M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Ashfall (2019)
Report error

Report error



Unicode

လွန်ခဲ့တဲ့လ အနည်းငယ်ကတည်းက Cast အင်အားတောင့်တောင့်နဲ့ ပရိသတ်တွေကြား စိတ်ဝင်စားမှုခံခဲ့ရတဲ့ ကိုရီးယား ရုပ်ရှင် Ashfall ထွက်ရှိလာပါပြီ။ ကိုရီးယား Box Office မှာလည်း ကြည့်ရှုသူ ၈သန်းကျော် သွားပြီလို့ သိရပါတယ်။ ဒီလို Cast အင်အားတောင့်တောင့်နဲ့ ရိုက်ထားတဲ့ကားက ကောင်းကောင်းမကောင်းကောင်း ကြည့်တဲ့သူရှိမှာပေမယ့် ဒီလောက်ထိ ကြည့်ကြတာတော့ နည်းနည်း ရှိန်ချင်စရာပါပဲ။ Plot ကတော့ ကိုရီးယားနိုင်ငံရဲ့ တောင်ပိုင်းရော မြောက်ပိုင်းရောကို ခြိမ်းခြောက်လာတဲ့ ငလျှင်အပေါ်မှာ အခြေခံထားပါတယ်။ မီးတောင်ကြောင့် မမျှော်လင့်ဘဲ ရုတ်တရက် မြေတွေပြို၊ တိုက်တွေပြိုရလောက်တဲ့ 7 magnitude ကျော်တဲ့ ငလျှင်တစ်ခု လှုပ်ခတ်ရာကနေ ဇာတ်လမ်းစပါတယ်။ နောက်ထပ်လည်း ငလျှင် သုံးကြိမ်ထပ်လှုပ်ဦးမှာ ဖြစ်ပြီး နောက်ဆုံးအခေါက် လှုပ်တဲ့ ငလျှင်ကိုသာ မတားနိုင်ရင်တော့ တောင်ရော မြောက်ရော ဘဝခါးသွားပါလိမ့်မယ်။ ဒါကြောင့်မို့ နောက်ဆုံး ငလျင် ကို အချိန်မီ တားနိုင်ဖို့ Suicide Mission ထမ်းဆောင်ရပုံနဲ့ ဒီ Mission မှာ ပါဝင်ပတ်သတ်တဲ့ သူတွေကို ရိုက်ပြသွားတာပါ။ ဆိုတော့ဗျာ Review လေးစရအောင်…

Plot က ရိုးတယ်။ Disaster ရုပ်ရှင်တိုင်း ဒီလို Plot မျိုးပဲ။ ဇာတ်သိမ်း ဘယ်လိုဆိုတာတောင် ပြောစရာမလိုပဲ ခန့်မှန်းလို့ရတယ်။ ဒါပေမယ့် ဇာတ်လမ်းက အီမသွားဘဲ တောက်လျှောက် ကြည့်ရတာ တန်တယ်။ မထင်ထားတဲ့အချိန်ဆို ဟာသတွေနဲ့ ထဖောက်တယ်။ အရမ်း Serious ဖြစ်ပြနေတာထက်စာရင် ပရိသတ်ကို ခဏလွတ်လွတ်လပ်လပ် အနားပေးတဲ့သဘောမျိုးလေးကြောင့် ဇာတ်လမ်းကို ကြည့်ရတာ မပျင်းသွားဘူး။ နောက်တစ်နည်းပြောရရင် ဇာတ်ကို မသိမသာလေး ဆွဲဆန့်သွားတယ်ပေါ့ဗျာ။ Drama လေးတွေပါ ထထချိုးလိုက်သေးတယ်။ မိုက်ပါတယ်ဗျာ။ တကယ်ကြည့်ရတာ အဆင်ပြေပါတယ်။ Cast က မြန်မာပရိသတ်တွေ မစိမ်းတဲ့သူတွေပါပဲ။ Iris ထဲက Lee Byun Hun၊ မကြာခင်မှာ Marvel မှာ မြင်ရတော့မယ့် ဖက်တီးမင်းသား Dong Lee၊ Along with the Gods ရဲ့ Ha Jung Wo၊ ယောက်ျားလေး မိန်းကလေး အားလုံးရဲ့ အသည်းစွဲ Suzy တို့ အသီးသီး ပါဝင်ထားပါတယ်။ အက်ရှင်ကား ကြိုက်တတ်တဲ့သူတွေ၊ မြေတွေကွဲ တိုက်တွေပြိုတွေကြားကနေ အသက်လုပြေးရတာမျိုး ရင်တမမ ကြည့်ရတဲ့သူတွေ အတွက်တော့ လက်မလွှတ်သင့်ပါဘူးဗျ။ Lee Byung Hun ကတော့ Lee Byung Hun ပါပဲ။ ဒီဘဲကြီးက အသက်သာကြီးသွားတယ် အခုထိ ကြမ်းနေဆဲပါပဲ။ ဒီဇာတ်ကားထဲမှာ မြောက်ပိုင်းသား double agent Ri Jun Pyung အနေနဲ့ တွေ့ရမှာပါ။ တကယ်ကို Keanu Reeves ကိုရီးယား ဗားရှင်းပါ။ တစ်ခုပါပဲ။ တစ်ချက်တစ်ချက် လိုတာထက်ပိုပြီး ကိုရီးယားကားဆန်ကာ နည်းနည်း ပေါတောတော လုပ်တာလေးကလွဲရင် အဆင်ပြေပါတယ်။

ဒါပေမယ့်လည်း ငလျှင်လှုပ်ပြီး အကုန်သေမလား ရှင်မလား ဖြစ်နေတဲ့သူတွေကို အရမ်း Serious ဖြစ်ပြရင် အနည်းနဲ့ အများ ပျင်းဖို့ကောင်းသွားမှာမို့ လုပ်တတ်တဲ့ပုံစံမို့ အပြစ်လို့ ပြောရလောက်အောင်တော့ မဟုတ်ပါဘူး။ Ha Jung Wo ကတော့ တောင်ပိုင်းက ဗုံး Specialist Cho In Chang ပါ။ မြောက်ပိုင်းကို ဗုံး Specialist အနေနဲ့ ဖုံးဖယ်ဖို့ နျူးကလိယတွေ ကိုင်တွယ်ဖို့ သွားတာ ဖြစ်ပေမယ့် အခြေအနေ တစ်ခုကြောင့် ကိုယ်တိုင် ရှေ့ကနေ တိုက်ဖို့ ဖြစ်လာပါတယ်။ ဒီဇာတ်ကားမှာ Lee Byung Hun နဲ့ သူက အက္ခရာပါပဲ။ သူတို့နှစ်ယောက်က Hitman’s Bodyguard ထဲက Michael နဲ့ Daris နောက်ပြီး Hobbs နဲ့ Shaw တို့လို တွဲလုံးပါ။ နည်းနည်းတော့ Serious ဖြစ်တဲ့ ပုံစံမျိုးနဲ့ပေါ့ဗျာ။ Serious မဖြစ်လို့လည်း မရဘူးလေ။ Captain Cho ကလည်း သူ့မိန်းမက ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တဲ့ ဒီ Mission ပြီးမှ အိမ်ပြန်ရမှာ။ Mission ပြီးဖို့ကလည်း နောက်ဆုံး ငလျင်ကို တားပြီး အခက်အခဲတွေကြားကနေ ရှင်သန်နိုင်မှ။ Dong Lee နဲ့ Suzy တို့ကို အများကြီး မှန်းထားတဲ့ သူတွေကိုတော့ စိတ်မကောင်းပါဘူး။ Dong Lee ကို ခါတိုင်းမြင်နေကြလို တိုက်ခိုက်နေတဲ့ အက်ရှင်မင်းသားပုံစံ မဟုတ်ဘဲ ခေါင်းခြောက်နေတဲ့ Scientist အနေနဲ့ တွေ့ရမှာပါ။ Suzy ကတော့ Captain Cho ရဲ့ ကိုယ်ဝန်သည် ဇနီး Ji Young ပါ။ သူကတော့ ဒီဇာတ်လမ်းမှာ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းနည်းလို လုပ်ကွက်လည်း သိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်တွေဘက်က တာဝန်ကျေပါတယ်။ ကိုရီးယားရဲ့ A-list သရုပ်ဆောင်တွေဆိုတာ နှစ်ခါ ပြောနေစရာ မလိုပါဘူး။ အသံပိုင်းပိုင်းကိုလည်း ချီးကျူးချင်ပါတယ်။ Disaster Movie ဖြစ်တာမို့ တိုက်တွေပြို၊ မြေတွေပြို ဝုန်းဒိုင်း ဝုန်းဒိုင်း မနေဘူး။ တော်ရုံသင့်ရုံလောက်ပဲ။ Accident ဖြစ်လို့ နားအူသွားတဲ့ ပုံစံမျိုး ပြတာတောင် အသံကြီးကို စူးနေအောင် မထည့်ပေးထားပါဘူး။ တစ်ဖက်မှာ Mission လုပ်နေတဲ့ Captain Cho နဲ့ Agent Ri တို့ကို ပြတယ် နောက်တစ်ဖက်ကလည်း အမေရိကန်သားကြီး Robert ကိုလည်း ပြတယ်။ Agent Ri ကလည်း သူ့အကြောင်းကို ပြချင်သေးတယ်။ Spoiler-free မို့ တစ်ခြားဟာတွေတော့ ထည့်မပြောတော့ပါဘူး။

