Unicode
ဒီဇာတ်ကားလေးဟာဆိုရင် 2013 ခုနှစ်ကကတည်း ထွက်ရှိခဲ့တာဖြစ်ပါတယ် တလောကနာမည်ခဲ့တဲ့Train To Busan ရုပ်ရှင်ဇာတ်ကားလိုပဲ ဇာတ်လမ်းအစမှ အဆုံးထိ ရသမျိုးစုံစွာ ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ် ရုံတင်ခဲ့စဉ် အခါကလဲ အထူးအောင်မြင်ခဲ့ပြီး ကိုးရီးယား အနုပညာလောကရဲ့ ဆုပေါင်းများစွာကိုလဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Train To Busan နဲ့ ယှဉ်ပြောပြရမယ်ဆိုရင်တော့
Train To Busan ထက် အများကြီးသာပါတယ်
သရုပ်ဆောင်အင်အားပိုကောင်းပါတယ်
ကုန်ကျစရိတ်ပိုမိုသုံးစွဲထားပါတယ်
ရိုက်ချက်တွေပိုပြီးခမ်းနားပါတယ်
ဇာတ်လမ်း စ လယ် ဆုံး ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ
528 အချစ် 1500အချစ် တို့အတွက် ပေးဆပ်မှုများကို ကြည့်ရင် မျက်ရည် မလယ်နိုင်အောင်ဖြစ်ခဲံရပါတယ်
စိတ်ချ.……………တကယ့်မျက်ရည်ကျစေရမယ်ဇာတ်ကားကောင်းလေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်
စစချင်းမှာ ကကျိုးကကြောင်နိုင်တဲ့ အချစ်ဟာသဇာတ်လမ်းလိုလိုကနေ ဆေးဘက်ကပ်ဘေး ဇာတ်လမ်းဆီ၊ အဲဒီကနေတစ်ဖန် နာဇီငရဲခန်းတမျှ ကြောက်မက်ဖွယ် horror ဇာတ်လမ်း၊ ပြီးလို့ ဇာတ်ရှိန်အမြင့်ဆုံးနေရာရောက်ပြန်တော့ နိုင်ငံရေးအက်ရှင်ဇာတ်လမ်း ဖြစ်သွားပြန်ရော။
နိုင်ငံခြားကိုယ်စားလှယ်က ဘွန်ဒေါင်းတစ်မြို့ အတွက်နဲ့ တစ်ကမ္ဘာလုံးကို ကူးစက်မခံနိုင်လို့ ကိုးရီးယားစစ်တပ်တွေက မပစ်ရင် နိုင်ငံတကာဗုံးကြဲလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့ ဒုတိယအစီအမံရှိတဲ့အတိုင်း လေယာဉ်အုပ်စုတွေကို ရောဂါဖြစ်ပွားနေတဲ့ ဘွန်ဒေါင်းမြို့ကို ဗုံးကြဲတိုက်ခိုက်ဖို့ ခေါ်လိုက်ပါတယ်, အဲဒီအခါ ကိုးရီးယား သမ္မတက လည်း ကိုးရီးယားဝေဟင်ပိုင်နက်ထဲကို ဝင်လာသမျှ တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးတပ်တွေကို အမိန့်ပေးလိုက်ပါတယ်, နောက်ဆုံး နိုင်ငံခြားကိုယ်စားလှယ်ကြီး အလျှော့ပေးလိုက်ရပြီး ရောဂါကူးစက်မှုပြဿနာလည်း ပြေလည်အောင်ကုသလိုက်နိုင်တာကို ရိုက်ကူးတင်ပြထားတာပါ,
ဒီနေရာမှာ မဆီမဆိုင်နှိုင်းနှိုင်းနေကြတဲ့ Train to Busan နဲ့ သွားနှိုင်းရရင်တော့ Busan ဇာတ်ကားဟာ အဓိကဇာတ်ကောင်တွေရဲ့ ရှင်သန်နိုင်ဖို့အတွက်ကိုပဲ အာရုံစိုက်ပြသွားပြီး၊ မျဉ်းတစ်ဖြောင့်တည်းလိုသွားတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းသွားမှာ လိုအပ်တဲ့ ဒရာမာတွေ၊ အက်ရှင်တွေ ထည့်သွားလို့ နိုင်ငံတကာမှာ အရမ်း appealing ဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့တာပါ။ လူကြိုက်များလွန်းတဲ့ဇာတ်ကားပီပီ လူအများနဲ့မတူချင်သူတွေကနေ ဘယ်လိုပဲ ဟာကွက်ထောက်ပြကြပါစေ သူရွေးချယ်ခဲ့တဲ့ ဇာတ်အိမ်ကို အကောင်းဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာကိုတော့ ငြင်းမရပါဘူး။
အခုဒီဇာတ်ကားမှာလည်း မင်းသားမင်းသမီးကိုပဲ အာရုံစိုက်ပြီး၊ အရိုးရှင်းဆုံးဖြစ်အောင် ရိုက်ရမယ် မဆိုလိုပါဘူး။ ဒါပေမယ့် ဒါရိုက်တာအနေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ narrative ကိုတော့ အချိတ်အဆက်မိ ခိုင်မာအောင် ဖန်တီးဖို့ လိုပါလိမ့်မယ်။ အနောက်တိုင်းဝေဖန်ရေးဆရာတွေ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး၊ အဓိကထားနှိုင်းယှဉ်ခဲ့ကြတဲ့ ၂၀၁၁ခုနှစ် အမေရိကန်ရောဂါပိုးကပ်ဘေးဇာတ်ကား Contagion ဆိုရင်လည်း နေရာမျိုးစုံမှာ ဇာတ်ကောင်မျိုးစုံရဲ့ ဖြစ်ရပ်တွေကို ချိတ်ဆက်ပြီး ရိုက်ပြသွားတာမျိုးပါ (သူနဲ့ ယှဉ်ရင် The Flu မှာကမှ အဓိကအပြိုင်ဖြစ်နေတဲ့ ဇာတ်အိမ်၂ခုရယ်၊ sub-plot ၂ခုလောက်ရယ်ပဲ ပါတာ)။ ဒါပေမယ့် narrativeဇာတ်လမ်းသွား ချောမွေ့တော့ အကဲဖြတ်တွေကြိုက်တဲ့ critical acclaimed ဇာတ်ကား ဖြစ်သွားပါတယ်။
Credit review: (ရုပ်ရှင်အညွှန်းအား FIV Entertainment Channel မှ ကူးယူဖော်ပြထားပါသည်)
Zawgyi
ဒီဇာတ္ကားေလးဟာဆိုရင္ 2013 ခုႏွစ္ကကတည္း ထြက္ရွိခဲ့တာျဖစ္ပါတယ္ တေလာကနာမည္္ခဲ့တဲ့Train To Busan ႐ုပ္ရွင္ဇာတ္ကားလိုပဲ ဇာတ္လမ္းအစမွ အဆုံးထိ ရသမ်ိဳးစုံစြာ ၾကည့္ရႈ႕ခံစားရမွာျဖစ္ပါတယ္ ႐ုံတင္ခဲ့စဥ္ အခါကလဲ အထူးေအာင္ျမင္ခဲ့ၿပီး ကိုးရီးယား အႏုပညာေလာကရဲ႕ ဆုေပါင္းမ်ားစြာကိုလဲ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
Train To Busan နဲ႔ ယွဥ္ေျပာျပရမယ္ဆိုရင္ေတာ့
Train To Busan ထက္ အမ်ားႀကီးသာပါတယ္
သ႐ုပ္ေဆာင္အင္အားပိုေကာင္းပါတယ္
ကုန္က်စရိတ္ပိုမိုသုံးစြဲထားပါတယ္
႐ိုက္ခ်က္ေတြပိုၿပီးခမ္းနားပါတယ္
ဇာတ္လမ္း စ လယ္ ဆုံး ရင္တထိတ္ထိတ္နဲ႔ၾကည့္ရႈရမွာပါ
528 အခ်စ္ 1500အခ်စ္ တို႔အတြက္္ ေပးဆပ္မႈမ်ားကို ၾကည့္ရင္ မ်က္ရည္ မလယ္ႏိုင္ေအာင္ျဖစ္ခဲံရပါတယ္
စိတ္ခ်.……………တကယ့္မ်က္ရည္က်ေစရမယ္ဇာတ္ကားေကာင္းေလးမို႔ ၫႊန္းဆိုေပးလိုက္ပါတယ္
