M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Unicode

သူရဲကောင်းတို့ ခေတ်ကောင်းချိန်… Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်… တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာ မိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်… ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်… အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာ ဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်… မိစ္ဆာရဲ့ မိခင်ပါပဲ… ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှ တစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့… သူမဟာ Beowulf အတွက် အနိစ္စတရားလေလား… IMDB – 6.2/10, RT – 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီး Visual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။ ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast တွေထဲမှာ Antony Hopkins, Angelina Jolie တို့လို ဒိတ်ဒိတ်ကြဲ Cast တွေ ပါပါသေးတယ်။ ရှေးဟောင်းအင်္ဂလိပ် ကဗျာရှည်ကြီး တစ်ပုဒ်ဖြစ်တဲ့ Beowulf ကို အမျိုးမျိုး ပုံသွင်းခဲ့ကြတဲ့ထဲမှာ ဒီ Animation ကားက နာမည်ကောင်းတွေနဲ့အတူ ထိပ်ဆုံးတစ်နေရာမှာ ရှိနေတာကတော့ ဒါရိုက်တာရဲ့ အကျွမ်းကျင်ဆုံး Visual Effect တွေကို ပါဝင်တဲ့ Cast တွေနဲ့ ပေါင်းစပ်လိုက်ခြင်းကြောင့်ပါပဲ…။

Credit Review

Zawgyi

သူရဲေကာင္းတို႔ ေခတ္ေကာင္းခ်ိန္… Beowulf လို႔ ေခၚတဲ့ သူရဲေကာင္းရဲ႕ နာမည္ ထြန္းထြန္းေတာက္ေနခ်ိန္… တစ္ခ်ိန္တည္းမွာပဲ ဘုရင္ Hrothgar ရဲ႕ တိုင္းျပည္မွာ မိစာၦဆိုး တစ္ေကာင္ေမႊလို႔ တစ္တိုင္းျပည္လုံး အစည္းေျပ မီးေသေနတဲ့ အခ်ိန္… ႀကံရာမရတဲ့ အဆုံး ဘုရင္ခမ်ာ Beowulf ကို ေရွ႕ေတာ္တင္သြင္းၿပီး မိစာၦကို တိုက္ထုတ္ခိုင္းရေတာ့တယ္… ေအာင္ေအာင္ျမင္ျမင္နဲ႔ တိုက္ထုတ္ၿပီးေနာက္ ဒီေအာင္ျမင္မႈဟာ ဒီ့ထက္ပိုႀကီးမားတဲ့ အမ်က္ေဒါသနဲ႔ လက္စားေခ်မႈႀကီးတစ္ခုဆီကို ဦးတည္သြားေတာ့တယ္… မိစာၦရဲ႕ မိခင္ပါပဲ… ဆြဲေဆာင္မႈရွိလြန္းျခင္းရဲ႕ ေနာက္ကြယ္မွ တစ္ဆက္တည္းဆိုသလို ပ်က္ဆီးျခင္းတရားေတြပါ ပါလာတဲ့ မေကာင္းဆိုးဝါးမေပါ့… သူမဟာ Beowulf အတြက္ အနိစၥတရားေလလား… IMDB – 6.2/10, RT – 71% Back to the Future နဲ႔ Forrest Gumps တို႔ရဲ႕ ဒါ႐ိုက္တာျဖစ္ၿပီး Visual ႐ိုက္ခ်က္ေတြကို ကြၽမ္းက်င္လြန္းတဲ့ Robert Zemeckis ရဲ႕ လက္ရာျဖစ္ပါတယ္။ ဒါ႐ိုက္တာတင္ နာမည္ေက်ာ္မဟုတ္ပဲ ပါဝင္တဲ့ Cast ေတြထဲမွာ Antony Hopkins, Angelina Jolie တို႔လို ဒိတ္ဒိတ္ႀကဲ Cast ေတြ ပါပါေသးတယ္။ ေရွးေဟာင္းအဂၤလိပ္ ကဗ်ာရွည္ႀကီး တစ္ပုဒ္ျဖစ္တဲ့ Beowulf ကို အမ်ိဳးမ်ိဳး ပုံသြင္းခဲ့ၾကတဲ့ထဲမွာ ဒီ Animation ကားက နာမည္ေကာင္းေတြနဲ႔အတူ ထိပ္ဆုံးတစ္ေနရာမွာ ရွိေနတာကေတာ့ ဒါ႐ိုက္တာရဲ႕ အကြၽမ္းက်င္ဆုံး Visual Effect ေတြကို ပါဝင္တဲ့ Cast ေတြနဲ႔ ေပါင္းစပ္လိုက္ျခင္းေၾကာင့္ပါပဲ…။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Beowulf (2007)
Beowulf (2007)
Beowulf (2007)
Beowulf (2007)
Beowulf (2007)
Beowulf (2007)
Beowulf (2007)
Beowulf (2007)
Beowulf (2007)

No downloads available

Related movies