အပြများသွားလို့ အစပိုင်းမှာ နည်းရှုပ်နေ‌ပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေသွားပါတယ်။ ဒါလေးကလည်း အမှားကြီးလို့ ပြောလို့မရတဲ့ အမှားတစ်ခုပါပဲ။ ဆိုတော့ အဆုံးသတ်အနှစ်ချုပ်ရအောင်ဗျာ။ Ashfall ကို ဘယ်လိုလူတွေ ကြည့်သင့်လဲ..? သရုပ်ဆောင်တွေကြိုက်ရင်လည်း ကြည့်သင့်ပါတယ်။ နောက်ပြီး Action, Horror တွေပဲ ရုံတင်တာများတတ်ပြီး Disaster Movie တွေကို ရုံတွေမှာ ကြည့်ရခဲတာမို့ Action/Thriller ကြိုက်တဲ့သူတွေ ရုံမှာ အမီကြည့်သင့်ပါတယ်။ CGI ကလည်း Hollywood ရုပ်‌‌ရှင်‌တွေနီးနီး မလျော့ဘဲ သုံးထားတာတွေ့ရပါတယ်။ ဇာတ်လမ်းက ထိထိမိမိရှိပြီး ကြည့်ပြီးရင်လည်း စွဲကျန်နေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။

