M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Predestination (2014)
Report error

Predestination (2014)

Predestination    

R 97 min DramaMysteryScience Fiction

7.5
IMDB: 7.5/10 220,936 votes

, ,

, , , , , , , , ,

11 wins & 18 nominations.

Australia, USA

7365

Report error



Unicode

ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့ အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။

ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ အလွန်ကို ထူးဆန်းပြီး အလွန်ကို သနားဖို့ကောင်းပါတယ်။ ထိုဇာတ်ကောင်ကိုယ်တိုင် သူ့ဘဝရဲ့အဖြစ်မှန်ကို သိသွားရတဲ့ အချိန်မှာ ရုပ်ရှင်ကြည့်နေရသူ ကျွန်တော်ကိုယ်တိုင် အလွန်အံ့သြပြီး အလွန်ဝမ်းနည်းမိသွားခဲ့ရပါတယ်။ လူ့လောကမှာ သူ့ဘဝလောက် ဆိုးတဲ့ဘဝ ရှိမှာ မဟုတ်တော့ပါ။ သူ့ဘဝလောက် အထီးကျန်တဲ့ ဘဝရှိမှာလည်း မဟုတ်တော့ပါ။ သူ့ဘဝလောက်လည်း မည့်သည့်ဘဝမှ ထူးဆန်းမည်မဟုတ်ပါ။ သေချာပါတယ်။ ဒီကားဟာ ကြည့်ပြီးတဲ့ လူတိုင်းကို အချိန်အတိုင်းအတာ တစ်ခုထိ လိုက်နှောင့်ယှက်နေမယ်ဆိုတာ…..။

ဒီ Predestination ဇာတ်ကားဟာ Sci-fi ဇာတ်ကားဖြစ်ပေမဲ့ များစွာသော sci-fi ဇာတ်ကားများလို အနာဂတ်မှာ ဇာတ်အိမ်တည်ထားခြင်းမဟုတ်ပဲ လွန်ခဲ့သော အတိတ်များတွင် ဇာတ်အိမ်တည်ထားခြင်းပင်ဖြစ်ပေသည်။ ဒီဇာတ်ကားဟာ စာရေးဆရာကြီး Robert A. Heinlein ရေးသားခဲ့တဲ့ ‘”—All You Zombies—”‘ ဆိုတဲ့ ဇာတ်လမ်းတို တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးခဲ့တာပါ။ စာရေးဆရာကြီး Robert A. Heinlein သည် ဤကဲ့သို့ အလွန်တရာ ရှုပ်ထွေးနက်နဲဆန်းကျယ်လှတဲ့ ဇာတ်လမ်းကို July 11, 1958 တစ်ရက်ထည်းမှာတင်ပဲ အပြီးရေးသားခဲ့ပါတယ်။ ထို့နောက်ထိုဇာတ်လမ်းတိုကို Playboy Magazine ကိုပို့ခဲ့ရာ ငြင်းပယ်ခံခဲ့ရပေမဲ့ Fantasy and Science Fiction magazine က 1959 ခုနှစ်မှာ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

Review Credits

 

 

Zawgyi

႐ုပ္ရွင္သမိုင္းတြင္ အထူးျခားဆုံး ဇာတ္ကားတစ္ကားပါ။ ဘာေၾကာင့္ထူးျခားတယ္ဆိုတာ ၾကည့္ဖူးသူတိုင္းသိၾကပါလိမ့္မယ္။ ကြၽန္ေတာ္ဘာေၾကာင့္ဆိုတာ မေျပာလိုပါ။ ဒီဇာတ္ကားအေၾကာင္း မသိေလ ပိုေကာင္းေလပါပဲ။ ထိုမွသာ ဒီကားဘာေၾကာင့္ ဘယ္လို ေကာင္းတယ္ဆိုတာကို မ်က္ျမင္ကိုယ္ေတြ႕သက္ေသထူႏိုင္မွာ ျဖစ္ေသာေၾကာင့္ပင္ျဖစ္ပါတယ္။ ကြၽန္ေတာ္ ဦးေႏွာက္ကို စဥ္းစားစရာ အေတြးေတြနဲ႔ အလုပ္လုပ္ေစခဲ့ၿပီး တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္ရဲ႕ႏွလုံးသားကို အရည္ေပ်ာ္သြား ေစခဲ့တဲ့ ႐ုပ္ရွင္တစ္ကားပဲျဖစ္ပါတယ္။ ဇာတ္လမ္းကို အတိုခ်ဳံးပီး ေျပာရမယ္ဆိုရင္ေတာ့ Fizzle Bomber ဆိုတဲ့ အၾကမ္းဖက္ Bomber တစ္ေယာက္ကို Time Travelling လုပ္ၿပီး လိုက္ဖမ္းဆီးဖို႔ႀကိဳးစားတဲ့ စုံေထာက္တစ္ေယာက္အေၾကာင္းပါပဲ။ ဒီေလာက္သိရင္ လုံေလာက္ပါၿပီ။

