M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Midnight Special (2016)
Report error

Report error



Unicode

ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။

ရှိတဲ့ budget နဲ့ sci-fi genre ကို ဒီလောက်အဆင့်ထိ ဖန်တီးနိုင်တာ သက်ဆိုင်သူတွေ တော်တော် တော်ကြပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာ writer အဖြစ်ရော ဒါရိုက်တာအဖြစ်ရော တာဝန်ယူထားတဲ့ Jeff Nichols ပေါ့။ ဒီဇာတ်ကား စကြည့်ဖြစ်တဲ့ အကြောင်းအရင်းကလည်း သူနဲ့ သရုပ်ဆောင်တွေကြောင့်လို့ ဆိုရမှာပါ။ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေပါရင် ဘာကားဖြစ်ဖြစ် အမြဲတမ်းလိုလို ကြည့်ရတာ စိတ်ကျေနပ်မှုရပါတယ်။ သရုပ်ဆောင်တွေက Michael Shannon, Joel Edgerton, Adam Driver, Kristen Dunst တို့ပါ။ အဓိက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ ကလေးအပါအဝင် သူတို့ အားလုံး အကောင်းဆုံး သရုပ်ဆောင်သွားကြပါတယ်။ ပြီးတော့ ရုပ်ရှင်နည်းပညာပိုင်းကလဲ ဘက်ဂျက်နဲ့ ယှဉ်လိုက်ရင် ချွင်းချက်မရှိ သာပါတယ်။ အထူးသဖြင့် Cinematography နဲ့ အသုံးပြုတဲ့ effect တွေဟာ အတော်ကောင်းမွန်တာ တွေ့ရပါတယ်။ အသံပိုင်းကလဲ ဇာတ်လမ်းနဲ့လိုက်အောင် thrill ဖြစ်လှပါတယ်။ ကျနော့်အဖို့တော့ အဘက်ဘက်က ပြောစရာမရှိအောင် တော်တော် ကောင်းမွန်တဲ့ budget အသင့်တင့် sci-fi thriller တစ်ကားပါ။ ဇာတ်လမ်းအကြောင်းကိုတော့ မပြောချင်ပါဘူး။ နောက်ပြီး thriller ဖြစ်တာကြောင့် မသိဘဲ ကြည့်တာ ပိုကောင်းပါတယ်။ sci-fi ရောထားပေမယ့်လဲ နားလည်ရခက်တဲ့ လိုက်မမှီတဲ့ science facts တွေ မပါတော့ ဘာမှသိမထားပဲ ကြည့်တာ ပြဿနာမရှိပါဘူး။ ကျနော်ဆို ထရေလာတောင် မကြည့်ခဲ့ပါဘူး။

အထူသဖြင့် Jeff Nichols အရင်ဖန်တီးခဲ့တဲ့ drama thriller တွေဖြစ်တဲ့ Shotgun Stories, Mud, Take Shelter တို့ ကြည်ဖူးတဲ့သူတွေ Midnight Special ကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြပါ။ ဇာတ်ကားကို ကြိုက်မှာ သေချာသလို Jeff ကိုလဲ ပိုပြီး နှစ်သက်လာစေမှာ သေချာပါတယ်။ ဇာတ်ကားက အရမ်းကြီးကောင်းတယ်လို့တော့ မညွှန်းချင်ပါဘူး၊ ဒါပေမယ့် ဒီ budget နဲ့ ဒီလိုကားမျိုးဟာ ကျနော်အဖို့ special ဖြစ်နေတာတော့ အမှန်ပါ။ တစ်နေ့က ကြည့်ခဲ့တဲ့ 10 Cloverfield Lane လဲ ဘက်ဂျက် အသင့်တင့်နဲ့ အတော် သာမွန်တဲ့ sci-fi thriller တစ်ကားပါ။ MIdnight Specail မှာတော့ သူ့ထက် ပိုကြီးမားတဲ့ set အပြင်အဆင်တွေ ရိုက်ကူးရေးနည်းပညာတွေကြောင့် ပိုသဘောကျမိပါတယ်။ တချို့ sci-fi တွေဆိုရင် budget သန်းရာကျော် သုံးတာတောင် ချာတူးလန်တွေအများကြီးပါ ..