Credit Review

Zawgyi

လြန္ခဲ့တဲ့လ အနည္းငယ္ကတည္းက Cast အင္အားေတာင့္ေတာင့္နဲ႔ ပရိသတ္ေတြၾကား စိတ္ဝင္စားမႈခံခဲ့ရတဲ့ ကိုရီးယား ႐ုပ္ရွင္ Ashfall ထြက္ရွိလာပါၿပီ။ ကိုရီးယား Box Office မွာလည္း ၾကည့္ရႈသူ ၈သန္းေက်ာ္ သြားၿပီလို႔ သိရပါတယ္။ ဒီလို Cast အင္အားေတာင့္ေတာင့္နဲ႔ ႐ိုက္ထားတဲ့ကားက ေကာင္းေကာင္းမေကာင္းေကာင္း ၾကည့္တဲ့သူရွိမွာေပမယ့္ ဒီေလာက္ထိ ၾကည့္ၾကတာေတာ့ နည္းနည္း ရွိန္ခ်င္စရာပါပဲ။ Plot ကေတာ့ ကိုရီးယားႏိုင္ငံရဲ႕ ေတာင္ပိုင္းေရာ ေျမာက္ပိုင္းေရာကို ၿခိမ္းေျခာက္လာတဲ့ ငလွ်င္အေပၚမွာ အေျခခံထားပါတယ္။ မီးေတာင္ေၾကာင့္ မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ ေျမေတြၿပိဳ၊ တိုက္ေတြၿပိဳရေလာက္တဲ့ 7 magnitude ေက်ာ္တဲ့ ငလွ်င္တစ္ခု လႈပ္ခတ္ရာကေန ဇာတ္လမ္းစပါတယ္။ ေနာက္ထပ္လည္း ငလွ်င္ သုံးႀကိမ္ထပ္လႈပ္ဦးမွာ ျဖစ္ၿပီး ေနာက္ဆုံးအေခါက္ လႈပ္တဲ့ ငလွ်င္ကိုသာ မတားႏိုင္ရင္ေတာ့ ေတာင္ေရာ ေျမာက္ေရာ ဘဝခါးသြားပါလိမ့္မယ္။ ဒါေၾကာင့္မို႔ ေနာက္ဆုံး ငလ်င္ ကို အခ်ိန္မီ တားႏိုင္ဖို႔ Suicide Mission ထမ္းေဆာင္ရပုံနဲ႔ ဒီ Mission မွာ ပါဝင္ပတ္သတ္တဲ့ သူေတြကို ႐ိုက္ျပသြားတာပါ။ ဆိုေတာ့ဗ်ာ Review ေလးစရေအာင္…

Plot က ႐ိုးတယ္။ Disaster ႐ုပ္ရွင္တိုင္း ဒီလို Plot မ်ိဳးပဲ။ ဇာတ္သိမ္း ဘယ္လိုဆိုတာေတာင္ ေျပာစရာမလိုပဲ ခန႔္မွန္းလို႔ရတယ္။ ဒါေပမယ့္ ဇာတ္လမ္းက အီမသြားဘဲ ေတာက္ေလွ်ာက္ ၾကည့္ရတာ တန္တယ္။ မထင္ထားတဲ့အခ်ိန္ဆို ဟာသေတြနဲ႔ ထေဖာက္တယ္။ အရမ္း Serious ျဖစ္ျပေနတာထက္စာရင္ ပရိသတ္ကို ခဏလြတ္လြတ္လပ္လပ္ အနားေပးတဲ့သေဘာမ်ိဳးေလးေၾကာင့္ ဇာတ္လမ္းကို ၾကည့္ရတာ မပ်င္းသြားဘူး။ ေနာက္တစ္နည္းေျပာရရင္ ဇာတ္ကို မသိမသာေလး ဆြဲဆန႔္သြားတယ္ေပါ့ဗ်ာ။ Drama ေလးေတြပါ ထထခ်ိဳးလိုက္ေသးတယ္။ မိုက္ပါတယ္ဗ်ာ။ တကယ္ၾကည့္ရတာ အဆင္ေျပပါတယ္။ Cast က ျမန္မာပရိသတ္ေတြ မစိမ္းတဲ့သူေတြပါပဲ။ Iris ထဲက Lee Byun Hun၊ မၾကာခင္မွာ Marvel မွာ ျမင္ရေတာ့မယ့္ ဖက္တီးမင္းသား Dong Lee၊ Along with the Gods ရဲ႕ Ha Jung Wo၊ ေယာက္်ားေလး မိန္းကေလး အားလုံးရဲ႕ အသည္းစြဲ Suzy တို႔ အသီးသီး ပါဝင္ထားပါတယ္။ အက္ရွင္ကား ႀကိဳက္တတ္တဲ့သူေတြ၊ ေျမေတြကြဲ တိုက္ေတြၿပိဳေတြၾကားကေန အသက္လုေျပးရတာမ်ိဳး ရင္တမမ ၾကည့္ရတဲ့သူေတြ အတြက္ေတာ့ လက္မလႊတ္သင့္ပါဘူးဗ်။ Lee Byung Hun ကေတာ့ Lee Byung Hun ပါပဲ။ ဒီဘဲႀကီးက အသက္သာႀကီးသြားတယ္ အခုထိ ၾကမ္းေနဆဲပါပဲ။ ဒီဇာတ္ကားထဲမွာ ေျမာက္ပိုင္းသား double agent Ri Jun Pyung အေနနဲ႔ ေတြ႕ရမွာပါ။ တကယ္ကို Keanu Reeves ကိုရီးယား ဗားရွင္းပါ။ တစ္ခုပါပဲ။ တစ္ခ်က္တစ္ခ်က္ လိုတာထက္ပိုၿပီး ကိုရီးယားကားဆန္ကာ နည္းနည္း ေပါေတာေတာ လုပ္တာေလးကလြဲရင္ အဆင္ေျပပါတယ္။

