ေလွ်ာက္ စြန႔္စားခန္းမ်ိဳးစုံနဲ႔ ႀကဳံခဲ့ၾကရၿပီး အႏၲရာယ္ခရီးၾကမ္းေတြကို တက္ ညီလက္ညီ ေက်ာ္ျဖတ္ခဲ့ၾကရပါတယ္။
စပန္ဆာတို႔အဖြဲ႕ေတြ ဂ်ဴမန္းဂ်ိကမာၻထဲက ဘယ္လိုေတြ ျဖတ္သန္းၿပီးမွ လြတ္ေျမာက္ႏိုင္မွာလဲဆိုတာကို စြန႔္စားခန္း၊ အက္ရွင္၊ ဟာသ၊ ရသမ်ိဳးစုံခံစားရင္းဆက္ၾကည့္ရေအာင္လို႔ ေဖာ္ျပလိုက္ပါတယ္။ ဒီဇာတ္ကားမွာ ဒြိန္းဂြၽန္ဆင္၊ ဂ်က္ဘလက္ခ္၊ ကယ္ရန္ဂ်ီလန္၊ ကီဗင္ဟက္၊ နစ္ခ္ဂ်ိဳနက္စ္၊ ေဘာ့ဘီကန္နာေဗးလ္နဲ႔ သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္ထားပါတယ္။
(ဇာတ္လမ္းအၫႊန္းကို 7Daily Website မွ ကူးယူေဖာ္ျပပါသည္)