စစခ်င္းမွာ ကက်ိဳးကေၾကာင္ႏိုင္တဲ့ အခ်စ္ဟာသဇာတ္လမ္းလိုလိုကေန ေဆးဘက္ကပ္ေဘး ဇာတ္လမ္းဆီ၊ အဲဒီကေနတစ္ဖန္ နာဇီငရဲခန္းတမွ် ေၾကာက္မက္ဖြယ္ horror ဇာတ္လမ္း၊ ၿပီးလို႔ ဇာတ္ရွိန္အျမင့္ဆုံးေနရာေရာက္ျပန္ေတာ့ ႏိုင္ငံေရးအက္ရွင္ဇာတ္လမ္း ျဖစ္သြားျပန္ေရာ။
ႏိုင္ငံျခားကိုယ္စားလွယ္က ဘြန္ေဒါင္းတစ္ၿမိဳ႕ အတြက္နဲ႔ တစ္ကမာၻလုံးကို ကူးစက္မခံႏိုင္လို႔ ကိုးရီးယားစစ္တပ္ေတြက မပစ္ရင္ ႏိုင္ငံတကာဗုံးႀကဲေလယာဥ္ေတြနဲ႔ ဗုံးႀကဲတိုက္ခိုက္ဖို႔ ဒုတိယအစီအမံရွိတဲ့အတိုင္း ေလယာဥ္အုပ္စုေတြကို ေရာဂါျဖစ္ပြားေနတဲ့ ဘြန္ေဒါင္းၿမိဳ႕ကို ဗုံးႀကဲတိုက္ခိုက္ဖို႔ ေခၚလိုက္ပါတယ္, အဲဒီအခါ ကိုးရီးယား သမၼတက လည္း ကိုးရီးယားေဝဟင္ပိုင္နက္ထဲကို ဝင္လာသမွ် တိုက္ေလယာဥ္ေတြကို ပစ္ခ်ဖို႔ ေလယာဥ္ပစ္ဒုံးတပ္ေတြကို အမိန႔္ေပးလိုက္ပါတယ္, ေနာက္ဆုံး ႏိုင္ငံျခားကိုယ္စားလွယ္ႀကီး အေလွ်ာ့ေပးလိုက္ရၿပီး ေရာဂါကူးစက္မႈျပႆနာလည္း ေျပလည္ေအာင္ကုသလိုက္ႏိုင္တာကို ႐ိုက္ကူးတင္ျပထားတာပါ,
ဒီေနရာမွာ မဆီမဆိုင္ႏႈိင္းႏႈိင္းေနၾကတဲ့ Train to Busan နဲ႔ သြားႏႈိင္းရရင္ေတာ့ Busan ဇာတ္ကားဟာ အဓိကဇာတ္ေကာင္ေတြရဲ႕ ရွင္သန္ႏိုင္ဖို႔အတြက္ကိုပဲ အာ႐ုံစိုက္ျပသြားၿပီး၊ မ်ဥ္းတစ္ေျဖာင့္တည္းလိုသြားတဲ့ ႐ိုးရွင္းတဲ့ဇာတ္လမ္းသြားမွာ လိုအပ္တဲ့ ဒရာမာေတြ၊ အက္ရွင္ေတြ ထည့္သြားလို႔ ႏိုင္ငံတကာမွာ အရမ္း appealing ျဖစ္တဲ့ ဇာတ္ကားတစ္ကားျဖစ္ခဲ့တာပါ။ လူႀကိဳက္မ်ားလြန္းတဲ့ဇာတ္ကားပီပီ လူအမ်ားနဲ႔မတူခ်င္သူေတြကေန ဘယ္လိုပဲ ဟာကြက္ေထာက္ျပၾကပါေစ သူေ႐ြးခ်ယ္ခဲ့တဲ့ ဇာတ္အိမ္ကို အေကာင္းဆုံးျဖစ္ေအာင္ ႐ိုက္ျပသြားႏိုင္တာကိုေတာ့ ျငင္းမရပါဘူး။
အခုဒီဇာတ္ကားမွာလည္း မင္းသားမင္းသမီးကိုပဲ အာ႐ုံစိုက္ၿပီး၊ အ႐ိုးရွင္းဆုံးျဖစ္ေအာင္ ႐ိုက္ရမယ္ မဆိုလိုပါဘူး။ ဒါေပမယ့္ ဒါ႐ိုက္တာအေနနဲ႔ ကိုယ္ေ႐ြးခ်ယ္ထားတဲ့ narrative ကိုေတာ့ အခ်ိတ္အဆက္မိ ခိုင္မာေအာင္ ဖန္တီးဖို႔ လိုပါလိမ့္မယ္။ အေနာက္တိုင္းေဝဖန္ေရးဆရာေတြ ဒီဇာတ္ကားနဲ႔ပတ္သတ္ၿပီး၊ အဓိကထားႏႈိင္းယွဥ္ခဲ့ၾကတဲ့ ၂၀၁၁ခုႏွစ္ အေမရိကန္ေရာဂါပိုးကပ္ေဘးဇာတ္ကား Contagion ဆိုရင္လည္း ေနရာမ်ိဳးစုံမွာ ဇာတ္ေကာင္မ်ိဳးစုံရဲ႕ ျဖစ္ရပ္ေတြကို ခ်ိတ္ဆက္ၿပီး ႐ိုက္ျပသြားတာမ်ိဳးပါ (သူနဲ႔ ယွဥ္ရင္ The Flu မွာကမွ အဓိကအၿပိဳင္ျဖစ္ေနတဲ့ ဇာတ္အိမ္၂ခုရယ္၊ sub-plot ၂ခုေလာက္ရယ္ပဲ ပါတာ)။ ဒါေပမယ့္ narrativeဇာတ္လမ္းသြား ေခ်ာေမြ႕ေတာ့ အကဲျဖတ္ေတြႀကိဳက္တဲ့ critical acclaimed ဇာတ္ကား ျဖစ္သြားပါတယ္။
Credit review: (႐ုပ္ရွင္အၫႊန္းအား FIV Entertainment Channel မွ ကူးယူေဖာ္ျပထားပါသည္)