ဒါေပမယ့္လည္း ငလွ်င္လႈပ္ၿပီး အကုန္ေသမလား ရွင္မလား ျဖစ္ေနတဲ့သူေတြကို အရမ္း Serious ျဖစ္ျပရင္ အနည္းနဲ႔ အမ်ား ပ်င္းဖို႔ေကာင္းသြားမွာမို႔ လုပ္တတ္တဲ့ပုံစံမို႔ အျပစ္လို႔ ေျပာရေလာက္ေအာင္ေတာ့ မဟုတ္ပါဘူး။ Ha Jung Wo ကေတာ့ ေတာင္ပိုင္းက ဗုံး Specialist Cho In Chang ပါ။ ေျမာက္ပိုင္းကို ဗုံး Specialist အေနနဲ႔ ဖုံးဖယ္ဖို႔ န်ဴးကလိယေတြ ကိုင္တြယ္ဖို႔ သြားတာ ျဖစ္ေပမယ့္ အေျခအေန တစ္ခုေၾကာင့္ ကိုယ္တိုင္ ေရွ႕ကေန တိုက္ဖို႔ ျဖစ္လာပါတယ္။ ဒီဇာတ္ကားမွာ Lee Byung Hun နဲ႔ သူက အကၡရာပါပဲ။ သူတို႔ႏွစ္ေယာက္က Hitman’s Bodyguard ထဲက Michael နဲ႔ Daris ေနာက္ၿပီး Hobbs နဲ႔ Shaw တို႔လို တြဲလုံးပါ။ နည္းနည္းေတာ့ Serious ျဖစ္တဲ့ ပုံစံမ်ိဳးနဲ႔ေပါ့ဗ်ာ။ Serious မျဖစ္လို႔လည္း မရဘူးေလ။ Captain Cho ကလည္း သူ႔မိန္းမက ဗိုက္တစ္လုံးနဲ႔ က်န္ခဲ့တဲ့ ဒီ Mission ၿပီးမွ အိမ္ျပန္ရမွာ။ Mission ၿပီးဖို႔ကလည္း ေနာက္ဆုံး ငလ်င္ကို တားၿပီး အခက္အခဲေတြၾကားကေန ရွင္သန္ႏိုင္မွ။ Dong Lee နဲ႔ Suzy တို႔ကို အမ်ားႀကီး မွန္းထားတဲ့ သူေတြကိုေတာ့ စိတ္မေကာင္းပါဘူး။ Dong Lee ကို ခါတိုင္းျမင္ေနၾကလို တိုက္ခိုက္ေနတဲ့ အက္ရွင္မင္းသားပုံစံ မဟုတ္ဘဲ ေခါင္းေျခာက္ေနတဲ့ Scientist အေနနဲ႔ ေတြ႕ရမွာပါ။ Suzy ကေတာ့ Captain Cho ရဲ႕ ကိုယ္ဝန္သည္ ဇနီး Ji Young ပါ။ သူကေတာ့ ဒီဇာတ္လမ္းမွာ ပါဝင္ရတဲ့ ဇာတ္ဝင္ခန္းနည္းလို လုပ္ကြက္လည္း သိပ္မရွိပါဘူး။ ဘာပဲျဖစ္ျဖစ္ သ႐ုပ္ေဆာင္ေတြဘက္က တာဝန္ေက်ပါတယ္။ ကိုရီးယားရဲ႕ A-list သ႐ုပ္ေဆာင္ေတြဆိုတာ ႏွစ္ခါ ေျပာေနစရာ မလိုပါဘူး။ အသံပိုင္းပိုင္းကိုလည္း ခ်ီးက်ဴးခ်င္ပါတယ္။ Disaster Movie ျဖစ္တာမို႔ တိုက္ေတြၿပိဳ၊ ေျမေတြၿပိဳ ဝုန္းဒိုင္း ဝုန္းဒိုင္း မေနဘူး။ ေတာ္႐ုံသင့္႐ုံေလာက္ပဲ။ Accident ျဖစ္လို႔ နားအူသြားတဲ့ ပုံစံမ်ိဳး ျပတာေတာင္ အသံႀကီးကို စူးေနေအာင္ မထည့္ေပးထားပါဘူး။ တစ္ဖက္မွာ Mission လုပ္ေနတဲ့ Captain Cho နဲ႔ Agent Ri တို႔ကို ျပတယ္ ေနာက္တစ္ဖက္ကလည္း အေမရိကန္သားႀကီး Robert ကိုလည္း ျပတယ္။ Agent Ri ကလည္း သူ႔အေၾကာင္းကို ျပခ်င္ေသးတယ္။ Spoiler-free မို႔ တစ္ျခားဟာေတြေတာ့ ထည့္မေျပာေတာ့ပါဘူး။