ကျနော်ကတော့ drama thriller တွေဘဲ ရိုက်လာတဲ့ ကိုယ်နှစ်သက်တဲ့ ဒါရိုက်တာ တစ်ယောက်ဆီက ဒီလို အဆင့်မြင့်တဲ့ indie sci-fi thriller ကားလေးဖြစ်မြောက်လာတာ ကျေးဇူးတောင် တင်မိပါတယ်။ Jeff ကတော့ သူ့ရဲ့ ဒါရိုက်တာ career revolution စပြီလို့ ဆိုရမှာပါ..။

Review Credit to – Kaung Suk Han

Zawgyi

ဇာတ္လမ္းအဖြင့္ကတည္းက ေသာက္ရမ္းလန္းပါတယ္။ sci-fi thriller ဆိုတာ ခဏေလးအတြင္းမွာဘဲ လုံလုံေလာက္ေလာက္ ခံစားလိုက္ရတယ္။ ဇာတ္လမ္း အသိမ္းပိုင္းမွာလည္း ျမင္လိုက္ရတဲ့ အရာေတြေၾကာင့္ ပါးစပ္ အေဟာင္းသား ျဖစ္ခဲ့ရတယ္။ တကယ္ေတာ့ တစ္ကားလုံးမွာ ဆန္းၾကယ္တာေတြ စိတ္လႈပ္ရွားစရာေတြနဲ႔ ထင္မွတ္မထားတာေတြ အျပည့္ပါ။ Midnight Special ဟာ sci-fi အေနနဲ႔ အေတာ္ စိတ္ဝင္စားစရာေကာင္းၿပီး thriller အေနနဲ႔ ေဖ်ာ္ေျဖမႈေတာ္ေတာ္ေပးနိုင္တဲ့ ကားေလးပါ။

ရိွတဲ့ budget နဲ႔ sci-fi genre ကို ဒီေလာက္အဆင့္ထိ ဖန္တီးနိုင္တာ သက္ဆိုင္သူေတြ ေတာ္ေတာ္ ေတာ္ၾကပါတယ္။ အထူးသျဖင့္ ဒီဇာတ္ကားမွာ writer အျဖစ္ေရာ ဒါရိုက္တာအျဖစ္ေရာ တာဝန္ယူထားတဲ့ Jeff Nichols ေပါ့။ ဒီဇာတ္ကား စၾကည့္ျဖစ္တဲ့ အေၾကာင္းအရင္းကလည္း သူနဲ႔ သရုပ္ေဆာင္ေတြေၾကာင့္လို႔ ဆိုရမွာပါ။ ကိုယ္ႀကိဳက္တဲ့ ဒါရိုက္တာ ကိုယ္ႀကိဳက္တဲ့ သရုပ္ေဆာင္ေတြပါရင္ ဘာကားျဖစ္ျဖစ္ အၿမဲတမ္းလိုလို ၾကည့္ရတာ စိတ္ေက်နပ္မႈရပါတယ္။ သရုပ္ေဆာင္ေတြက Michael Shannon, Joel Edgerton, Adam Driver, Kristen Dunst တို႔ပါ။ အဓိက ဇာတ္ေကာင္ေနရာမွာ သရုပ္ေဆာင္တဲ့ ကေလးအပါအဝင္ သူတို႔ အားလုံး အေကာင္းဆုံး သရုပ္ေဆာင္သြားၾကပါတယ္။ ၿပီးေတာ့ ရုပ္ရွင္နည္းပညာပိုင္းကလဲ ဘက္ဂ်က္နဲ႔ ယွဥ္လိုက္ရင္ ခြၽင္းခ်က္မရိွ သာပါတယ္။ အထူးသျဖင့္ Cinematography နဲ႔ အသုံးျပဳတဲ့ effect ေတြဟာ အေတာ္ေကာင္းမြန္တာ ေတြ႕ရပါတယ္။ အသံပိုင္းကလဲ ဇာတ္လမ္းနဲ႔လိုက္ေအာင္ thrill ျဖစ္လွပါတယ္။ က်ေနာ့္အဖို႔ေတာ့ အဘက္ဘက္က ေျပာစရာမရိွေအာင္ ေတာ္ေတာ္ ေကာင္းမြန္တဲ့ budget အသင့္တင့္ sci-fi thriller တစ္ကားပါ။ ဇာတ္လမ္းအေၾကာင္းကိုေတာ့ မေျပာခ်င္ပါဘူး။ ေနာက္ၿပီး thriller ျဖစ္တာေၾကာင့္ မသိဘဲ ၾကည့္တာ ပိုေကာင္းပါတယ္။ sci-fi ေရာထားေပမယ့္လဲ နားလည္ရခက္တဲ့ လိုက္မမွီတဲ့ science facts ေတြ မပါေတာ့ ဘာမွသိမထားပဲ ၾကည့္တာ ျပႆနာမရိွပါဘူး။ က်ေနာ္္ဆို ထေရလာေတာင္ မၾကည့္ခဲ့ပါဘူး။