ကြၽန္ေတာ္ၾကည့္ဖူးသမွ် ႐ုပ္ရွင္ဇာတ္ေကာင္ေတြထဲမွာ ဒီ Predestination ႐ုပ္ရွင္ရဲ႕ဇာတ္ေကာင္ဟာ သနားဖို႔အေကာင္းဆုံးဇာတ္ေကာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူ႔ဘဝရဲ႕အျဖစ္မွန္ဟာ အလြန္ကို ထူးဆန္းၿပီး အလြန္ကို သနားဖို႔ေကာင္းပါတယ္။ ထိုဇာတ္ေကာင္ကိုယ္တိုင္ သူ႔ဘဝရဲ႕အျဖစ္မွန္ကို သိသြားရတဲ့ အခ်ိန္မွာ ႐ုပ္ရွင္ၾကည့္ေနရသူ ကြၽန္ေတာ္ကိုယ္တိုင္ အလြန္အံ့ၾသၿပီး အလြန္ဝမ္းနည္းမိသြားခဲ့ရပါတယ္။ လူ႔ေလာကမွာ သူ႔ဘဝေလာက္ ဆိုးတဲ့ဘဝ ရွိမွာ မဟုတ္ေတာ့ပါ။ သူ႔ဘဝေလာက္ အထီးက်န္တဲ့ ဘဝရွိမွာလည္း မဟုတ္ေတာ့ပါ။ သူ႔ဘဝေလာက္လည္း မည့္သည့္ဘဝမွ ထူးဆန္းမည္မဟုတ္ပါ။ ေသခ်ာပါတယ္။ ဒီကားဟာ ၾကည့္ၿပီးတဲ့ လူတိုင္းကို အခ်ိန္အတိုင္းအတာ တစ္ခုထိ လိုက္ေႏွာင့္ယွက္ေနမယ္ဆိုတာ…..။

ဒီ Predestination ဇာတ္ကားဟာ Sci-fi ဇာတ္ကားျဖစ္ေပမဲ့ မ်ားစြာေသာ sci-fi ဇာတ္ကားမ်ားလို အနာဂတ္မွာ ဇာတ္အိမ္တည္ထားျခင္းမဟုတ္ပဲ လြန္ခဲ့ေသာ အတိတ္မ်ားတြင္ ဇာတ္အိမ္တည္ထားျခင္းပင္ျဖစ္ေပသည္။ ဒီဇာတ္ကားဟာ စာေရးဆရာႀကီး Robert A. Heinlein ေရးသားခဲ့တဲ့ ‘”—All You Zombies—”‘ ဆိုတဲ့ ဇာတ္လမ္းတို တစ္ပုဒ္ကို အေျခခံၿပီး ႐ိုက္ကူးခဲ့တာပါ။ စာေရးဆရာႀကီး Robert A. Heinlein သည္ ဤကဲ့သို႔ အလြန္တရာ ရႈပ္ေထြးနက္နဲဆန္းက်ယ္လွတဲ့ ဇာတ္လမ္းကို July 11, 1958 တစ္ရက္ထည္းမွာတင္ပဲ အၿပီးေရးသားခဲ့ပါတယ္။ ထို႔ေနာက္ထိုဇာတ္လမ္းတိုကို Playboy Magazine ကိုပို႔ခဲ့ရာ ျငင္းပယ္ခံခဲ့ရေပမဲ့ Fantasy and Science Fiction magazine က 1959 ခုႏွစ္မွာ ပထမဆုံးအႀကိမ္ ပုံႏွိပ္ထုတ္ေဝခဲ့ပါတယ္။

Review Credits

Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)
Predestination (2014)

No downloads available

Related movies