အျပမ်ားသြားလို႔ အစပိုင္းမွာ နည္းရႈပ္ေန‌ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဆင္ေျပသြားပါတယ္။ ဒါေလးကလည္း အမွားႀကီးလို႔ ေျပာလို႔မရတဲ့ အမွားတစ္ခုပါပဲ။ ဆိုေတာ့ အဆုံးသတ္အႏွစ္ခ်ဳပ္ရေအာင္ဗ်ာ။ Ashfall ကို ဘယ္လိုလူေတြ ၾကည့္သင့္လဲ..? သ႐ုပ္ေဆာင္ေတြႀကိဳက္ရင္လည္း ၾကည့္သင့္ပါတယ္။ ေနာက္ၿပီး Action, Horror ေတြပဲ ႐ုံတင္တာမ်ားတတ္ၿပီး Disaster Movie ေတြကို ႐ုံေတြမွာ ၾကည့္ရခဲတာမို႔ Action/Thriller ႀကိဳက္တဲ့သူေတြ ႐ုံမွာ အမီၾကည့္သင့္ပါတယ္။ CGI ကလည္း Hollywood ႐ုပ္‌‌ရွင္‌ေတြနီးနီး မေလ်ာ့ဘဲ သုံးထားတာေတြ႕ရပါတယ္။ ဇာတ္လမ္းက ထိထိမိမိရွိၿပီး ၾကည့္ၿပီးရင္လည္း စြဲက်န္ေနမယ့္ ဇာတ္ကားမ်ိဳး ျဖစ္ပါတယ္။

Credit Review

Ashfall (2019)
Ashfall (2019)
Ashfall (2019)
Ashfall (2019)
Ashfall (2019)
Ashfall (2019)

No downloads available

Related movies