အထူသျဖင့္ Jeff Nichols အရင္ဖန္တီးခဲ့တဲ့ drama thriller ေတြျဖစ္တဲ့ Shotgun Stories, Mud, Take Shelter တို႔ ၾကည္ဖူးတဲ့သူေတြ Midnight Special ကို မၾကည့္ရေသးရင္ ၾကည့္ျဖစ္ေအာင္ ၾကည့္ၾကပါ။ ဇာတ္ကားကို ႀကိဳက္မွာ ေသခ်ာသလို Jeff ကိုလဲ ပိုၿပီး နွစ္သက္လာေစမွာ ေသခ်ာပါတယ္။ ဇာတ္ကားက အရမ္းႀကီးေကာင္းတယ္လို႔ေတာ့ မၫႊန္းခ်င္ပါဘူး၊ ဒါေပမယ့္ ဒီ budget နဲ႔ ဒီလိုကားမ်ိဳးဟာ က်ေနာ္အဖို႔ special ျဖစ္ေနတာေတာ့ အမွန္ပါ။ တစ္ေန႔က ၾကည့္ခဲ့တဲ့ 10 Cloverfield Lane လဲ ဘက္ဂ်က္ အသင့္တင့္နဲ႔ အေတာ္ သာမြန္တဲ့ sci-fi thriller တစ္ကားပါ။ MIdnight Specail မွွာေတာ့ သူ႔ထက္ ပိုႀကီးမားတဲ့ set အျပင္အဆင္ေတြ ရိုက္ကူးေရးနည္းပညာေတြေၾကာင့္ ပိုသေဘာက်မိပါတယ္။ တခ်ိဳ႕ sci-fi ေတြဆိုရင္ budget သန္းရာေက်ာ္ သုံးတာေတာင္ ခ်ာတူးလန္ေတြအမ်ားႀကီးပါ ..

က်ေနာ္ကေတာ့ drama thriller ေတြဘဲ ရိုက္လာတဲ့ ကိုယ္နွစ္သက္တဲ့ ဒါရိုက္တာ တစ္ေယာက္ဆီက ဒီလို အဆင့္ျမင့္တဲ့ indie sci-fi thriller ကားေလးျဖစ္ေျမာက္လာတာ ေက်းဇူးေတာင္ တင္မိပါတယ္။ Jeff ကေတာ့ သူ႔ရဲ႕ ဒါရိုက္တာ career revolution စၿပီလို႔ ဆိုရမွာပါ..။

Review Credit to – Kaung Suk Han

Midnight Special (2016)
Midnight Special (2016)
Midnight Special (2016)
Midnight Special (2016)
Midnight Special (2016)
No downloads available

Related movies