M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p Night at the Museum: Secret of the Tomb (2014)
Report error

Report error



Unicode

၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း တဖြည်းဖြည်းပျက်စီးလာတာကို ဘယ်သူမှ သတိမထားမိကြပါဘူး။ ကမ္ပည်းပြားကြောင့် အခမ်းအနား
က ပရမ်းပတာတွေဖြစ်ပြီး ဧည့်သည်တွေကို တိုက်ခိုက်တာမျိုးတွေဖြစ်ပြီးတဲ့နောက် အရာအားလုံးတည်ငြိမ်သွားပေမယ့် ကမ္ပည်းပြားကြောင့်လို့တော့မသိခဲ့ကြပါဘူး။
တစ်ရက်မှာ လာရီဟာ ပြသနာဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေရင်း ပထမဆုံး ကမ္ပည်းပြားတွေ့တုန်းကပါသွားတဲ့ ကောင်လေးနဲ့ သူ့အဖေဓာတ်ပုံကို တွေ့ပြီး အဲဒီကောင်လေးဟာ ဆီ ဆဲဖရက်ဒရစ်ဆိုသူ ရွှေကမ္ပည်း ပြားခိုးယူဖို့ကြိုးစားတဲ့ ပြတိုက် လုံခြုံရေးဟောင်းဆိုတာ သိရပါတယ်။
ဆီဆဲဟာ အလုပ်က အနားယူပြီးဖြစ်တာကြောင့် သူနေတဲ့နေရာအထိ လိုက်သွားပြီး ကမ္ပည်းပြားအကြောင်းကို မေးမြန်းရင်း စုံစမ်းဖော်ထုတ်ဖို့ လုပ်ဆောင်ပါတယ်။
လာရီတစ်ယောက် ရွှေကမ္ပည်း ပြားရဲ့ သမိုင်းကြောင်းကို စုံစမ်း ဖော်ထုတ်နိုင်မှာလား။ မှော်ဝင် ကမ္ပည်းပြားကြောင့် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်မလဲ ဆိုတာ……..။
(ရုပ်ရှင်အညွှန်းကို 7Day Daily မှကူးယူဖော်ပြပါသည်။)

 

Zawgyi

၂၀၀၆ ကတည္းက စတင္ေအာင္ျမင္ခဲ့တဲ့ အေမရိကန္ဟာသဇာတ္လမ္းရဲ႕ တတိယေျမာက္ ဇာတ္လမ္းတြဲျဖစ္သလုိ ေနာက္ဆံုးဇာတ္လမ္းလည္းျဖစ္တဲ့ ဇာတ္ကားသစ္အေၾကာင္း ေျပာျပခ်င္ပါတယ္။၁၉၃၈ တုန္းက ေရွးေဟာင္းသုေတသနပညာရွင္အဖြဲ႕ဟာ အဖုိးတန္ေရွးေဟာင္းပစၥည္းတစ္ခုကိုရွာေဖြဖို႔ အီဂ်စ္ဂူသခ်ႋဳင္းတစ္ခုကို တူးေဖာ္ပါတယ္။ ဂူသခ်ႋဳင္းထဲကိုေကာင္ေလးတစ္ေယာက္ ျပဳတ္က်ရာကေန သူ႔ဖခင္နဲ႔ အျခားေရွးေဟာင္းသုေတသန ပညာရွင္ေတြကို လမ္းေၾကာင္းရွာေပးႏုိင္ခဲ့ၿပီး ဖာ႐ိုဘုရင္ရဲ႕ ကမၸည္းထုိးထားတဲ့ေရႊခ်ပ္ျပားကိုရွာေတြ႕ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ေရႊကမၸည္းျပားကို ႏွစ္ေပါင္းမ်ားစြာထိန္းသိမ္းထားပါတယ္။ယေန႔ေခတ္ နယူးေယာက္ၿမိဳ႕က သဘာဝသမိုင္းျပတိုက္ႀကီးမွာ အခမ္းအနားႀကီးတစ္ခုလုပ္ေနၿပီး ေဒါက္တာမက္ပီး တက္ေရာက္လာတာကို ျပတုိက္လံုၿခံဳေရးျဖစ္တဲ့ လာရီဒါေလကေတြ႕ပါတယ္။ Night at the Museum အရင္ဇာတ္ကားေတြအတုိင္းပဲ ျပတိုက္က အ႐ုပ္ေတြ အသက္ဝင္ၿပီး သူတုိ႔အသက္ရွင္စဥ္ကေနခဲ့တဲ့ ပံုစံအတိုင္းေနရင္း ျပတိုက္ထဲမွာ ျဖစ္ခ်င္တိုင္းျဖစ္ေနပါတယ္။ အီဂ်စ္ဂူသခ်ႋဳင္းထဲက ေရႊကမၸည္းျပားက နယူးေယာက္သဘာဝသမိုင္းျပတုိက္ထဲမွာ ထိန္းသိမ္းထားတာျဖစ္ၿပီး အဲဒီပစၥည္း တျဖည္းျဖည္းပ်က္စီးလာတာကို ဘယ္သူမွ သတိမထားမိၾကပါဘူး။ ကမၸည္းျပားေၾကာင့္ အခမ္းအနား
က ပရမ္းပတာေတြျဖစ္ၿပီး ဧည့္သည္ေတြကို တုိက္ခိုက္တာမ်ိဳးေတြျဖစ္ၿပီးတဲ့ေနာက္ အရာအားလံုးတည္ၿငိမ္သြားေပမယ့္ ကမၸည္းျပားေၾကာင့္လို႔ေတာ့မသိခဲ့ၾကပါဘူး။
တစ္ရက္မွာ လာရီဟာ ျပသနာျဖစ္ရတဲ့အေၾကာင္းရင္းကို ရွာေဖြရင္း ပထမဆံုး ကမၸည္းျပားေတြ႕တုန္းကပါသြားတဲ့ ေကာင္ေလးနဲ႔ သူ႔အေဖဓာတ္ပံုကို ေတြ႕ၿပီး အဲဒီေကာင္ေလးဟာ ဆီ ဆဲဖရက္ဒရစ္ဆိုသူ ေရႊကမၸည္း ျပားခုိးယူဖို႔ႀကိဳးစားတဲ့ ျပတုိက္ လံုၿခံဳေရးေဟာင္းဆိုတာ သိရပါတယ္။
ဆီဆဲဟာ အလုပ္က အနားယူၿပီးျဖစ္တာေၾကာင့္ သူေနတဲ့ေနရာအထိ လုိက္သြားၿပီး ကမၸည္းျပားအေၾကာင္းကို ေမးျမန္းရင္း စံုစမ္းေဖာ္ထုတ္ဖို႔ လုပ္ေဆာင္ပါတယ္။
လာရီတစ္ေယာက္ ေရႊကမၸည္း ျပားရဲ႕ သမုိင္းေၾကာင္းကို စံုစမ္း ေဖာ္ထုတ္ႏုိင္မွာလား။ ေမွာ္ဝင္ ကမၸည္းျပားေၾကာင့္ ဘယ္လိုအေျပာင္းအလဲေတြ ျဖစ္ကုန္မလဲ ဆုိတာ……..။
(ရုပ္ရွင္အညႊန္းကို 7Day Daily မွကူးယူေဖာ္ျပပါသည္။)

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014)

No downloads available

Related movies